“ရန္ကုန္ျမိဳ႕မွ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအလိုက္ နာမည္ႀကီးလူမိုက္မ်ားႏွင့္ ၎တို႔၏ ေနာက္လိုက္မ်ား”
ရန္ကုန္ၿမိဳ႕တြင္ ၂၀၀၁ ခုႏွစ္ ေနာက္ပိုင္း စေကာ္ပီယံကဲ့သို႔ နာမည္ႀကီးဂိုဏ္းမ်ားကို သက္ဆိုင္ရာက ၿဖိဳခြင္းခဲ့သျဖင့္ ၿငိမ္သက္သြားခဲ့သည္။ သို႔ေသာ္လည္း ၂၀၀၈ ခုႏွစ္ေနာက္ပိုင္းတြင္ လူမိုက္အဖြဲ႕မ်ားမွာ ပုံစံတစ္မ်ိဳးျဖင့္ ျပန္လည္အားေကာင္းလာခဲ့သည္။သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအလိုက္ နာမည္ႀကီးလူမိုက္မ်ားႏွင့္ ၎တို႔၏ ေနာက္လိုက္မ်ားက အုပ္စုဖြဲ႕ ျပန္လည္ စိုးမိုးလာၾကသည္။
လူမိုက္အဖြဲ႕မ်ားသည္ ေကတီဗီ၊ အႏွိပ္ခန္း၊ ျပည့္တန္ဆာ အစရွိေသာ လုပ္ငန္းမ်ားကို အကာအကြယ္ေပးျခင္း အျပင္ ယခုေနာက္ပိုင္းတြင္ အေႂကြးေတာင္းေပးျခင္း၊ အငွားလူရိုက္ေပးျခင္း ၊ ကားျဖင့္ တိုက္ေပးျခင္း၊ လူစားဝင္ေပးျခင္းအျပင္ လူသတ္ေပးျခင္းတို႔အထိ တြင္က်ယ္လာခဲ့သည္။
အထူးသျဖင့္ ဆင္ေျခဖုံးၿမိဳ႕နယ္မ်ားျဖစ္ေသာ သာေကတ၊ ေရႊျပည္သာ၊ လွိုင္သာယာတို႔တြင္ နာမည္ေက်ာ္ လူမိုက္မ်ား ႀကီးစိုးလာခဲ့သည္။ေတာင္ဒဂုံတြင္ျမင့္ႏွိင္ ျမင့္ေရႊ သီရီမဂၤလာေစ်းတြင္ စေန စန္းဦး သာေကတတြင္ ျမင့္ေအာင္၊ ေနမ်ိဳးေအာင္၊ ဝင္းထြဋ္ဝင္း၊ တင္လင္းထိုက္ (ခ) ထိုက္ထိုက္၊ လွိုင္သာယာတြင္ျမင့္စိန္ မျပားႀကီး ေအာင္စိုးေလး၊ ဝင္းနိုင္ စိုးႀကီး ခင္စိန္ ေဒါင္းမေလးစေသာ နာမည္ေက်ာ္ တစ္ပိုင္စားလူမိုက္မ်ား ေပၚေပါက္ခဲ့သည္။
၂၀၁၀ မွ ၂၀၁၅ ခုႏွစ္အတြင္း ဆင္ေျခဖုံးေဒသမ်ားတြင္ က်ဴးေက်ာ္ကိစၥမ်ား ေပၚေပါက္လာခဲ့ၿပီး အစိုးရ ကိုင္တြယ္မရသည့္ က်ဴးေက်ာ္ျပသနာအခ်ိဳ႕တြင္ လုပ္ငန္းရွင္မ်ားက နယ္ေျမခံလူမိုက္အဖြဲ႕မ်ား ကို အားကိုးလာၾကသည္။
သို႔ေသာ္ထူးျခားသည္က ထိုက်ဴးေက်ာ္မ်ားကို ရွင္းလင္းေပးသည္က နယ္ေျမခံလူမိုက္အဖြဲ႕မ်ား ျဖစ္သကဲ့သို႔ က်ဴးေက်ာ္ၾကသူမ်ားမွာလည္း ထိုလူမိုက္အဖြဲ႕မ်ားႏွင့္ ပတ္သက္သူမ်ား ျဖစ္ေနျခင္းပင္။
က်ဴးလူမိုက္မ်ား ဆိုသည့္ စကားသည္ ဆင္ေျခဖုံးေဒသမ်ားတြင္ ထြန္းကားခဲ့ၿပီး က်ဴးေက်ာ္အျဖစ္ေနထိုင္ၿပီး ဖယ္ရွားေပးရသည့္အခါ ေလ်ာ္ေၾကးယူသည့္ စီးပြားေရးပင္ ေပၚထြန္းလာခဲ့သည္။ အဆိုပါကိစၥမ်ားသည္ လွိုင္သာယာတြင္မူ နာမည္ႀကီးသည္။ ဥပေဒစိုးမိုးမွုကို မခံစားၾကရသည့္ ေဒသခံတို႔မွာလည္း လူမိုက္တို႔ အေၾကာင္း ဟဟမၽွပင္ မဖြင့္ဟရဲၾက။ထိုအေလ့အထႏွင့္အတူ လူမိုက္ဂိုဏ္းမ်ားမွာ ေငြေၾကးႂကြယ္ဝလာၾကၿပီး နိုင္ငံ၏ ထိပ္ပိုင္းသူေဌးမ်ား၊ အာဏာပိုင္အခ်ိဳ႕၏ လက္စြဲေတာ္မ်ားျဖစ္လာၾကသည္ဟု အဆိုပါေလာကႏွင့္ နီးစပ္ခဲ့သူ ေရႊျပည္သာၿမိဳ႕နယ္ေန လူငယ္တစ္ဦးက ဆိုသည္။
