ဂြြမ္းနားၾကပ္တံၾကာင့္ ဦးေႏွာက္ထဲပိုးဝင္ကာ အသက္အႏၱရာယ္ စိုးရိမ္ေနရတဲ့အမ်ိဳးသား…!
နားသန္႕ရွင္းေရးလုပ္ဖို႕အတြက္ အခုေနာက္ပိုင္း ေပၚလာတဲ့ ဂြမ္းနားၾကပ္တံေလးေတြဟာ သိပ္ကိုအသံုးဝင္တာကိုေတာ့ ျငင္းလို႕မရပါဘူး။ ဒါေၾကာင့္လည္း လူတိုင္းနီးပါးဟာ ဂြမ္းနားၾကပ္တံေတြကို အပတ္စဥ္ အသံုးျပဳေနၾကၿပီး တခ်ိဳ႕က်ေတာ့ ေန႕တုိင္းနီးပါး အသံုးျပဳကာ နားသန္႕ရွင္းေရး ျပဳလုပ္တတ္ၾကပါတယ္။
နားသန္႕ရွင္းေရးလုပ္တာဟာ သိပ္ကို ဂရုစိုက္ရတဲ့ လုပ္ငန္းျဖစ္ၿပီး အခန္႔မသင့္လို႔ အားနဲ႔ နားထဲထုိးမိတာတို႕၊ နားအတြင္းပိုင္းအထိ သိပ္ေရာက္သြားတာမ်ိဳးတို႕ဆို နားစည္ေပါက္တာေတြ၊ အနာျဖစ္ၿပီး ျပည္တည္တာေတြအထိပါ ျဖစ္ႏုိင္တာမုိ႕ သန္႕ရွင္းေရးလုပ္ေနတုန္း အရမ္းဂရုျပဳလုပ္ေဆာင္ရပါတယ္။
သုိ႕ေပမယ့္ အခုအခါမွာေတာ့ အဲဒီအျပႆနာေတြထက္ကို ပိုၿပီး အာရံုစိုုက္ရမယ့္ ျပႆနာတစ္ခု ျဖစ္သြားခဲ့ပါတယ္။ ဂြမ္းနားၾကပ္တံမွ တစ္ဆင့္ ဦးေႏွာက္ထဲကို ပိုးဝင္ကာ အသက္အႏၱရာယ္စိုးရိမ္ေနရတဲ့ အမ်ိဳးသားတစ္ေယာက္ရွိေနပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္အမည္မေဖာ္ျပထားတဲ့ အမ်ိဳးသားတစ္ဦးဟာ ရုတ္တရက္သတိလစ္ေမ့ေျမာသြြားတဲ့အတြက္ ေဆးးရံုသို႕ အေရးေပၚေရာက္လာခဲ့ပါတယ္။ ဒီလို သတိမလစ္ခင္ ၁၀ ရက္ေလာက္ရွိတဲ့ ရက္ပုိင္းေတြမွာ မခံမရပ္ႏုိင္ေလာက္ေအာင္ ေခါင္းကိုက္တဲ့ေဝဒနာေတြ ခံစားခဲ့ရတယ္လို႕လည္း သိရပါတယ္။ ဒီကိစၥကို တာဝန္ယူကုသေပးေနသူမွာ အဂၤလန္၊ Coventry ၿမိဳ႕ရဲ႕ A&E မွ တာဝန္ရွိသူ Dr Alexander Charlton ပဲျဖစ္ပါတယ္။
Dr Alexander ရဲ႕ ေျပာၾကားခ်က္အရကေတာ့ ဦးေႏွာက္ပိုးဝင္တာျဖစ္ၿပီး အခန္႕မသင့္ရင္ အသက္ဆံုးရံႈးသြားႏိုင္တဲ့ အေျခအေနမွာ ရွိေနတယ္လို႕ဆိုပါတယ္။ သတိမလစ္ခင္ ေခါင္းေတြအဆက္မျပတ္ကိုက္ေနတဲ့ အခ်ိန္တုန္းကေတာ့ အဆိုပါလူနာဟာ သူ႕ထံလာၿပီး ျပသဖူးတယ္လို႕လည္း သိရပါတယ္။ ကိုက္ခဲတဲ့အနာဟာ သူ႕ရဲ႕ ဘယ္ဘက္နားထဲကပိုခံစားရၿပီး တျဖည္းျဖည္းနဲ႕မွ ဦးေခါင္းဆီကို ဆင့္ပြားနာက်င္လာရတယ္ဆိုၿပီး လူနာကေျပာခဲ့ပါတယ္။ ေနာက္ပိုင္း လူနာမည္ေတြကို မွတ္မိဖို႕လည္း ခက္လာၿပီး အန္တာေတြနဲ႕ နားကိုက္တာေတြပါ ခံစားလာရတာပါ။
