၁၉ နှစ်အရွယ်နဲ့ ၄၁ နှစ်အရွယ် ခွဲမရလောက်အောင် နုပျိုလွန်းတဲ့ သန္တာလှိုင်ရဲ့ လျို့ဝှက်ချက်




အသက်အရွယ်အပိုင်းအခြား၊ ရုပ်ရည်ရူပကာတွေနဲ့ ကန့်သတ်ချက်ကြီးတစ်ခု ရှိမနေပဲ တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်မိသွားကြတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ စူပါမော်ဒယ် သန္တာလှိုင်ကတော့ အရမ်းကို နုပျိုလှပပြီး အရွယ်တင်နေတာကြောင့် ပရိသတ်တွေကတောင် ဘာဆေးတွေ မှီဝဲသလဲလို့တောင် အံ့သြရပါတယ်။ သန္တာလှိုင်က အခုအချိန်မှာတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပါပြီ။ လတ်တလောမှာတော့ သန္တာလှိုင်က ခင်ပွန်းဖြစ်သူ၊ သားသမီးဖြစ်သူနဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သန္တာလှိုင်ကတော့ သူမရဲ့ (၁၉) နှစ်အရွယ်က ပုံရိပ်တွေနဲ့ အခု (၄၁) နှစ်အရွယ်က ပုံရိပ်တွေကို မျှဝေထားပါတယ်။ အံ့သြစွာနဲ့ပဲ သန္တာလှိုင်ရဲ့ ထိုပုံတွေမှာ ဘာတစ်ခုမှ ကွာခြားသွားတာကို မတွေ့ရပဲ တစ်ချိန်တည်းမှာ ရိုက်ထားသလားတောင် ထင်မှတ်ရပါတယ်။

“အခု ၄၁ နှစ်နဲ့ ၁၉ နှစ်တုန်းက ပုံလေးတွေ တွေ့လို့ တင်ပေးလိုက်ပြီနော်…. ကျွန်မပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါ… အာလုံးကိုလဲ ဒီအကျိုးတွေ ရစေချင်တယ်။ စလုပ်ချင်ရင် နောက်ကျတယ်ဆိုတာ မရှိပါဘူး…ဒီအချိန်က သင့်ခန္ဓာကိုယ်ကို ပြောင်းလဲပစ်ဖို့အတွက်အသင့်တော်ဆုံးအချိန်ပါပဲ။”

” နေ့စဉ်စားသောက်နေထိုင်မှုတွေကို ပြောင်းလဲပီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ အဆီကင်းပြီး ကျစ်လျစ်သန်မာတဲ့လှပတဲ့ ခန္ဓာကိုယ်အဖြစ်ပြောင်းလဲချင်တဲ့ သူတွေအတွက် ကျွန်မ သင်တန်းဖွင့်ထားတာ အခုဆို လူပေါင်း ၁၅၀၀ ကျော်ကို ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။” ဆိုပြီး သျန္တာလှိုင်က ပြောထားပါသေးတယ်။

သန္တာလှိုင်ကတော့ သူမလိုပဲ လှပကျန်းမာတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် T’s Workshop ဆိုတဲ့ အလှအပစင်တာ တစ်ခုကို ဖွင့်လှစ်ထားပါသေးတယ်။ ပရိသတ်ကြီးလဲ သန္တာလှိုင်ရဲ့ အံ့သြစရာကောင်းလောက်တဲ့ နုပျိုမှုကို အားကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thandar Hlaing သန္တာလှိုင်

Recent Updates

Recent Posts Widget