လူမိုက္တို႔၏ ေနာက္ထပ္ ဆုံစည္းရာ ေနရာမွာ ၾကက္တိုက္သည့္ ေလာင္းကစားဝိုင္းမ်ားျဖစ္သည္။ ထိုေလာင္းကစားဝိုင္းမ်ားတြင္ သန္းႏွင့္ခ်ီေသာ ေလာင္းေၾကးမ်ား ပါဝင္တတ္ၿပီး နာမည္ေက်ာ္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္မ်ားပင္ လာေလ့ရွိၾကသည္။ လူမိုက္အဖြဲ႕မ်ားသည္ သူ႔အပိုင္စားအလိုက္ ၾကက္ဝိုင္းမ်ား က်င္းပ ေလ့ရွိၾကၿပီး ဝင္ေငြရွာေလ့ရွိၾကျပန္သည္။
၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလက ျဖစ္ပြားခဲ့ေသာ နာမည္ေက်ာ္ ေျမာက္ဥကၠလာပ လူသတ္မွုသည္ အခေၾကးေငြျဖင့္ လူသတ္ေပးေသာ ေၾကးစားလူမိုက္မ်ားစြာ ပါဝင္ခဲ့သည့္ အမွုတစ္ခုျဖစ္သည္။ အဆိုပါအမွုတြင္ ကိုေက်ာ္မင္းဆိုသူအား သတ္ေပးရန္အတြက္ လူမိုက္မ်ားက ေငြက်ပ္ သိန္း ၉၀ အခေၾကးေငြ အျဖစ္ ရယူကာ လက္ခံခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည
ကြဲ႐ုံဆို တစ္သိန္း၊ က်ိဳး႐ုံဆို သုံးသိန္း အစခ်ီၿပီး တစ္ဖက္သားအေပၚ ကိုယ္ျဖစ္ခ်င္တဲ့ အေနအထားကို ေဈး စကားေျပာၿပီး ညႇိလို႔ရတယ္။ အေပ်ာက္ရွင္းရင္ကေတာ့ သူ႔ေဈးနဲ႔သူ ဆိုၿပီး အသီးသီး သတ္မွတ္ထားပါတယ္။ အေပ်ာက္ရွင္းရင္ေတာင္ ေပးရတာ သိန္းတစ္ရာ မေက်ာ္ပါဘူး”ဟု ေၾကးစားလူမိုက္ငွားရမ္းခႏွုန္းထားမ်ားႏွင့္ ပတ္သက္ၿပီး ကိစၥတစ္ခုတြင္ ေၾကးစားလူမိုက္မ်ားအား ခ်ိတ္ဆက္ငွားရမ္းခဲ့ဖူးသူ လမ္းမေတာ္ၿမိဳ႕နယ္မွ အသက္ ၂၇ ႏွစ္ အရြယ္ ကိုရဲလင္းက ရွင္းျပသည္။{®}လူမိုက္အဖြဲ႕မ်ား၏ အျခားဝင္ေငြရွာေဖြေသာ လုပ္ငန္းတစ္ခုမွာ ျပစ္မွုက်ဴး လြန္သူမ်ားကို လူစားလဲၿပီး အမွု ရင္ဆိုင္ ေပးျခင္းျဖစ္သည္။
သိန္းႏွစ္ဆယ္ ေပးခဲ့ရပါတယ္။ ယာဥ္တိုက္မွုမွာပါ။ ကိုယ္က ေထာင္ထဲ မေနခ်င္ေတာ့လည္း တန္တယ္လို႔ပဲ ယူဆပါတယ္” ဟု ယာဥ္တိုက္မွုတစ္ခုတြင္ လူစားထိုးရန္ ငွားရမ္းခဲ့ဖူးသူ မရမ္းကုန္းၿမိဳ႕နယ္မွ ကိုစိုင္းေနာင္ (အမည္လႊဲ) က ေျပာျပသည္ ။
ကိုစိုင္းေနာင္သည္ ရန္ကုန္ၿမိဳ႕တစ္ေနရာတြင္ ယာဥ္တိုက္မွုတစ္ခု ျဖစ္ပြားရာတြင္ တိုက္ခံရသူမွာ ေသဆုံးသြား ခဲ့ၿပီးေနာက္ ယာဥ္ကို ေမာင္းေျပးလာခဲ့ေၾကာင္း၊ ထို႔ေနာက္ ေျမာက္ဥကၠလာၿမိဳ႕နယ္ရွိ လူမိုက္အုပ္စုတစ္စုႏွင့္ ဆက္သြယ္မိကာ ကိုစိုင္းေနာင္အစား လူမိုက္အဖြဲ႕ဝင္တစ္ဦးက တရားခံအျဖစ္ ရဲစခန္းတြင္ သြားေရာက္ အဖမ္းခံခဲ့ေၾကာင္း ၎က ဆိုသည္။
ထိုအတြက္ လူမိုက္အဖြဲ႕ကို က်ပ္သိန္းႏွစ္ဆယ္ေပးခဲ့ရၿပီး လူစားလဲ အဖမ္းခံေပးသူ၏ တရားစရိတ္ႏွင့္ ေထာင္တြင္းစရိတ္မ်ားကို က်ခံေပးခဲ့ရေၾကာင္း ကိုစိုင္းေနာင္က ဆိုသည္။
ဩဂုတ္လ ၂၈ ရက္ေန႔ ေန႔လယ္ခင္းကလည္း သာေကတၿမိဳ႕နယ္ (၁၀) ေတာင္ (၁၃) ရပ္ကြက္ ခိုင္ေရႊဝါလမ္း ေပၚတြင္ နာမည္ေက်ာ္ လူမိုက္အုပ္စု ႏွစ္စုၾကား မင္းမဲ့စရိုက္ဆန္ေသာ ခိုက္ရန္ ျဖစ္ပြားမွုတစ္ခု ျဖစ္ပြားခဲ့သည္။
အဆိုပါျဖစ္စဥ္တြင္ ပါဝင္သူမ်ားမွာ သာေကတၿမိဳ႕နယ္အတြင္းမွ နာမည္ႀကီး လူမိုက္ျမင့္ေအာင္အဖြဲ႕ႏွင့္ ေနမ်ိဳးေအာင္၏ လူမိုက္အဖြဲ႕အသစ္တို႔ၾကား ဗိုလ္လုၾကျခင္းျဖစ္ေၾကာင္း သာေကတၿမိဳ႕နယ္ (၁၀) ေတာင္ရပ္ကြက္ေနသူ ရပ္မိရပ္ဖ တစ္ဦးက ေျပာျပသည္။
