










Credit \Orignal
မီးသတ်တပ်ဖွဲ့ရုံးနားကို ကားမရပ်ခင်ကတည်းက ကားတံခါးခေါက်ပြီး လာပြောရင် တုတ်မှာဆိုပြီး ကြုံးဝါးနေတဲ့ ဗွီဒီယိုဖိုင်ထွက်လာ

ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ နဲ့ အချင်းများခဲ့တဲ့ ကားပိုင်းရှင် ဆရာဝန်မ Mya Wut Yee အကောင့်ပိုင်ရှင် ရဲ့ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ အချင်းမပွားမှီ အချိန်လို့ယူဆရတဲ့ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ထိုဗွီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့် ဆရာဝန်မ ဆိုသူ Mya Wut Yee အကောင့်ပိုင်ရှင်သည် မီးသတ်တပ်ဖွဲ့ရုံးအနီးသို့ မရောက်မီကတည်းက ရန်တွေ့ရန် ကြိုတင်စိတ်ကူးထားသည်ဟု ယူဆရပါသည်။

မီးသတ်တပ်ဖွဲ့ရုံးအနီးသို့ ကားမရပ်ရဘူးဆိုတာကိုလည်းသိနေပြီးဖြစ်ပါတယ်။ အရင်ကလည်း ရပ်ခဲ့မိဖူးတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက ကားတံခါးကို ခေါက်ပြီး မီးသတ်တပ်ဖွဲ့ရုံးအနီးကားမရပ်ရကြောင်းကို ကားတံကားမှန်ကို ခေါက်ကာ အသိပေးပြောထားခဲ့ကြောင်း ထိုအမျိုးသမီးကိုယ်တိုင်ပြောဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ထိုအမျိုးသမီး ဆရာဝန်မဆိုသူမှ မီသတ်တပ်ဖွဲ့ရုံးမှ မီးသတ်တပ်ဖွဲ့ဝင် လူတစ်ယောက်ယောက် ကားတံခါးကိုလာခေါက်ပြီး ကားမရပ်ရကြောင်းလာပြောမယ်ဆိုတာကို ကြိုသိပြီးသားဖြစ်ပါတယ်။

ဒီတစ်ခါလာပြောရင် တုတ်မှာဟု ဗွီဒီယိုဖိုင်မှာ ကြုံးဝါးထားတာကို တွေ့ရပါသည်။

Recent Updates

Recent Posts Widget