အလြန္အသံုးတည့္လာေစရန္အတြက္..သားကုိ Google လို႔ ..အမည္ေပးလိုက္တဲ့ မိဘႏွစ္ပါး
မိ ဘႏွ စ္ ဦးတို႔ဟာ သူတုိ႔ရဲ႕သားငယ္ေလးကုိ ႀကီးလာတဲ့အခါ အလြန္အသံုး၀င္တဲ့ လူတစ္ဦးျဖစ္လာေစလုိတဲ့ ရည္ရြယ္ခ်က္ျဖင့္ Google လို႔ အမည္ေပးလိုက္ေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားႏုိင္ငံ၊ အေနာက္ဂ်ာဗားျပည္နယ္၊ ဘီကာဆီမွာ ေနထုိင္တဲ့ ဇနီးေမာင္ႏွံႏွစ္ဦးက သားျဖစ္သူကုိ ထူးဆန္းတဲ့ အမည္ေပးခဲ့တာလည္း ျဖစ္ပါတယ္။
မိခင္ျဖစ္ သူ အသက္ 27 ႏွစ္ရွိ အယ္လ္လာကာရန္ႏွင့္ ခင္ပြန္းျဖစ္သူ အင္ဒီခါယာဆာပူထရာတို႔ဟာ သူတို႔ရဲ႕ ဒုတိယေျမာက္သားေလးကုိ 2018 ခုႏွစ္၊ ႏို၀င္ဘာလတုန္းက ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ သားငယ္ေလးကုိ ထူးထူးျခားျခား အမည္ေပးလာတဲ့သတင္းက ယခုမွ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။
အ သက္ 31 ႏွစ္ရွိ ဖခင္ အင္ဒီက ဇနီးသည္ ကုိယ္၀န္ 7 လရွိေနခ်ိန္မွာ သားျဖစ္သူရဲ႕အမည္ေပးေရးကုိ စတင္စဥ္းစားခဲ့ပါတယ္။ သူဟာ Windows ၊ iPhone ၊ Microsoft ၊ iOS စတဲ့ အမည္မ်ားကိုလည္း ေပးဖုိ႔စဥ္းစားခဲ့သလို ႐ိုးရာအမည္ျဖစ္တဲ့ အယ္လ္ဘာဒါဂန္တာရာပူထရာလုိ႔လည္း အမည္ေပးရန္ စဥ္းစားခဲ့ပါတယ္။
ဒါေပ မယ့္ ေနာက္ဆံုးမွာေတာ့ ဖခင္ျဖစ္သူဟာ သားျဖစ္သူကုိ Google လို႔ အမည္ေပးရန္ ဆံုးျဖတ္လုိက္ပါတယ္။ တကယ္ေတာ့ သူဟာ သားျဖစ္သူကုိ Google လုိ႔ ထူးထူးဆန္းဆန္း အလကားမွည့္ခဲ့တာ မဟုတ္ပါဘူး။ Google လိုပဲ လူသားေတြအတြက္ အလြန္အသံုး၀င္ၿပီး ကူညီႏုိင္တ့ဲ လူသားတစ္ဦးျဖစ္ေစလိုတဲ့ ရည္ရြယ္ခ်က္ႏွင့္ ေပးလုိက္တာ ျဖစ္ပါတယ္။ မိခင္ျဖစ္သူကေတာ့ တစ္ေန႔မွာ သားျဖစ္သူကုိ လူအမ်ားႀကီးကို ကူညီႏုိင္မယ့္ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အင္ဒိုနီးရွားမွာ အထက္ပါအတိုင္း ထူးထူးျခားျခားအမည္ေပးတဲ့ျဖစ္ရပ္မ်ဳိး မၾကာခဏျဖစ္ေလ့ရွိၿပီး Xiaomi ခေရဇီ ဇနီးေမာင္ႏွံႏွစ္ဦးတို႔ဟာလည္း သားျဖစ္သူကုိ Xiaomi လို႔ အမည္ေပးတဲ့ျဖစ္ရပ္ ျဖစ္ပ်က္ခဲ့ဖူးပါေသးတယ္။
Credit to NetGuide Journal
Unicode Version
မိ ဘနှ စ် ဦးတို့ဟာ သူတို့ရဲ့သားငယ်လေးကို ကြီးလာတဲ့အခါ အလွန်အသုံးဝင်တဲ့ လူတစ်ဦးဖြစ်လာစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် Google လို့ အမည်ပေးလိုက်ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်၊ ဘီကာဆီမှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးက သားဖြစ်သူကို ထူးဆန်းတဲ့ အမည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
မိခင်ဖြစ် သူ အသက် 27 နှစ်ရှိ အယ်လ်လာကာရန်နှင့် ခင်ပွန်းဖြစ်သူ အင်ဒီခါယာဆာပူထရာတို့ဟာ သူတို့ရဲ့ ဒုတိယမြောက်သားလေးကို 2018 ခုနှစ်၊ နိုဝင်ဘာလတုန်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သားငယ်လေးကို ထူးထူးခြားခြား အမည်ပေးလာတဲ့သတင်းက ယခုမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အ သက် 31 နှစ်ရှိ ဖခင် အင်ဒီက ဇနီးသည် ကိုယ်ဝန် 7 လရှိနေချိန်မှာ သားဖြစ်သူရဲ့အမည်ပေးရေးကို စတင်စဉ်းစားခဲ့ပါတယ်။ သူဟာ Windows ၊ iPhone ၊ Microsoft ၊ iOS စတဲ့ အမည်များကိုလည်း ပေးဖို့စဉ်းစားခဲ့သလို ရိုးရာအမည်ဖြစ်တဲ့ အယ်လ်ဘာဒါဂန်တာရာပူထရာလို့လည်း အမည်ပေးရန် စဉ်းစားခဲ့ပါတယ်။
ဒါပေ မယ့် နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူဟာ သားဖြစ်သူကို Google လို့ အမည်ပေးရန် ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ သူဟာ သားဖြစ်သူကို Google လို့ ထူးထူးဆန်းဆန်း အလကားမှည့်ခဲ့တာ မဟုတ်ပါဘူး။ Google လိုပဲ လူသားတွေအတွက် အလွန်အသုံးဝင်ပြီး ကူညီနိုင်တဲ့ လူသားတစ်ဦးဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နှင့် ပေးလိုက်တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ တစ်နေ့မှာ သားဖြစ်သူကို လူအများကြီးကို ကူညီနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
အင်ဒိုနီးရှားမှာ အထက်ပါအတိုင်း ထူးထူးခြားခြားအမည်ပေးတဲ့ဖြစ်ရပ်မျိုး မကြာခဏဖြစ်လေ့ရှိပြီး Xiaomi ခရေဇီ ဇနီးမောင်နှံနှစ်ဦးတို့ဟာလည်း သားဖြစ်သူကို Xiaomi လို့ အမည်ပေးတဲ့ဖြစ်ရပ် ဖြစ်ပျက်ခဲ့ဖူးပါသေးတယ်။
Credit to NetGuide Journal