အဆိုပါျဖစ္စဥ္တြင္ ပါဝင္သူမ်ားမွာ သာေကတၿမိဳ႕နယ္အတြင္းမွ နာမည္ႀကီး လူမိုက္ျမင့္ေအာင္အဖြဲ႕ႏွင့္ ေနမ်ိဳးေအာင္၏ လူမိုက္အဖြဲ႕အသစ္တို႔ၾကား ဗိုလ္လုၾကျခင္းျဖစ္ေၾကာင္း သာေကတၿမိဳ႕နယ္ (၁၀) ေတာင္ရပ္ကြက္ေနသူ ရပ္မိရပ္ဖ တစ္ဦးက ေျပာျပသည္။
အဆိုပါရန္ပြဲတြင္ လူမိုက္အဖြဲ႕တစ္ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူက ေသနတ္ႏွစ္ခ်က္ပစ္ေဖာက္ခဲ့သည္ဟု ရပ္ကြက္ေန ျပည္သူမ်ားက ေျပာၾကားသည္။ သို႔ေသာ္လည္း သာေကတၿမိဳ႕နယ္ နယ္ေျမ(၁) ရဲစခန္းကမူ ေဗ်ာက္အိုးေဖာက္သံသာ ျဖစ္ေၾကာင္း သတင္းမီဒီယာမ်ားသို႔ ျပန္လည္ရွင္းလင္းခဲ့သည္။
သနတ္ပစ္ေဖာက္သည္ဟု လူအမ်ားက ယူဆခဲ့ေသာအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္သည္ ၿငိမ္းခ်မ္းေရး လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ DKBK ႏွင့္ ပတ္သက္မွုရွိသည္ဟု သာေကတၿမိဳ႕နယ္အတြင္း နာမည္ေက်ာ္သူတစ္ဦး ျဖစ္သည္။
သူ႔ေက်ာင္းသား၊ ကိုယ့္ေက်ာင္းသား အခ်င္းခ်င္း ၿငိၾကရာက ေခါင္းေဆာင္ေတြပါ ပါလာတဲ့သေဘာပါ။ နာမည္ ထြက္လာတဲ့ အဖြဲ႕သစ္နဲ႔ ရွိၿပီးသားအဖြဲ႕တို႔ အားစမ္းတဲ့ သေဘာလည္း ပါမွာေပါ့” ဟု သာေကၿမိဳ႕နယ္အတြင္း အဆိုပါႏွစ္ဖြဲ႕လုံးႏွင့္ နီးစပ္သူ ကိုေက်ာ္လင္းသူ(အမည္လႊဲ) က ေျပာျပသည္။
က်ာင္းသားဟူေသာ အသုံးအႏွုန္းသည္ လူမိုက္အဖြဲ႕မ်ားအတြင္း သုံးႏွုန္းေလ့ရွိေသာ ဗန္းစကားတစ္ခုလည္း ျဖစ္ၿပီး ေက်ာင္းသားဆိုသည္မွာ ရပ္ကြက္အတြင္း လူမိုက္ေခါင္းေဆာင္မ်ားက ေမြးထားေသာ လက္ရဲဇက္ရဲ လူငယ္ေလးမ်ား၊ ဆိုးသြမ္းခက္ထန္ေသာ လူငယ္ေလးမ်ား၊ ျပစ္မွုက်ဴးလြန္ဖူးသူ လူငယ္ေလးမ်ားကို ေခၚၾကျခင္း ျဖစ္သည္။
၂၀၁၅ ခုႏွစ္ အစိုးရသစ္တက္ၿပီးေနာက္ပိုင္းတြင္မူ သာေကတၿမိဳ႕နယ္ရွိ လူမိုက္အခ်ိဳ႕၏ လွုပ္ရွားမွုမ်ားမွာ နိုင္ငံေရးႏွင့္ ပါဝင္ပတ္သက္လာျပန္သည္။
တရားခံေျပးတစ္ဦးျဖစ္ၿပီး သာေကတၿမိဳ႕နယ္မွ နာမည္ႀကီးခ်ဲဒိုင္ လူမိုက္တစ္ဦးျဖစ္သူ တင္လင္းထိုက္သည္ ယခုအခါ ဖ်က္သိမ္းခဲ့ၿပီးေသာ အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ႕(မဘသ) ၏ အမာခံတစ္ဦး ျဖစ္ခဲ့ၿပီး ဆႏၵျပပြဲမ်ားတြင္ လူစုေပးရသူတစ္ဦးျဖစ္ေၾကာင္း ထိုရပ္ကြက္တြင္ ေနထိုင္သူမ်ားထံမွ သိရသည္။
၎သည္ ဆႏၵျပပြဲမ်ားတြင္ ေန႔စားႏွုန္းထားျဖင့္ လူငွားေပးရျခင္းကို ဝင္းထြဋ္ဝင္းကဲ့သို႔ လူမိုက္အဖြဲ႕မ်ားႏွင့္ ထပ္မံခ်ိတ္ဆက္လုပ္ေဆာင္ခဲ့သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒအႀကံေပး ဦးကိုနီ ေလယာဥ္ကြင္းတြင္ လုပ္ႀကံခံရေသာအမွုတြင္ ပတ္သက္ခဲ့ဖူးသူ နဂါးေလးသည္ ဝင္းထြဋ္ဝင္းႏွင့္ ခင္မင္ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦးလည္း ျဖစ္သည္။ ဝင္းထြဠ္ဝင္း၏ေနာက္တြင္ႀကံဖြတ္မွာ ဗိုလ္မွုးေဟာင္းတစ္ေယာက္ရွိသည္
၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ ညေန ၅ နာရီအခ်ိန္ တာေမြၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေသာ လူသတ္မွုတြင္ သာေကတၿမိဳ႕နယ္မွ နာမည္ေက်ာ္ လူမိုက္ဂိုဏ္းေခါင္းေဆာင္ ဝင္းထြဋ္ဝင္း ကိုယ္တိုင္ ပါဝင္လာခဲ့သည္။
ဝင္းထြဋ္ဝင္းသည္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ ညပိုင္းက တိုက္ခန္းပိုင္ဆိုင္မွုအျငင္းပြားေနေသာ အေနာ္ရထာလမ္းရွိ Pacific ဓာတ္ပုံတိုက္မွ ပိုင္ရွင္ျဖစ္သူ အသက္ ၅၄ ႏွစ္အရြယ္ အမ်ိဳးသားကို လမ္းမေတာ္ ၁၀ လမ္းတြင္ ျပန္ေပးဆြဲခဲ့သည့္အမွုတြင္ ေခါင္းေဆာင္အျဖစ္ ပါဝင္ခဲ့သူျဖစ္သည္။
စက္တင္ဘာ ၁၁ ရက္ေန႔က ရ၇၇ ဂိမ္းဆိုင္တြင္ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္သည္ ကေလးခ်င္းစကားမ်ားသည့္ ကိစၥမွ ျဖစ္ခဲ့သည္ဟု ထြက္ဆိုၾကေသာ္လည္း ေနာက္ကြယ္တြင္ မ်ားစြာေသာ အေၾကာင္းအရာမ်ားရွိေၾကာင္း လူမိုက္အဖြဲ႕မ်ားႏွင့္ ပတ္သက္ေနသည့္ အမည္မေဖာ္လိုသူမ်ားက ထုတ္ေဖာ္ေျပာဆိုၾကသည္။
အခင္းျဖစ္ပြားရာ ဂိမ္းဆိုင္မွာ ဝင္းထြဋ္ဝင္းလူမိုက္အဖြဲ႕၏ ေစာင့္ေရွာက္မွုေအာက္တြင္ရွိၿပီး တစ္လလၽွင္ ေစာင့္ေရွာက္ခ ရွစ္သိန္း ၊ ေဘာ္ဒါေၾကး တစ္သိန္း ေပးေဆာင္ရသည္။
အဆိုပါဆိုင္တြင္ လာေရာက္ကစားသူမ်ားတြင္ လူမိုက္အဖြဲ႕မ်ားပါဝင္ၿပီး နယ္ေျမခံ လူမိုက္စရွိသည့္ လူငယ္အခ်ိဳ႕ႏွင့္ လူမိုက္ဂိုဏ္းမ်ား၏ ကာလရွည္ၾကာ အၿငိဳးအေတးမွ ပြင့္ထြက္သြားသည့္ ရန္ပြဲျဖစ္ေၾကာင္း ခိုင္မာသည့္ သတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာဆိုသည္။
အဆိုပါ လူသတ္မွုတြင္ ပါဝင္ခဲ့သည့္ လူမိုက္အဖြဲ႕မ်ားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ေနာက္တစ္ေန႔ စက္တင္ဘာ ၁၂ ရက္ ညေနပိုင္း တာေမြတရား႐ုံးတြင္ ခ်ဳပ္ရက္ ရမန္ယူရာတြင္ အျခားအမွုတြဲမ်ားမွာ အခ်ဳပ္ယာဥ္မ်ားႏွင့္ ႐ုံးထုတ္လာၾကေသာ္လည္း နာမည္ေက်ာ္လူမိုက္ေခါင္းေဆာင္ ဝင္းထြဋ္ဝင္းမွာ ဇိမ္ခံယာဥ္ အေကာင္းစားျဖင့္ ႐ုပ္ရွင္ဆန္ဆန္ ႐ုံးထုတ္လာခဲ့သည္။
ပည္သူမ်ားအၾကား အဆိုပါျမင္ကြင္းသည္ အံ့ဩစရာျဖစ္ခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားကမူ လူမိုက္ ေခါင္းေဆာင္ႏွင့္ ဆက္ႏႊယ္သူမ်ားကိုပင္ က်ိဳးက်ိဳးႏြံႏြံ ဆက္ဆံေနၾကသည္ကို ေတြ႕ခဲ့ၾကရသည္။
ယခုေဆာင္းပါးပါ အခ်က္အလက္မ်ားသည္ ရန္ကုန္ၿမိဳ႕လူမိုက္ေလာက ေခၚ တစ္နည္းအားျဖင့္ ဇိုးေလာကႏွင့္ ပတ္သက္ခဲ့သူမ်ားထံမွရရွိသည့္ သတင္းအခ်က္အလက္မ်ားသာ ျဖစ္သည္။ တရား ဥပေဒစိုးမိုးမွုကို ေပၚေပၚထင္ထင္ စိန္ေခၚေနသည့္ လူမိုက္အဖြဲ႕မ်ား၏ ၿခိမ္းေျခာက္ရန္ျပဳမည္ကို စိုးရိမ္ေသာေၾကာင့္ သတင္းရင္းျမစ္မ်ားက အမည္ခံေျပာဆိုနိုင္ျခင္း မရွိၾကေပ။
မည္သို႔ပင္ဆိုေစ ျပည္သူလူထုအတြက္ ရန္ကုန္ရွိ လူမိုက္ဂိုဏ္းတို႔ နယ္ေျမလုစစ္ပြဲမ်ားႏွင့္ ၿခိမ္းေျခာက္မွုမ်ားသည္ တရားဥပေဒစိုးမိုးေရးအေပၚ ေမးခြန္းထုတ္စရာျဖစ္လာခဲ့သည္။
