ပုလို့နုတာပါလို့ပြောတဲ့ မိုးပြည့်ပြည့်မောင်




အလွမ်းခန်းတွေအဆွေးခန်းတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ရုံမကဘဲ မြန်မာအငြိမ့်အကကိုပါပိုင်ပိုင်နိုင်နိုင်ကနိုင်တဲ့မင်းသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ မိုးပြည့်ပြည့်မောင် ပါ။ သူနဲ့ 8Days မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာပြောဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြေပြပေးလိုက်ပါတယ်။

လတ်တလောလှုပ်ရှားမှုတွေကို “မိုးပြည့်လတ်တလောကတော့ သီချင်းဆိုတာ ခရီးသွားတာတွေပဲရှိသေးတာပါ ။အငြိမ့်ကတော့ နှင်းဆီအဖွဲ့ကရင်မိုးပြည့်ကတယ်။ ပြီးတော့နယ်တွေက အလှုပွဲဘာညာငှားရင်မိုးပြည့်ကတယ်။” လို့ပြောသွားပြီး နုပျိုမှုရဲ့လျှို့ဝှက်ချက်ကို အဓိကကတော့ပျော်ပျော်နေတယ်။ အမှန်ကတော့ ပုလို့နုတာပါ(ရယ်လျက်)အဲ့ဒီလိုပဲပြောရမလိုဖြစ်နေပြီ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ဆောင်နိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုလည်း “အဓိကကတော့ နားလည်မှုပါပဲ။သူ့အပေါ်နာလည်မှုရှိတယ်ဆိုရင်တကယ်လို့ကိုယ်မကြိုက်တဲ့ဟာတစ်ခုရှိနေရင်တောင် တစ်ယောက်တည်းကြိတ်ပြီးတော့ စိတ်တိုဝမ်းနည်းဒေါသထွက်နေမယ့်အစား ဒါဆိုရင်ဒီဟာမကြိုက်ဘူး
။နှစ်ယောက်ကပွင့်ပွင့်လင်းလင်ကြိုက်တာမကြိုက်တာကို ပွင့်ပွင့်လင်းလင်းပြောပြီးချပြပြီးအကောင်းဆုံးဖြေရှင်းရမယ်။ ရန်ဖြစ်တာတွေ စိတ်ကောက်တာတွေမိုးပြည့်ကမကြိုက်ဘူး ။မိုးပြည့်ကနည်းနည်းစိတ်ကယောက်ျားလေးဆန်တော့ သူ့ကိုပွင့်ပွင့်လင်းလင်းနဲ့အကောင်းဆုံးပဲဖြေရှင်းပေးတယ်။ဥပမာနောက်ကျတယ်ဆိုရင်တောင်ဘာကြောင့်နောက်ကျတယ်။သိအောင်လုပ်ပြီး နားလည်မှုအဓိကယူတယ်ဆိုရင်ပဲ ။ အဓိကနားလည်ပြီးကိုယ်ချင်းစာစိတ်နဲ့ အရာအားလုံးကပြီးသွားမှာပဲ ခဏပါပဲ အဓိကအရေးကြီးတာက သူကလည်းကိုယ့်အပေါ်မှာနားလည်တယ်ဆိုရင်ဒီအိမ်ထောင်ရေးကအဆင်ပြေပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

Recent Updates

Recent Posts Widget