မႏၲေလးက အသိအကိုတစ္ေယာက္ ပိပိရိရိနဲ႔ လိမ္ခံလုိက္ရတဲ့ လိမ္နည္းအသစ္…!




လိမ္နည္းအသစ္တ့ဲ😳 အထူးသတိ 😳

အသိ အကိုတစ္ေယာက္ မေန႕က ႀကံဳခဲ႕ရတာေလးပါ။ သတိထားလို႔ရေအာင္ ျပန္ေရးေပးတာပါ…

အကိုတစ္ေယာက္ရဲ႕ အမ်ိဳးသမီးက မႏၲေလးက electronic ဆိုင္ႀကီးတစ္ခုမွာ အလုပ္ဝင္ေနေတာ့ အဲ႕အကိုက မနက္တိုင္း လိုက္ပို႕ျပီး အဲ႕ဆိုင္ေရွ႕မွာပဲ ကားေလးထိုးျပီး ပစၥည္း အသယ္အပို႕ taxiဆြဲပါတယ္တစ္ရက္က်ေတာ့ ဆိုင္က ေကာင္ေလးတစ္ေယာက္ကို အမ်ိဳးသားတစ္ေယာက္ကလာျပီး မင္းတို႕ဆိုင္က မဘယ္သူရဲ႕ အမ်ိဳးသား ကားနံပါတ္ဘယ္ေလာက္ေလာက္ကို ငွားခ်င္လို႕ ။

ေရႊဘိုဆိုင္ကေန မန္းေလးကို ပစၥည္းသယ္ခ်င္တာ ေျပာေပးစမ္းကြာ ဆိုျပီး ခိုင္းပါတယ္။ေကာင္ေလးကလဲ အဲဒီ့အကို ကားကို ငွားေနတယ္ဆိုျပီး သြားေျပာေပးလိုက္တယ္ ဒီလိုနဲ႕ ကားငွားျဖစ္သြားေတာ့ အဲဒီ့အမ်ိဳးသားက အရင္ဆံုးဘုရားႀကီးကို ေမာင္းခိုင္းတယ္။ ဘုရားႀကီးနားက သူ႕အလုပ္သမားႏွစ္ေယာက္ကို ပစၥည္းကူသယ္ခိုင္းဖို႕ ေစာင့္ေနခိုင္းလို႕ ဝင္ေခၚရဦးမယ္ေျပာပါတယ္။

ဒီလိုနဲ႕ ဘုရားႀကီးနားကေန လူႏွစ္ေယာက္ဝင္ေခၚျပီး စြပ္က်ယ္လက္ျပတ္နဲ႕ အလုပ္ႀကမ္းသမားပံုစံ ေယာက်ာ္းႏွစ္ေယာက္ တက္လာခဲ႕တယ္။ တစ္လမ္းလံုး စကားေတြေျပာ ေဆြမ်ိဳးေတြအေႀကာင္း ဟိုေမးသည္ေမး လုပ္ျပီး ေရႊဘိုျမိဳ႕ထဲေရာက္ေတာ့ အသိဆီphဆက္ဦးမယ္ ဘတ္ထရီကုန္ေနလို႕ phငွားပါဆိုျပီး ေျပာေကာ။

ကားေရွ႕ခန္းမွာလည္း တူတူထိုင္ေနတယ္။ေနာက္မွာလည္း သူ႕အလုပ္သမားႏွစ္ေယာက္ပါတယ္ဆိုေတာ့ ယံုႀကည္ျပီး phေပးတယ္။phဆင္းေျပာသလိုနဲ႕ အဲဒီ့လူကေပ်ာက္သြားပါေလေကာ။ အဲဒီ့အကိုလည္း ေစာင့္ေနေပမယ့္ ေပၚမလာေတာ့မွ စိတ္ဆိုးျပီး ေနာက္မွာပါလာတဲ႕ လူႏွစ္ေယာက္ကို ေမးျပီး ဆြဲထိုးမယ္လုပ္ေကာ။