ဆက္လက္စစ္ေဆးၾကည့္လိုက္တဲ့အခါမွာေတာ့ လူနာဟာ ဘယ္ဘက္နားကိုက္တဲ့ေဝဒနာကို ခံစားေနရတာ ၅ ႏွစ္ေလာက္ရွိၿပီလို႕ဆိုပါတယ္။ တစ္ခါတစ္ခါက်ရင္ အသံေတြမၾကားေတာ့တာမ်ိဳးေတြလည္း ရွိေနခဲ့ပါတယ္။ ဒါေၾကာင့္ နားဆရာဝန္ေတြဆီမွာ နားပိုးဝင္တဲ့ေဝဒနာကို ၂ ႀကိမ္ေလာက္ အခ်ိန္ၾကာ ကုသခဲ့ရတယ္လို႕ဆိုပါတယ္။
Dr Alexander က လူနာရဲ႕ ဦးေႏွာက္ကို CT scan ရိုက္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ေယာင္ယမ္းေနတဲ့ေနရာ ၂ ေနရာေတာင္ ေတြ႕ခဲ့ရပါတယ္။ တစ္ေနရာကေတာ့ ဦးေခါင္းခြံနဲ႕ထိစပ္ေနတဲ့ ဦးေႏွာက္အပိုင္းေလးေတြျဖစ္ၿပီး ဒုုတိယေနရာကေတာ့ ဘယ္ဘက္နားအတြင္းပိုင္းအဝမွာပါ။ နားအတြင္းအဝကပိုုုေယာင္ေနတဲ့အတြက္ ပိုးဝင္တာဟာ ဘယ္ဘက္နားကစမယ္လုိ႕ ခန္႕မွန္းမိခဲ့ပါတယ္။
ဒါေၾကာင့္ နားကို စစ္ေဆးလိုက္တဲ့အခါမွာေတာ့ တစ္ရွဴးစလိုမ်ိဳး အစေလးတစ္ခုဟာ နားရဲ႕အတြင္းပိုင္းထဲ ေရာက္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ ခြဲစိတ္ခန္းအေရးေပၚဝင္ဖို႕ တိုက္တြန္းခဲ့ရၿပီး နားအတြင္းမွ တစ္ရွဴးစလို အရာေလးကို ဖယ္ရွားပစ္ခဲ့တဲ့အခါမွာေတာ့ တစ္ရွဴးစမဟုတ္ဘဲ ဂြမ္းနဲ႕ ျပဳလုပ္ထားတဲ့ နားၾကပ္တံမွ ဂြမ္းစေလးျဖစ္ေနခဲ့တာပါ။
အဲဒီဂြမ္းစေလးဟာ နားသန္႕ရွင္းေရးလုုပ္တဲ့ ဖေယာင္းစေတြနဲ႕ ေရာေထြးကာ အျပင္မွဝင္လာတဲ့ ဖုန္မႈန္႕ေတြနဲ႕ ကပ္ျငိၿပီး မိႈတက္ကာ နားကို ပိုးဝင္ေစခဲ့တာပါ။ နားနဲ႕ ဦးေႏွာက္နဲကဟာလည္း ဆက္စပ္နတဲ့အတြက္ နားကေနမွတစ္ဆင့္ ဦးေခါင္းခြံ၊ ဦးေခါင္းခံြမွ သူနဲ႕ထိစပ္ေနတဲ့ ဦးေႏွာက္အပိုင္းေလးေတြကို တစ္ဆင့္ေယာင္ယမ္းေစခဲ့တာပါ။
အသိေစာလို႕ျဖစ္ၿပီး နည္းနည္းေလးသာေနာက္က်ခဲ့ရင္ ဦးေႏွာက္တစ္ခုလံုး ပိုးေတြပ်ံ႕ႏွံ႕ကာ ေသသြားတဲ့အထိျဖစ္သြားႏုိင္ပါတယ္။ ေဆးရံုမွာေတာ့ ၁ လ၊ ၂ လ ေလာက္ေနၿပီး ပိုးသတ္ဖို႕အတြက္ ေဆးကု၊ ေဆးေသာက္ရဦးမွာျဖစ္ေပမယ့္ အသက္အႏၱရာယ္ေတာ့ မစုိးရိမ္ရေတာ့ပါဘူး။ လူနာရဲ႕အျဖစ္အပ်က္ဟာ ေဆးပညာမွာ ျဖစ္ေတာင့္ျဖစ္ခဲကိစၥမို႕ Dr Alexander နဲ႕အဖြဲ႕ဟာ medical case report တစ္ခုကို ဖန္တီးမွတ္တမ္းတင္ခဲ့ပါတယ္။
Source: The Sun, Case Reports/BJM
Credit: shwemom.com (Penny)
Unicodeဖြင့်ဖတ်ရန်
ဂွမ်းနားကြပ်တံကြာင့် ဦးနှောက်ထဲပိုးဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အမျိုးသား