ဗက(က်ည္မင္းသိန္း)(အမွန္တရားဘက္ေတာ္သားမ်ားအုပ္စု)
Unicode Version
ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ် နောက်ပိုင်း စကော်ပီယံကဲ့သို့ နာမည်ကြီးဂိုဏ်းများကို သက်ဆိုင်ရာက ဖြိုခွင်းခဲ့သဖြင့် ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် လူမိုက်အဖွဲ့များမှာ ပုံစံတစ်မျိုးဖြင့် ပြန်လည်အားကောင်းလာခဲ့သည်။သက်ဆိုင်ရာမြို့နယ်များအလိုက် နာမည်ကြီးလူမိုက်များနှင့် ၎င်းတို့၏ နောက်လိုက်များက အုပ်စုဖွဲ့ ပြန်လည် စိုးမိုးလာကြသည်။
လူမိုက်အဖွဲ့များသည် ကေတီဗီ၊ အနှိပ်ခန်း၊ ပြည့်တန်ဆာ အစရှိသော လုပ်ငန်းများကို အကာအကွယ်ပေးခြင်း အပြင် ယခုနောက်ပိုင်းတွင် အကြွေးတောင်းပေးခြင်း၊ အငှားလူရိုက်ပေးခြင်း ၊ ကားဖြင့် တိုက်ပေးခြင်း၊ လူစားဝင်ပေးခြင်းအပြင် လူသတ်ပေးခြင်းတို့အထိ တွင်ကျယ်လာခဲ့သည်။
အထူးသဖြင့် ဆင်ခြေဖုံးမြို့နယ်များဖြစ်သော သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် နာမည်ကျော် လူမိုက်များ ကြီးစိုးလာခဲ့သည်။တောင်ဒဂုံတွင်မြင့်နှိင် မြင့်ရွှေ သီရီမင်္ဂလာဈေးတွင် စနေ စန်းဦး သာကေတတွင် မြင့်အောင်၊ နေမျိုးအောင်၊ ဝင်းထွဋ်ဝင်း၊ တင်လင်းထိုက် (ခ) ထိုက်ထိုက်၊ လှိုင်သာယာတွင်မြင့်စိန် မပြားကြီး အောင်စိုးလေး၊ ဝင်းနိုင် စိုးကြီး ခင်စိန် ဒေါင်းမလေးစသော နာမည်ကျော် တစ်ပိုင်စားလူမိုက်များ ပေါ်ပေါက်ခဲ့သည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ဆင်ခြေဖုံးဒေသများတွင် ကျူးကျော်ကိစ္စများ ပေါ်ပေါက်လာခဲ့ပြီး အစိုးရ ကိုင်တွယ်မရသည့် ကျူးကျော်ပြသနာအချို့တွင် လုပ်ငန်းရှင်များက နယ်မြေခံလူမိုက်အဖွဲ့များ ကို အားကိုးလာကြသည်။
သို့သော်ထူးခြားသည်က ထိုကျူးကျော်များကို ရှင်းလင်းပေးသည်က နယ်မြေခံလူမိုက်အဖွဲ့များ ဖြစ်သကဲ့သို့ ကျူးကျော်ကြသူများမှာလည်း ထိုလူမိုက်အဖွဲ့များနှင့် ပတ်သက်သူများ ဖြစ်နေခြင်းပင်။
ကျူးလူမိုက်များ ဆိုသည့် စကားသည် ဆင်ခြေဖုံးဒေသများတွင် ထွန်းကားခဲ့ပြီး ကျူးကျော်အဖြစ်နေထိုင်ပြီး ဖယ်ရှားပေးရသည့်အခါ လျော်ကြေးယူသည့် စီးပွားရေးပင် ပေါ်ထွန်းလာခဲ့သည်။ အဆိုပါကိစ္စများသည် လှိုင်သာယာတွင်မူ နာမည်ကြီးသည်။ ဥပဒေစိုးမိုးမှုကို မခံစားကြရသည့် ဒေသခံတို့မှာလည်း လူမိုက်တို့ အကြောင်း ဟဟမျှပင် မဖွင့်ဟရဲကြ။ထိုအလေ့အထနှင့်အတူ လူမိုက်ဂိုဏ်းများမှာ ငွေကြေးကြွယ်ဝလာကြပြီး နိုင်ငံ၏ ထိပ်ပိုင်းသူဌေးများ၊ အာဏာပိုင်အချို့၏ လက်စွဲတော်များဖြစ်လာကြသည်ဟု အဆိုပါလောကနှင့် နီးစပ်ခဲ့သူ ရွှေပြည်သာမြို့နယ်နေ လူငယ်တစ်ဦးက ဆိုသည်။