အဲဒီေတာ့မွ အဲဒီလူႏွစ္ေယာက္ကလည္း သူတို႕ကို လုပ္အားခ ႏွစ္ဆေပးမယ္။ေရႊဘိုကို ပစၥည္းလိုက္သယ္ေပးဖို႕ဆိုျပီး သူတို႕အလုပ္သမားေခါင္းေဆာင္က လႊတ္လိုက္လို႕ စြပ္က်ယ္လက္ပ်က္နဲ႕ လိုက္လာတာပိုက္ဆံေတာင္ တျပားမွ မပါခဲ႕ဘူးဆိုၿပီး သိလိုက္ရတာပဲ။ဒါနဲ႕ သူတို႕သံုးေယာက္သား ကားကို ဟိုေမာင္းလိုက္ သည္ေမာင္းလိုက္နဲ႕ အဲဒီလူကို လိုက္ရွာပါေလေကာ။

သူတို႕ခဏ ခဏ ေယာင္လည္လည္ျဖစ္ေနတာေတြ႕တဲ႕ ေရႊဘိုျမိဳ႕ခံ အမတစ္ေယာက္က’အကိုတို႕ သည္ျမိဳ႕က မဟုတ္ဘူးထင္တယ္။ဘာရွာေနတာလဲေမးေတာ့မွ အေႀကာင္းစံုေျပာျပလိုက္တယ္’ အဲဒီေတာ့မွ အဲဒီအမက အခုတေလာ သူတို႕ျမိဳ႕မွာ ေခတ္စားေနတာက ph လုေျပးတာပဲတဲ႕။phလုတာက phက တန္ဖိုးရွိလို႕ မဟုတ္ဘူးတဲ႕။အထဲမွာပါတဲ႕contact ေတြနဲ႕ ေငြေတြလိုက္လိမ္တာ။

အကို႕ အိမ္ကို phဆက္ျပီး sim card ပိတ္ခိုင္းလိုက္လို႕ ေျပာတယ္။ အဲဒီအကိုလည္း ပ်ာသြားျပီး အိမ္ကို phဆက္ခ်င္လို႕ phခဏငွားပါေျပာတယ္။အဲဒီအမကလည္း မယံုလို႕ ထင္ပါတယ္ မငွားဘဲ အိမ္ထဲျပန္ဝင္သြားတယ္။

လမ္းမွာေတြ႕တဲ႕ ဂိမ္းေဆာ့ေနတဲ႕ေကာင္ေလးတစ္ခ်ိဳ႕ကိုလည္း ph တစ္callေလာက္ေျပာခ်င္လို႕ ငွားပါဆိုျပီးေျပာေပမယ့္ မငွားရဲႀကလို႕ ထင္တယ္ မငွားေပးႀကဘူး။အဲဒါနဲ႕ အဲဒီအကိုလည္း ေနာက္ဆံုးေတာ့ သူ႕ကားေသာ႕ျကီးကို ဦးေလးႀကီးတစ္ေယာက္ကိုအပ္ျပီး ‘ဦးေလး ဒီမွာ က်ြန္ေတာ့္ကားေသာ့။က်ြန္ေတာ္ဘယ္မွ မေျပးဘူး။

phေလးတစ္ callေလာက္ေခၚပါရေစ’ဆိုျပီး ေပးထားမွ phငွားလို႕ရသြားတယ္။phေခၚလို႕ရရခ်င္း သူ႕အမ်ိဳးသမီးဆီဆက္ေတာ့ သူ႕အမ်ိဳးသမီးက ငိုေနေကာ။’ခုနက ကားငွားသြားတဲ႕အကိုက ဆက္တာ …ရွင္ကားတိုက္္မိလို႕ ေလ်ာ္ရမွာ ႏွစ္သိန္းရွစ္ေသာင္းကို wave money ကလႊဲေပးပါဆိုျပီး။ရွင္က စခန္းမွာ အဖမ္းခံေနရလို႕ သူ႕ကိုဆက္ခိုင္းျပီး ေက်ေအးေငြလွမ္းေတာင္းခိုင္းတာတဲ႕။ခုပဲ သံုးသိန္းသြားလႊဲေပးေတာ့ မလို႕’ ဆိုျပီး ငိုျပီးေျပာေကာ…