နားသန့်ရှင်းရေးလုပ်ဖို့အတွက် အခုနောက်ပိုင်း ပေါ်လာတဲ့ ဂွမ်းနားကြပ်တံလေးတွေဟာ သိပ်ကိုအသုံးဝင်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါကြောင့်လည်း လူတိုင်းနီးပါးဟာ ဂွမ်းနားကြပ်တံတွေကို အပတ်စဉ် အသုံးပြုနေကြပြီး တချို့ကျတော့ နေ့တိုင်းနီးပါး အသုံးပြုကာ နားသန့်ရှင်းရေး ပြုလုပ်တတ်ကြပါတယ်။
နားသန့်ရှင်းရေးလုပ်တာဟာ သိပ်ကို ဂရုစိုက်ရတဲ့ လုပ်ငန်းဖြစ်ပြီး အခန့်မသင့်လို့ အားနဲ့ နားထဲထိုးမိတာတို့၊ နားအတွင်းပိုင်းအထိ သိပ်ရောက်သွားတာမျိုးတို့ဆို နားစည်ပေါက်တာတွေ၊ အနာဖြစ်ပြီး ပြည်တည်တာတွေအထိပါ ဖြစ်နိုင်တာမို့ သန့်ရှင်းရေးလုပ်နေတုန်း အရမ်းဂရုပြုလုပ်ဆောင်ရပါတယ်။
သို့ပေမယ့် အခုအခါမှာတော့ အဲဒီအပြဿနာတွေထက်ကို ပိုပြီး အာရုံစိုက်ရမယ့် ပြဿနာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဂွမ်းနားကြပ်တံမှ တစ်ဆင့် ဦးနှောက်ထဲကို ပိုးဝင်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အမျိုးသားတစ်ယောက်ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ်အမည်မဖော်ပြထားတဲ့ အမျိုးသားတစ်ဦးဟာ ရုတ်တရက်သတိလစ်မေ့မြောသွားတဲ့အတွက် ဆေးးရုံသို့ အရေးပေါ်ရောက်လာခဲ့ပါတယ်။ ဒီလို သတိမလစ်ခင် ၁၀ ရက်လောက်ရှိတဲ့ ရက်ပိုင်းတွေမှာ မခံမရပ်နိုင်လောက်အောင် ခေါင်းကိုက်တဲ့ဝေဒနာတွေ ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စကို တာဝန်ယူကုသပေးနေသူမှာ အင်္ဂလန်၊ Coventry မြို့ရဲ့ A&E မှ တာဝန်ရှိသူ Dr Alexander Charlton ပဲဖြစ်ပါတယ်။
Dr Alexander ရဲ့ ပြောကြားချက်အရကတော့ ဦးနှောက်ပိုးဝင်တာဖြစ်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ဆိုပါတယ်။ သတိမလစ်ခင် ခေါင်းတွေအဆက်မပြတ်ကိုက်နေတဲ့ အချိန်တုန်းကတော့ အဆိုပါလူနာဟာ သူ့ထံလာပြီး ပြသဖူးတယ်လို့လည်း သိရပါတယ်။ ကိုက်ခဲတဲ့အနာဟာ သူ့ရဲ့ ဘယ်ဘက်နားထဲကပိုခံစားရပြီး တဖြည်းဖြည်းနဲ့မှ ဦးခေါင်းဆီကို ဆင့်ပွားနာကျင်လာရတယ်ဆိုပြီး လူနာကပြောခဲ့ပါတယ်။ နောက်ပိုင်း လူနာမည်တွေကို မှတ်မိဖို့လည်း ခက်လာပြီး အန်တာတွေနဲ့ နားကိုက်တာတွေပါ ခံစားလာရတာပါ။