လူမိုက်တို့၏ နောက်ထပ် ဆုံစည်းရာ နေရာမှာ ကြက်တိုက်သည့် လောင်းကစားဝိုင်းများဖြစ်သည်။ ထိုလောင်းကစားဝိုင်းများတွင် သန်းနှင့်ချီသော လောင်းကြေးများ ပါဝင်တတ်ပြီး နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်များပင် လာလေ့ရှိကြသည်။ လူမိုက်အဖွဲ့များသည် သူ့အပိုင်စားအလိုက် ကြက်ဝိုင်းများ ကျင်းပ လေ့ရှိကြပြီး ဝင်ငွေရှာလေ့ရှိကြပြန်သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော နာမည်ကျော် မြောက်ဥက္ကလာပ လူသတ်မှုသည် အခကြေးငွေဖြင့် လူသတ်ပေးသော ကြေးစားလူမိုက်များစွာ ပါဝင်ခဲ့သည့် အမှုတစ်ခုဖြစ်သည်။ အဆိုပါအမှုတွင် ကိုကျော်မင်းဆိုသူအား သတ်ပေးရန်အတွက် လူမိုက်များက ငွေကျပ် သိန်း ၉၀ အခကြေးငွေ အဖြစ် ရယူကာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည
ကွဲရုံဆို တစ်သိန်း၊ ကျိုးရုံဆို သုံးသိန်း အစချီပြီး တစ်ဖက်သားအပေါ် ကိုယ်ဖြစ်ချင်တဲ့ အနေအထားကို ဈေး စကားပြောပြီး ညှိလို့ရတယ်။ အပျောက်ရှင်းရင်ကတော့ သူ့ဈေးနဲ့သူ ဆိုပြီး အသီးသီး သတ်မှတ်ထားပါတယ်။ အပျောက်ရှင်းရင်တောင် ပေးရတာ သိန်းတစ်ရာ မကျော်ပါဘူး”ဟု ကြေးစားလူမိုက်ငှားရမ်းခနှုန်းထားများနှင့် ပတ်သက်ပြီး ကိစ္စတစ်ခုတွင် ကြေးစားလူမိုက်များအား ချိတ်ဆက်ငှားရမ်းခဲ့ဖူးသူ လမ်းမတော်မြို့နယ်မှ အသက် ၂၇ နှစ် အရွယ် ကိုရဲလင်းက ရှင်းပြသည်။{®}လူမိုက်အဖွဲ့များ၏ အခြားဝင်ငွေရှာဖွေသော လုပ်ငန်းတစ်ခုမှာ ပြစ်မှုကျူး လွန်သူများကို လူစားလဲပြီး အမှု ရင်ဆိုင် ပေးခြင်းဖြစ်သည်။
သိန်းနှစ်ဆယ် ပေးခဲ့ရပါတယ်။ ယာဉ်တိုက်မှုမှာပါ။ ကိုယ်က ထောင်ထဲ မနေချင်တော့လည်း တန်တယ်လို့ပဲ ယူဆပါတယ်” ဟု ယာဉ်တိုက်မှုတစ်ခုတွင် လူစားထိုးရန် ငှားရမ်းခဲ့ဖူးသူ မရမ်းကုန်းမြို့နယ်မှ ကိုစိုင်းနောင် (အမည်လွှဲ) က ပြောပြသည် ။
ကိုစိုင်းနောင်သည် ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာတွင် တိုက်ခံရသူမှာ သေဆုံးသွား ခဲ့ပြီးနောက် ယာဉ်ကို မောင်းပြေးလာခဲ့ကြောင်း၊ ထို့နောက် မြောက်ဥက္ကလာမြို့နယ်ရှိ လူမိုက်အုပ်စုတစ်စုနှင့် ဆက်သွယ်မိကာ ကိုစိုင်းနောင်အစား လူမိုက်အဖွဲ့ဝင်တစ်ဦးက တရားခံအဖြစ် ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုအတွက် လူမိုက်အဖွဲ့ကို ကျပ်သိန်းနှစ်ဆယ်ပေးခဲ့ရပြီး လူစားလဲ အဖမ်းခံပေးသူ၏ တရားစရိတ်နှင့် ထောင်တွင်းစရိတ်များကို ကျခံပေးခဲ့ရကြောင်း ကိုစိုင်းနောင်က ဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ်ခင်းကလည်း သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါလမ်း ပေါ်တွင် နာမည်ကျော် လူမိုက်အုပ်စု နှစ်စုကြား မင်းမဲ့စရိုက်ဆန်သော ခိုက်ရန် ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများမှာ သာကေတမြို့နယ်အတွင်းမှ နာမည်ကြီး လူမိုက်မြင့်အောင်အဖွဲ့နှင့် နေမျိုးအောင်၏ လူမိုက်အဖွဲ့အသစ်တို့ကြား ဗိုလ်လုကြခြင်းဖြစ်ကြောင်း သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက်နေသူ ရပ်မိရပ်ဖ တစ်ဦးက ပြောပြသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများမှာ သာကေတမြို့နယ်အတွင်းမှ နာမည်ကြီး လူမိုက်မြင့်အောင်အဖွဲ့နှင့် နေမျိုးအောင်၏ လူမိုက်အဖွဲ့အသစ်တို့ကြား ဗိုလ်လုကြခြင်းဖြစ်ကြောင်း သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက်နေသူ ရပ်မိရပ်ဖ တစ်ဦးက ပြောပြသည်။