ေနာက္မွသိရတာက အဲဒီလူလိမ္က သူ႕အမ်ိဳးသမီးဆီ တင္မကဘဲ သူ႕အမဆီေကာ… သူ႕ေယာကၡမေတြဆီေကာသူ႕ေက်ာက္ဝိုင္းက ဆရာေတြဆီပါ လွမ္းဆက္ထားတာတဲ႕…ေန႕တြင္းခ်င္း phကဒ္ပိတ္ေပးဖို႕ သူ႕မိတ္ေဆြဆီအကူညီလွမ္းေတာင္းျပီး ပိတ္ခိုင္းလိုက္ရတယ္တဲ႕phငွားေပးတဲ႕ေရႊဘိုကအကိုကေတာ့ အျပန္ကို တျခားလမ္းက ပတ္ျပန္ဖို႕မွာလိုက္တယ္…

သူတို႕ေတြက phတစ္ခုတည္းနဲ႕ေတာ့ မန္းေလးကေန ေရႊဘိုထိေခၚလာမွာ မဟုတ္ဘူး…အျပန္ကို ဆိုင္ကယ္နဲ႕တိုက္ခ်င္ေယာင္ေဆာင္ျပီး အဖြဲ႕လိုက္ကားကို ရိုက္လုတာေတြ လုပ္လာနိုင္တယ္ သူတို႕က စနစ္တက်လိမ္တာဆိုေတာ့ အဖြဲ႕နဲ႕လုပ္တာျဖစ္နိုင္တယ္…သတိထားျပန္လို႕မွာလိုက္တယ္။မန္းေလးကေနလည္း အဲ႕အကိုအိမ္က လူေတြလိုက္လာႀကျပီး အဖြဲ႕လိုက္တူတူျပန္လာခဲ႕ရတယ္။လိမ္နည္းအသစ္ကို သတိထားရေအာင္ေရးေပးတာပါ။ကားဆြဲတဲ႕အကိုေတြလည္း သတိထားရေအာင္ပါ…

Credit- tipsmyanmarnews

Unicodeဖြင့်ဖတ်ရန်

မန္တလေးက အသိအကိုတစ်ယောက် ပိပိရိရိနဲ့ လိမ်ခံလိုက်ရတဲ့ လိမ်နည်းအသစ်

လိမ်နည်းအသစ်တဲ့😳 အထူးသတိ 😳

အသိ အကိုတစ်ယောက် မနေ့က ကြုံခဲ့ရတာလေးပါ။ သတိထားလို့ရအောင် ပြန်ရေးပေးတာပါ…

အကိုတစ်ယောက်ရဲ့ အမျိုးသမီးက မန္တလေးက electronic ဆိုင်ကြီးတစ်ခုမှာ အလုပ်ဝင်နေတော့ အဲ့အကိုက မနက်တိုင်း လိုက်ပို့ပြီး အဲ့ဆိုင်ရှေ့မှာပဲ ကားလေးထိုးပြီး ပစ္စည်း အသယ်အပို့ taxiဆွဲပါတယ်တစ်ရက်ကျတော့ ဆိုင်က ကောင်လေးတစ်ယောက်ကို အမျိုးသားတစ်ယောက်ကလာပြီး မင်းတို့ဆိုင်က မဘယ်သူရဲ့ အမျိုးသား ကားနံပါတ်ဘယ်လောက်လောက်ကို ငှားချင်လို့ ။

