“ေသြးစုနာ (ခ) ေမြးကြ်တ္နာ အတြက္ ေဆးနည္း”




ကၽြန္ေတာ္ ၏ ကုိယ္ေတြ႕ ေဆးနည္း မ်ားကို အမ်ားေ၀ဒနာရွင္မ်ား သိရွိကုသႏိုင္ရန္ တင္ျပလိုက္ရပါသည္။လြန္ခဲ့ ေသာ (၈) တန္း ေက်ာင္းသား ဘ၀ ေလာက္ကပါ။ ကၽြန္ေတာ္ ၏ ဦးမင္းႏွင့္ အေဒၚရွိရာ မအူပင္ၿမိဳ႕နယ္ ေရလဲကေလးေက်းရြာ သို႔ မေရာက္တာၾကာၿပီျဖစ္၍ သြားေရာက္ခဲ့ပါသည္။

မအူပင္ မွ ေရလဲ ကေလး သို႔ ေဒါဂ်စ္ကားစီး၍ သြားရပါသည္။ ကားမွာ သံဖင္ထိုင္ခုံျဖစ္ၿပီး လမ္းကလည္း ဂ၀ံအတံုးႀကီးမ်ား ခင္းသည့္လမ္းျဖစ္ပါသည္။ အသြားအျပန္ ဒီကားပဲစီးျပန္ရ၏။ အိမ္ျပန္ေရာက္၍ သံုးရက္ၾကာေသာ္ တင္ပါးတစ္ျပင္လံုး တစ္လံုးၿပီးတစ္လံုး ေသြးစုနာမ်ား မေရႏိုင္ေအာင္ ေပါက္ပါသည္။

ေဆးၿမီးတို မ်ား လိုက္ေမးရာ ေဆးနည္း မွာ

ထံုးသန္႔သန္႔ (၁) ထုပ္၊

ပ်ားရည္ (အစစ္) (၂) က်ပ္ခြဲသားခန္႔

(အနည္းငယ္စီ)

၎ကို လက္၀ါး ထဲထည့္ၿပီး နယ္ပါ။ ႏွစ္မိနစ္ခန္႔ၾကာလွ်င္ ေက်ာက္ျဖစ္ပါသည္။ အျမန္နယ္ၿပီး အနာေပၚ အျမန္လူးပါ။ ခ်က္ခ်င္းေျခာက္သြားပါသည္။ (၂) ခါေလာက္လူးပါက ႏုလွ်င္ေပါက္၊ ရင့္လွ်င္ မွည့္ၿပီး ျပည္ေပါက္ပါသည္။ တင္ပါး တြင္ ျဖစ္ပါက ဖိထိုင္ေပးပါ။

Credit OEMT

Unicode Version

ကျွန်တော် ၏ ကိုယ်တွေ့ ဆေးနည်း များကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။လွန်ခဲ့ သော (၈) တန်း ကျောင်းသား ဘ၀ လောက်ကပါ။ ကျွန်တော် ၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ သို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။

မအူပင် မှ ရေလဲ ကလေး သို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။ ကားမှာ သံဖင်ထိုင်ခုံဖြစ်ပြီး လမ်းကလည်း ဂဝံအတုံးကြီးများ ခင်းသည့်လမ်းဖြစ်ပါသည်။ အသွားအပြန် ဒီကားပဲစီးပြန်ရ၏။ အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင် ပေါက်ပါသည်။



ဆေးမြီးတို များ လိုက်မေးရာ ဆေးနည်း မှာ

ထုံးသန့်သန့် (၁) ထုပ်၊

ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့်

(အနည်းငယ်စီ)

၎င်းကို လက်ဝါး ထဲထည့်ပြီး နယ်ပါ။ နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။ ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။ တင်ပါး တွင် ဖြစ်ပါက ဖိထိုင်ပေးပါ။

Credit OEMT

Recent Updates

Recent Posts Widget