အဆိုပါရန်ပွဲတွင် လူမိုက်အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက သေနတ်နှစ်ချက်ပစ်ဖောက်ခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ သို့သော်လည်း သာကေတမြို့နယ် နယ်မြေ(၁) ရဲစခန်းကမူ ဗျောက်အိုးဖောက်သံသာ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြန်လည်ရှင်းလင်းခဲ့သည်။
သနတ်ပစ်ဖောက်သည်ဟု လူအများက ယူဆခဲ့သောအဖွဲ့မှ အဖွဲ့ခေါင်းဆောင်သည် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော DKBK နှင့် ပတ်သက်မှုရှိသည်ဟု သာကေတမြို့နယ်အတွင်း နာမည်ကျော်သူတစ်ဦး ဖြစ်သည်။
သူ့ကျောင်းသား၊ ကိုယ့်ကျောင်းသား အချင်းချင်း ငြိကြရာက ခေါင်းဆောင်တွေပါ ပါလာတဲ့သဘောပါ။ နာမည် ထွက်လာတဲ့ အဖွဲ့သစ်နဲ့ ရှိပြီးသားအဖွဲ့တို့ အားစမ်းတဲ့ သဘောလည်း ပါမှာပေါ့” ဟု သာကေမြို့နယ်အတွင်း အဆိုပါနှစ်ဖွဲ့လုံးနှင့် နီးစပ်သူ ကိုကျော်လင်းသူ(အမည်လွှဲ) က ပြောပြသည်။
ကျာင်းသားဟူသော အသုံးအနှုန်းသည် လူမိုက်အဖွဲ့များအတွင်း သုံးနှုန်းလေ့ရှိသော ဗန်းစကားတစ်ခုလည်း ဖြစ်ပြီး ကျောင်းသားဆိုသည်မှာ ရပ်ကွက်အတွင်း လူမိုက်ခေါင်းဆောင်များက မွေးထားသော လက်ရဲဇက်ရဲ လူငယ်လေးများ၊ ဆိုးသွမ်းခက်ထန်သော လူငယ်လေးများ၊ ပြစ်မှုကျူးလွန်ဖူးသူ လူငယ်လေးများကို ခေါ်ကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် အစိုးရသစ်တက်ပြီးနောက်ပိုင်းတွင်မူ သာကေတမြို့နယ်ရှိ လူမိုက်အချို့၏ လှုပ်ရှားမှုများမှာ နိုင်ငံရေးနှင့် ပါဝင်ပတ်သက်လာပြန်သည်။
တရားခံပြေးတစ်ဦးဖြစ်ပြီး သာကေတမြို့နယ်မှ နာမည်ကြီးချဲဒိုင် လူမိုက်တစ်ဦးဖြစ်သူ တင်လင်းထိုက်သည် ယခုအခါ ဖျက်သိမ်းခဲ့ပြီးသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ၏ အမာခံတစ်ဦး ဖြစ်ခဲ့ပြီး ဆန္ဒပြပွဲများတွင် လူစုပေးရသူတစ်ဦးဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
၎င်းသည် ဆန္ဒပြပွဲများတွင် နေ့စားနှုန်းထားဖြင့် လူငှားပေးရခြင်းကို ဝင်းထွဋ်ဝင်းကဲ့သို့ လူမိုက်အဖွဲ့များနှင့် ထပ်မံချိတ်ဆက်လုပ်ဆောင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လေယာဉ်ကွင်းတွင် လုပ်ကြံခံရသောအမှုတွင် ပတ်သက်ခဲ့ဖူးသူ နဂါးလေးသည် ဝင်းထွဋ်ဝင်းနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။ ဝင်းထွဠ်ဝင်း၏နောက်တွင်ကြံဖွတ်မှာ ဗိုလ်မှုးဟောင်းတစ်ယောက်ရှိသည်