ရွှေဘိုဆိုင်ကနေ မန်းလေးကို ပစ္စည်းသယ်ချင်တာ ပြောပေးစမ်းကွာ ဆိုပြီး ခိုင်းပါတယ်။ကောင်လေးကလဲ အဲဒီ့အကို ကားကို ငှားနေတယ်ဆိုပြီး သွားပြောပေးလိုက်တယ် ဒီလိုနဲ့ ကားငှားဖြစ်သွားတော့ အဲဒီ့အမျိုးသားက အရင်ဆုံးဘုရားကြီးကို မောင်းခိုင်းတယ်။ ဘုရားကြီးနားက သူ့အလုပ်သမားနှစ်ယောက်ကို ပစ္စည်းကူသယ်ခိုင်းဖို့ စောင့်နေခိုင်းလို့ ဝင်ခေါ်ရဦးမယ်ပြောပါတယ်။

ဒီလိုနဲ့ ဘုရားကြီးနားကနေ လူနှစ်ယောက်ဝင်ခေါ်ပြီး စွပ်ကျယ်လက်ပြတ်နဲ့ အလုပ်ကြမ်းသမားပုံစံ ယောကျာ်းနှစ်ယောက် တက်လာခဲ့တယ်။ တစ်လမ်းလုံး စကားတွေပြော ဆွေမျိုးတွေအကြောင်း ဟိုမေးသည်မေး လုပ်ပြီး ရွှေဘိုမြို့ထဲရောက်တော့ အသိဆီphဆက်ဦးမယ် ဘတ်ထရီကုန်နေလို့ phငှားပါဆိုပြီး ပြောကော။

ကားရှေ့ခန်းမှာလည်း တူတူထိုင်နေတယ်။နောက်မှာလည်း သူ့အလုပ်သမားနှစ်ယောက်ပါတယ်ဆိုတော့ ယုံကြည်ပြီး phပေးတယ်။phဆင်းပြောသလိုနဲ့ အဲဒီ့လူကပျောက်သွားပါလေကော။ အဲဒီ့အကိုလည်း စောင့်နေပေမယ့် ပေါ်မလာတော့မှ စိတ်ဆိုးပြီး နောက်မှာပါလာတဲ့ လူနှစ်ယောက်ကို မေးပြီး ဆွဲထိုးမယ်လုပ်ကော။

အဲဒီတော့မှ အဲဒီလူနှစ်ယောက်ကလည်း သူတို့ကို လုပ်အားခ နှစ်ဆပေးမယ်။ရွှေဘိုကို ပစ္စည်းလိုက်သယ်ပေးဖို့ဆိုပြီး သူတို့အလုပ်သမားခေါင်းဆောင်က လွှတ်လိုက်လို့ စွပ်ကျယ်လက်ပျက်နဲ့ လိုက်လာတာပိုက်ဆံတောင် တပြားမှ မပါခဲ့ဘူးဆိုပြီး သိလိုက်ရတာပဲ။ဒါနဲ့ သူတို့သုံးယောက်သား ကားကို ဟိုမောင်းလိုက် သည်မောင်းလိုက်နဲ့ အဲဒီလူကို လိုက်ရှာပါလေကော။

သူတို့ခဏ ခဏ ယောင်လည်လည်ဖြစ်နေတာတွေ့တဲ့ ရွှေဘိုမြို့ခံ အမတစ်ယောက်က’အကိုတို့ သည်မြို့က မဟုတ်ဘူးထင်တယ်။ဘာရှာနေတာလဲမေးတော့မှ အကြောင်းစုံပြောပြလိုက်တယ်’ အဲဒီတော့မှ အဲဒီအမက အခုတလော သူတို့မြို့မှာ ခေတ်စားနေတာက ph လုပြေးတာပဲတဲ့။phလုတာက phက တန်ဖိုးရှိလို့ မဟုတ်ဘူးတဲ့။အထဲမှာပါတဲ့contact တွေနဲ့ ငွေတွေလိုက်လိမ်တာ။

