“ျမန္မာႏုိင္ငံ သားႏွစ္ဦး ဆုိင္ကယ္ျဖင့္ ႏုိ္င္ငံေပါင္း ၃၀ ေက်ာ္ကုိ ကမ႓ာလွည့္ခရီးသြားမည္”




အ ဆုိပါ ဆုိင္ကယ္ျဖင့္ ခရီးသြားမည့္သူႏွစ္ဦးမွာကုိေအာင္ေက်ာ္ဝင္းႏွင့္ ကုိစုိင္းဇြန္ဖတုိ႔ျဖစ္ၿပီး ၎တုိ႔ႏွစ္ဦးမွာ ျပည္တြင္းခရီးစဥ္မ်ားျဖစ္သည့္ ရန္ကုန္မွ ပုဂံ၊ရန္ကုန္မွ မႏၲေလး၊ရန္ကုန္မွ တာခ်ီလိတ္၊ရန္ကုန္မွ နာဂ၊ရန္ကုန္မွ ပူတာအုိ၊ရန္ကုန္မွ ေငြေဆာင္၊ရန္ကုန္မွ ေတာင္ႀကီး၊ရန္ကုန္မွ ကန္ပလက္ စသည့္ေဒသမ်ားသုိ႔ ဆုိင္ကယ္ျဖင့္ ခရီးသြားခဲ့ၾကၿပီးျဖစ္သည္ဟု သိရသည္။

ယခုအခါဆုိင္ကယ္ျဖင့္ ကမ႓ာလွည့္ခရီးသြားရာတြင္ ျဖတ္သန္းမည့္ ႏုိင္ငံမ်ားမွာစင္ကာပူ၊ မေလးရွား၊ ထုိင္း၊ တ႐ုတ္၊ မြန္ဂုိလီးယား၊ ကာက်စၥတန္၊ ရွရွား၊ ဖင္လန္၊ ဆြီဒင္၊ ေနာ္ေဝး၊ ဂ်ာမနီ၊ နယ္သာလန္၊ ဘယ္ဂ်ီယံ၊ အဂၤလန္၊ စေကာ့တလန္၊ ျပင္သစ္၊ စပိန္၊ ေပၚတူဂီ၊ အီတလီ၊ ဆြစ္ဇာလန္၊ ၾသစတီးလ်ား၊

ခ်က္၊ ပုိလန္၊ ဆလုိဘတ္ကီးရီးယား၊ ဟန္ေဂရီ၊ ဆာေဘးရီးယား၊ မက္ဆီဒုိးနီးယား၊ ဂရိ၊ ဘူေဂးရီးယား၊ တူရကီ၊ အီရန္၊ အိႏၵိယႏွင့္ နီေပါႏုိင္ငံတုိ႔ျဖစ္ၿပီးမုိင္ေပါင္းသုံးေသာင္းေက်ာ္အထိျဖစ္သည္ဟု သိရသည္။

အဆိုပါခရီးသြားလာမူျဖင့္ ေျမျပင္အေျခအေနကြဲျပားျခားနားမူမ်ားၾကားမွ မတူညီမူမ်ား၊ ရင္းႏွီးမူမ်ား၊ အခက္အခဲမ်ားစသည္တုိ႔ကုိအခ်ိန္ႏွင့္တေျပးညီမွ်ေဝ၍ အသိပညာယဥ္ေက်းမူမ်ားကုိဖလွယ္ကာ ျမန္မာကုိကမ႓ာကသိရွိေအာင္ ႀကိဳးစားလုပ္ေဆာင္သြားမည္ျဖစ္သည္။

ယခင္ကျမန္မာႏုိ္င္ငံတြင္ ပထမဦးဆုံးခရီးရွည္ဆုိင္ကယ္ေမာင္းႏွင္ခဲ့သူမ်ားျဖစ္သည့္ဦးဘတုတ္ႏွင့္ ေဒၚတင္တင္စိန္တို႔ဇနီးေမာင္ႏွံမွာမွတ္တမ္းတင္ခံထားရသူမ်ားျဖစ္ၿပီးစစ္က်န္ BSA (Birmingham Small Arms Company Limited ) ဆုိင္ကယ္ေဟာင္းတစ္စီးျဖင့္ ႏုိ္င္ငံ ၃၀ ကုိတစ္ႏွစ္အတြင္း ျဖတ္သန္းခဲ့ျခင္းေၾကာင္းသိရသည္။

Credit: Yomalan

Unicode version
အ ဆိုပါ ဆိုင်ကယ်ဖြင့် ခရီးသွားမည့်သူနှစ်ဦးမှာကိုအောင်ကျော်ဝင်းနှင့် ကိုစိုင်းဇွန်ဖတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ပြည်တွင်းခရီးစဉ်များဖြစ်သည့် ရန်ကုန်မှ ပုဂံ၊ရန်ကုန်မှ မန္တလေး၊ရန်ကုန်မှ တာချီလိတ်၊ရန်ကုန်မှ နာဂ၊ရန်ကုန်မှ ပူတာအို၊ရန်ကုန်မှ ငွေဆောင်၊ရန်ကုန်မှ တောင်ကြီး၊ရန်ကုန်မှ ကန်ပလက် စသည့်ဒေသများသို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။

ယခုအခါဆိုင်ကယ်ဖြင့် ကမ္ဘာလှည့်ခရီးသွားရာတွင် ဖြတ်သန်းမည့် နိုင်ငံများမှာစင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ မွန်ဂိုလီးယား၊ ကာကျစ္စတန်၊ ရှရှား၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေး၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ အင်္ဂလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ ဆွစ်ဇာလန်၊ သြစတီးလျား၊
ချက်၊ ပိုလန်၊ ဆလိုဘတ်ကီးရီးယား၊ ဟန်ဂေရီ၊ ဆာဘေးရီးယား၊ မက်ဆီဒိုးနီးယား၊ ဂရိ၊ ဘူဂေးရီးယား၊ တူရကီ၊ အီရန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ဖြစ်ပြီးမိုင်ပေါင်းသုံးသောင်းကျော်အထိဖြစ်သည်ဟု သိရသည်။
အဆိုပါခရီးသွားလာမူဖြင့် မြေပြင်အခြေအနေကွဲပြားခြားနားမူများကြားမှ မတူညီမူများ၊ ရင်းနှီးမူများ၊ အခက်အခဲများစသည်တို့ကိုအချိန်နှင့်တပြေးညီမျှဝေ၍ အသိပညာယဉ်ကျေးမူများကိုဖလှယ်ကာ မြန်မာကိုကမ္ဘာကသိရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။
ယခင်ကမြန်မာနိုင်ငံတွင် ပထမဦးဆုံးခရီးရှည်ဆိုင်ကယ်မောင်းနှင်ခဲ့သူများဖြစ်သည့်ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့ဇနီးမောင်နှံမှာမှတ်တမ်းတင်ခံထားရသူများဖြစ်ပြီးစစ်ကျန် BSA (Birmingham Small Arms Company Limited ) ဆိုင်ကယ်ဟောင်းတစ်စီးဖြင့် နိုင်ငံ ၃၀ ကိုတစ်နှစ်အတွင်း ဖြတ်သန်းခဲ့ခြင်းကြောင်းသိရသည်။
Credit: Yomalan

Recent Updates

Recent Posts Widget