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီအချိန် တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သာကေတမြို့နယ်မှ နာမည်ကျော် လူမိုက်ဂိုဏ်းခေါင်းဆောင် ဝင်းထွဋ်ဝင်း ကိုယ်တိုင် ပါဝင်လာခဲ့သည်။
ဝင်းထွဋ်ဝင်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက တိုက်ခန်းပိုင်ဆိုင်မှုအငြင်းပွားနေသော အနော်ရထာလမ်းရှိ Pacific ဓာတ်ပုံတိုက်မှ ပိုင်ရှင်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားကို လမ်းမတော် ၁၀ လမ်းတွင် ပြန်ပေးဆွဲခဲ့သည့်အမှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
စက်တင်ဘာ ၁၁ ရက်နေ့က ရ၇၇ ဂိမ်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ကလေးချင်းစကားများသည့် ကိစ္စမှ ဖြစ်ခဲ့သည်ဟု ထွက်ဆိုကြသော်လည်း နောက်ကွယ်တွင် များစွာသော အကြောင်းအရာများရှိကြောင်း လူမိုက်အဖွဲ့များနှင့် ပတ်သက်နေသည့် အမည်မဖော်လိုသူများက ထုတ်ဖော်ပြောဆိုကြသည်။
အခင်းဖြစ်ပွားရာ ဂိမ်းဆိုင်မှာ ဝင်းထွဋ်ဝင်းလူမိုက်အဖွဲ့၏ စောင့်ရှောက်မှုအောက်တွင်ရှိပြီး တစ်လလျှင် စောင့်ရှောက်ခ ရှစ်သိန်း ၊ ဘော်ဒါကြေး တစ်သိန်း ပေးဆောင်ရသည်။
အဆိုပါဆိုင်တွင် လာရောက်ကစားသူများတွင် လူမိုက်အဖွဲ့များပါဝင်ပြီး နယ်မြေခံ လူမိုက်စရှိသည့် လူငယ်အချို့နှင့် လူမိုက်ဂိုဏ်းများ၏ ကာလရှည်ကြာ အငြိုးအတေးမှ ပွင့်ထွက်သွားသည့် ရန်ပွဲဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သည့် လူမိုက်အဖွဲ့များကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နောက်တစ်နေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တာမွေတရားရုံးတွင် ချုပ်ရက် ရမန်ယူရာတွင် အခြားအမှုတွဲများမှာ အချုပ်ယာဉ်များနှင့် ရုံးထုတ်လာကြသော်လည်း နာမည်ကျော်လူမိုက်ခေါင်းဆောင် ဝင်းထွဋ်ဝင်းမှာ ဇိမ်ခံယာဉ် အကောင်းစားဖြင့် ရုပ်ရှင်ဆန်ဆန် ရုံးထုတ်လာခဲ့သည်။
ပည်သူများအကြား အဆိုပါမြင်ကွင်းသည် အံ့ဩစရာဖြစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များကမူ လူမိုက် ခေါင်းဆောင်နှင့် ဆက်နွှယ်သူများကိုပင် ကျိုးကျိုးနွံနွံ ဆက်ဆံနေကြသည်ကို တွေ့ခဲ့ကြရသည်။
ယခုဆောင်းပါးပါ အချက်အလက်များသည် ရန်ကုန်မြို့လူမိုက်လောက ခေါ် တစ်နည်းအားဖြင့် ဇိုးလောကနှင့် ပတ်သက်ခဲ့သူများထံမှရရှိသည့် သတင်းအချက်အလက်များသာ ဖြစ်သည်။ တရား ဥပဒေစိုးမိုးမှုကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်နေသည့် လူမိုက်အဖွဲ့များ၏ ခြိမ်းခြောက်ရန်ပြုမည်ကို စိုးရိမ်သောကြောင့် သတင်းရင်းမြစ်များက အမည်ခံပြောဆိုနိုင်ခြင်း မရှိကြပေ။
မည်သို့ပင်ဆိုစေ ပြည်သူလူထုအတွက် ရန်ကုန်ရှိ လူမိုက်ဂိုဏ်းတို့ နယ်မြေလုစစ်ပွဲများနှင့် ခြိမ်းခြောက်မှုများသည် တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
ဗက(ကျည်မင်းသိန်း)(အမှန်တရားဘက်တော်သားများအုပ်စု)