အကို့ အိမ်ကို phဆက်ပြီး sim card ပိတ်ခိုင်းလိုက်လို့ ပြောတယ်။ အဲဒီအကိုလည်း ပျာသွားပြီး အိမ်ကို phဆက်ချင်လို့ phခဏငှားပါပြောတယ်။အဲဒီအမကလည်း မယုံလို့ ထင်ပါတယ် မငှားဘဲ အိမ်ထဲပြန်ဝင်သွားတယ်။

လမ်းမှာတွေ့တဲ့ ဂိမ်းဆော့နေတဲ့ကောင်လေးတစ်ချို့ကိုလည်း ph တစ်callလောက်ပြောချင်လို့ ငှားပါဆိုပြီးပြောပေမယ့် မငှားရဲကြလို့ ထင်တယ် မငှားပေးကြဘူး။အဲဒါနဲ့ အဲဒီအကိုလည်း နောက်ဆုံးတော့ သူ့ကားသော့ကြီးကို ဦးလေးကြီးတစ်ယောက်ကိုအပ်ပြီး ‘ဦးလေး ဒီမှာ ကျွန်တော့်ကားသော့။ကျွန်တော်ဘယ်မှ မပြေးဘူး။

phလေးတစ် callလောက်ခေါ်ပါရစေ’ဆိုပြီး ပေးထားမှ phငှားလို့ရသွားတယ်။phခေါ်လို့ရရချင်း သူ့အမျိုးသမီးဆီဆက်တော့ သူ့အမျိုးသမီးက ငိုနေကော။’ခုနက ကားငှားသွားတဲ့အကိုက ဆက်တာ …ရှင်ကားတိုက်မိလို့ လျော်ရမှာ နှစ်သိန်းရှစ်သောင်းကို wave money ကလွှဲပေးပါဆိုပြီး။ရှင်က စခန်းမှာ အဖမ်းခံနေရလို့ သူ့ကိုဆက်ခိုင်းပြီး ကျေအေးငွေလှမ်းတောင်းခိုင်းတာတဲ့။ခုပဲ သုံးသိန်းသွားလွှဲပေးတော့ မလို့’ ဆိုပြီး ငိုပြီးပြောကော…

နောက်မှသိရတာက အဲဒီလူလိမ်က သူ့အမျိုးသမီးဆီ တင်မကဘဲ သူ့အမဆီကော… သူ့ယောက္ခမတွေဆီကောသူ့ကျောက်ဝိုင်းက ဆရာတွေဆီပါ လှမ်းဆက်ထားတာတဲ့…နေ့တွင်းချင်း phကဒ်ပိတ်ပေးဖို့ သူ့မိတ်ဆွေဆီအကူညီလှမ်းတောင်းပြီး ပိတ်ခိုင်းလိုက်ရတယ်တဲ့phငှားပေးတဲ့ရွှေဘိုကအကိုကတော့ အပြန်ကို တခြားလမ်းက ပတ်ပြန်ဖို့မှာလိုက်တယ်…

သူတို့တွေက phတစ်ခုတည်းနဲ့တော့ မန်းလေးကနေ ရွှေဘိုထိခေါ်လာမှာ မဟုတ်ဘူး…အပြန်ကို ဆိုင်ကယ်နဲ့တိုက်ချင်ယောင်ဆောင်ပြီး အဖွဲ့လိုက်ကားကို ရိုက်လုတာတွေ လုပ်လာနိုင်တယ် သူတို့က စနစ်တကျလိမ်တာဆိုတော့ အဖွဲ့နဲ့လုပ်တာဖြစ်နိုင်တယ်…သတိထားပြန်လို့မှာလိုက်တယ်။မန်းလေးကနေလည်း အဲ့အကိုအိမ်က လူတွေလိုက်လာကြပြီး အဖွဲ့လိုက်တူတူပြန်လာခဲ့ရတယ်။လိမ်နည်းအသစ်ကို သတိထားရအောင်ရေးပေးတာပါ။ကားဆွဲတဲ့အကိုတွေလည်း သတိထားရအောင်ပါ…

Credit- tipsmyanmarnews

Recent Updates

Recent Posts Widget