စာရေးဆရာမ ခင်ခင်ထူးနဲ့ စာဖတ်ပရိသတ်တွေကို ဝန်ချတောင်းပန်ခဲ့တဲ့ အောင်ရေချမ်း




ပျားရည်အိုင်”၊ “ကျွန်မက မဟေသီ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ မင်းသားချောလေး အောင်ရေချမ်းက သရုပ်ဆောင်တဲ့ နေရာမှာ တကယ့်လက်တွေ့နဲ့မခြား သရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသားလို့တောင် တင်စားလို့ရပါတယ်။ အောင်ရေချမ်းကို အမြို့မြို့အနယ်နယ်က အသက်အရွယ်မျိုးစုံ ပရိသတ်တွေက အားပေးကြတာ ဖြစ်ပြီး ပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

အောင်ရေချမ်းက လွန်ခဲ့တဲ့ ရက်ပိုင်းက အင်တာဗြူးတစ်ခုမှာ စာရေးဆရာမ ခင်ခင်ထူးရဲ့ အမည်ကို ခင်ခင်ကြီး လို့ မှားယွင်းပြီး ပြောခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ခင်ခင်ထူးရဲ့ စာဖတ်ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။

အဲ့ဒီအတွက် အောင်ရေချမ်းက “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ် နားတောင်းဆင် စာရေးဆရာမခင်ခင်ထူး အစား ခင်ခင်ကြီးလို့ အမှတ်တမဲ့မှားယွင်းစွာ ဖြေဆိုလိုက်မိတဲ့ အတွက် ဆရာမခင်ခင်ထူးနဲ့ စာဖတ်ပရိသတ်များကို အနူးအညွတ်တောင်းပန်ပါတယ်။🙏🏼🙏🏼🙏🏼” ဆိုပြီး ရိုသေစွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် တောင်းပန်ထားပါတယ်။

အောင်ရေချမ်းက လက်ရှိမှာလဲ ဇာတ်လမ်းတွဲနဲ့ ကြော်ငြာဓာတ်ပုံတွေကိုလဲ ရိုက်ကူးပေးနေတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို မအားမလပ်နိုင်အောင် ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အောင်ရေချမ်းကတော့ သူ့ရဲ့အမှားကိုသိပြီး ချက်ချင်းဆိုသလို တောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ ပရိသတ်တွေလဲ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source; Aung Yay Chan

Recent Updates

Recent Posts Widget