ဆက်လက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ လူနာဟာ ဘယ်ဘက်နားကိုက်တဲ့ဝေဒနာကို ခံစားနေရတာ ၅ နှစ်လောက်ရှိပြီလို့ဆိုပါတယ်။ တစ်ခါတစ်ခါကျရင် အသံတွေမကြားတော့တာမျိုးတွေလည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် နားဆရာဝန်တွေဆီမှာ နားပိုးဝင်တဲ့ဝေဒနာကို ၂ ကြိမ်လောက် အချိန်ကြာ ကုသခဲ့ရတယ်လို့ဆိုပါတယ်။
Dr Alexander က လူနာရဲ့ ဦးနှောက်ကို CT scan ရိုက်ကြည့်လိုက်တဲ့အချိန်မှာတော့ ယောင်ယမ်းနေတဲ့နေရာ ၂ နေရာတောင် တွေ့ခဲ့ရပါတယ်။ တစ်နေရာကတော့ ဦးခေါင်းခွံနဲ့ထိစပ်နေတဲ့ ဦးနှောက်အပိုင်းလေးတွေဖြစ်ပြီး ဒုတိယနေရာကတော့ ဘယ်ဘက်နားအတွင်းပိုင်းအဝမှာပါ။ နားအတွင်းအဝကပိုယောင်နေတဲ့အတွက် ပိုးဝင်တာဟာ ဘယ်ဘက်နားကစမယ်လို့ ခန့်မှန်းမိခဲ့ပါတယ်။
ဒါကြောင့် နားကို စစ်ဆေးလိုက်တဲ့အခါမှာတော့ တစ်ရှူးစလိုမျိုး အစလေးတစ်ခုဟာ နားရဲ့အတွင်းပိုင်းထဲ ရောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ခွဲစိတ်ခန်းအရေးပေါ်ဝင်ဖို့ တိုက်တွန်းခဲ့ရပြီး နားအတွင်းမှ တစ်ရှူးစလို အရာလေးကို ဖယ်ရှားပစ်ခဲ့တဲ့အခါမှာတော့ တစ်ရှူးစမဟုတ်ဘဲ ဂွမ်းနဲ့ ပြုလုပ်ထားတဲ့ နားကြပ်တံမှ ဂွမ်းစလေးဖြစ်နေခဲ့တာပါ။
အဲဒီဂွမ်းစလေးဟာ နားသန့်ရှင်းရေးလုပ်တဲ့ ဖယောင်းစတွေနဲ့ ရောထွေးကာ အပြင်မှဝင်လာတဲ့ ဖုန်မှုန့်တွေနဲ့ ကပ်ငြိပြီး မှိုတက်ကာ နားကို ပိုးဝင်စေခဲ့တာပါ။ နားနဲ့ ဦးနှောက်နဲကဟာလည်း ဆက်စပ်နတဲ့အတွက် နားကနေမှတစ်ဆင့် ဦးခေါင်းခွံ၊ ဦးခေါင်းခွံမှ သူနဲ့ထိစပ်နေတဲ့ ဦးနှောက်အပိုင်းလေးတွေကို တစ်ဆင့်ယောင်ယမ်းစေခဲ့တာပါ။
အသိစောလို့ဖြစ်ပြီး နည်းနည်းလေးသာနောက်ကျခဲ့ရင် ဦးနှောက်တစ်ခုလုံး ပိုးတွေပျံ့နှံ့ကာ သေသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်။ ဆေးရုံမှာတော့ ၁ လ၊ ၂ လ လောက်နေပြီး ပိုးသတ်ဖို့အတွက် ဆေးကု၊ ဆေးသောက်ရဦးမှာဖြစ်ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။ လူနာရဲ့အဖြစ်အပျက်ဟာ ဆေးပညာမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စမို့ Dr Alexander နဲ့အဖွဲ့ဟာ medical case report တစ်ခုကို ဖန်တီးမှတ်တမ်းတင်ခဲ့ပါတယ်။
Source: The Sun, Case Reports/BJM
Credit: shwemom.com (Penny)


