ဆရာဝန္အမ်ိဳးသမီး၏ တရားစြဲဆိုထားမွု ့ကို ေရႊျပည္သာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ေျဖရွင္းမည္
ဆရာဝန္အမ်ိဳးသမီး၏ တရားစြဲဆိုထားမွု ့ကို ေရႊျပည္သာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ေျဖရွင္းမည္
တရားစြဲဆို ခံထားရသည့္ ေရႊျပည္သာ မီးသတ္တပ္ဖြဲ႕ဝင္ ၁၀ဦးသည္ ဒီေန႕ ( ေမ ၂၈ရက္) နံနက္ ၉ နာရီတြင္ ေရႊျပည္သာၿမိဳ႕မရဲစခန္း( ေတာ္ဝင္မွတ္တုိင္)တြင္ သြားေရာက္ ေျဖရွင္းမည္ဟု သိရွိရသည္။
ေရႊျပည္သာၿမဳိ႕နယ္ မီးသတ္ စခန္းေရွ ့တြင္ ကားရပ္နားခဲ့သည့္ ကိစၥႏွင့္ ပတ္သက္ကာ အမ်ိဳဳးသမီးဆရာဝန္တစ္ဦးက Facebook တြင္ Live လႊင့္မွု ့မ်ားအပါအဝင္ ဗီဒီယိုဖိုင္ အခ်ိဳ ့တင္ခဲ့ျပီးေနာက္ ေရႊျပည္သာၿမဳိ႕နယ္မီးသတ္ ဦးစီးမွဴးအပါအဝင္မီးသတ္ဝန္ထမ္း ၁ဝ ဦးကုိပုဒ္မ ၄ ခုျဖင့္ ေမ ၂၅ ရက္က အမႈဖြင့္ထားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသမီးဆရာဝန္မွာ ယခင္က KBZ ဘဏ္မွ လံုျခံဳေရးဝန္ထမ္းတစ္ဦးႏွင့္ ပတ္သက္၍လည္း လူမွု ့ကြန္ရက္ တြင္တင္ခဲ့မွု ့မ်ား ရွိခဲ့ျပီး အဆိုပါျဖစ္စဥ္ေၾကာင့္ အဆိုပါလံုျခံဳ ေရးဝန္ထမ္းမွာ အလုပ္မွ ထြက္သြားခဲ့ရေၾကာင္း သိရသည္။
ထို ့အတူ AYA ဘဏ္မွ ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးသည္လည္း အဆိုပါဆရာဝန္အမ်ိဳးသမီးေၾကာင့္ ဝန္ထမ္းအလုပ္မွ ထုတ္ ပယ္မခံရေစရန္ ေျဖရွင္းခဲ့ရဖူးသည္ဟု သိရသည္။
အဆိုပါ ဆရာဝန္ အမ်ိဳးသမီး၏ လူမွု ့ကြန္ရက္တြင္ Live လႊင့္ခဲ့မွု ့မ်ားကလည္း လူမွု ့ကြန္ရက္တြင္ ပ်ံ ့ႏွံ ့ေနျပီး မွတ္ခ်က္အမ်ိဳးမ်ိဳး ေပးသူ မ်ားစြာ ရွိေနသည္။
Credit\Orignal
Unicode
ဆရာဝန်အမျိုးသမီး၏ တရားစွဲဆိုထားမှု ့ကို ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ဖြေရှင်းမည်
တရားစွဲဆို ခံထားရသည့် ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင် ၁ဝဦးသည် ဒီနေ့ ( မေ ၂၈ရက်) နံနက် ၉ နာရီတွင် ရွှေပြည်သာမြို့မရဲစခန်း( တော်ဝင်မှတ်တိုင်)တွင် သွားရောက် ဖြေရှင်းမည်ဟု သိရှိရသည်။
ရွှေပြည်သာမြို့နယ် မီးသတ် စခန်းရှေ ့တွင် ကားရပ်နားခဲ့သည့် ကိစ္စနှင့် ပတ်သက်ကာ အမျိုုးသမီးဆရာဝန်တစ်ဦးက Facebook တွင် Live လွှင့်မှု ့များအပါအဝင် ဗီဒီယိုဖိုင် အချို ့တင်ခဲ့ပြီးနောက် ရွှေပြည်သာမြို့နယ်မီးသတ် ဦးစီးမှူးအပါအဝင်မီးသတ်ဝန်ထမ်း ၁ဝ ဦးကိုပုဒ်မ ၄ ခုဖြင့် မေ ၂၅ ရက်က အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးဆရာဝန်မှာ ယခင်က KBZ ဘဏ်မှ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ပတ်သက်၍လည်း လူမှု ့ကွန်ရက် တွင်တင်ခဲ့မှု ့များ ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အဆိုပါလုံခြုံ ရေးဝန်ထမ်းမှာ အလုပ်မှ ထွက်သွားခဲ့ရကြောင်း သိရသည်။
ထို ့အတူ AYA ဘဏ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည်လည်း အဆိုပါဆရာဝန်အမျိုးသမီးကြောင့် ဝန်ထမ်းအလုပ်မှ ထုတ် ပယ်မခံရစေရန် ဖြေရှင်းခဲ့ရဖူးသည်ဟု သိရသည်။
အဆိုပါ ဆရာဝန် အမျိုးသမီး၏ လူမှု ့ကွန်ရက်တွင် Live လွှင့်ခဲ့မှု ့များကလည်း လူမှု ့ကွန်ရက်တွင် ပျံ ့နှံ ့နေပြီး မှတ်ချက်အမျိုးမျိုး ပေးသူ များစွာ ရှိနေသည်။
Credit\Orignal


