ပဲခူးတိုင်းဝန်ကြီးချုပ်သားကို ဓားဖြင့်ထောက် ခြိမ်းခြောက် သူနှစ်ဦးကို သုံးနာရီအတွင်းဖမ်းမိ




ပဲခူးတိုင်းဝန်ကြီးချုပ်သားကို ဓားဖြင့်ထောက် ခြိမ်းခြောက် သူနှစ်ဦးကို သုံးနာရီအတွင်းဖမ်းမိ
ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ယနေ့ ညနေ ၃ နာရီ ၃၀အချိန်ခန့်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၏သား ဖြစ်သူကို လူငယ်နှစ်ဦးက ဓားဖြင့်ထောက်ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့မ ရဲစခန်းမှတာဝန်ရှိသူများနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက နန်းတော်ရာအနီးအနားရှိ CCTV မှတ်တမ်းမှတစ်ဆင့် တရားခံအား လိုက်လံစုံစမ်းရာ

ယနေ့ညနေ ၆ နာရီ ၃၀ ခန့်တွင် ပုဏ္ဏားစုရပ်ကွက် မြစိမ်းရောင်စေတီ အနောက်ဘက်ရှိ ချုံနွယ်များအတွင်း မင်းထက်သာ နှင့် သူရိန်ထွန်း တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရာတွင် တရားခံဟုယူဆရသူ နှစ်ဦးကဓားဖြင့် ပြန်လည်ခုခံသောကြောင့်နယ်ထိန်းအင်ချက်၊ နယ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရကြောင်းတွေ့ရှိရသည်။
Credit


Recent Updates

Recent Posts Widget