တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၏ အကူအညီျဖင့္ အမ်ိဳးသားဇာတ္႐ုံ(ရန္ကုန္) ကို အဆင့္ ျမႇင့္တင္ မြမ္းမံမည္…!
အမ်ိဳးသားဇာတ္႐ုံ(ရန္ကုန္) ကို တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံ၏ အကူအညီျဖင့္ ဩဂုတ္ ၁ ရက္မွစတင္၍ အဆင့္ ျမႇင့္တင္ မြမ္းမံမည္ ျဖစ္ပါသျဖင့္ ဇာတ္႐ုံ ငွားရမ္းသုံးစြဲျခင္းဆိုင္ရာ ကိစၥရပ္မ်ားအား ဇြန္ ၁ ရက္မွစတင္၍ ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားဇာတ္႐ုံ (ရန္ကုန္) သည္ ၁၉၈၅ ခုႏွစ္ မတ္လ အတြင္း ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့သည့္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ ႏိုင္ငံေတာ္သမၼတႀကီး လီရွန္နင့္က ေမတၱာလက္ေဆာင္ ေပးအပ္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္မွ စတင္ တည္ေဆာက္ခဲ့၍ ၁၉၉၀ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ ၿပီးစီးခဲ့သည္။
ယခုအခါ သက္တမ္းအားျဖင့္ ၂၈ ႏွစ္တာကာလၾကာျမင့္ ၿပီျဖစ္သည့္ အတြက္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၏ အကူအညီျဖင့္ အသံစနစ္မ်ား အဆင့္ျမႇင့္တင္ျခင္း၊ ဇာတ္စင္သုံးမီးစနစ္မ်ား အဆင့္ျမႇင့္တင္ျခင္း၊ Air Con; စနစ္မ်ား အဆင့္ျမႇင့္တင္ျခင္း၊ ပြဲၾကည့္ထိုင္ခုံမ်ား အဆင့္ျမႇင့္တင္ျခင္း၊ အေဆာက္အဦပိုင္းဆိုင္ရာ အဆင့္ျမႇင့္တင္ ျခင္း၊ အလိုအေလ်ာက္ မီးၿငႇိမ္းသတ္စနစ္ အဆင့္ျမႇင့္ တင္ျခင္းႏွင့္ အျခားအေထြေထြ ျပဳျပင္မြမ္းမံျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္ျဖစ္ၿပီး ျပဳျပင္မြမ္းမံသည့္ကာလမွာ ခန္႔မွန္းအားျဖင့္ ၂ ႏွစ္ခန္႔ ၾကာျမင့္မည္ျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ သိရသည္။
Source – MOI
Unicode
အမျိုးသားဇာတ်ရုံ(ရန်ကုန်) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့် မြှင့်တင် မွမ်းမံမည်
အမျိုးသားဇာတ်ရုံ(ရန်ကုန်) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဩဂုတ် ၁ ရက်မှစတင်၍ အဆင့် မြှင့်တင် မွမ်းမံမည် ဖြစ်ပါသဖြင့် ဇာတ်ရုံ ငှားရမ်းသုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား ဇွန် ၁ ရက်မှစတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားဇာတ်ရုံ (ရန်ကုန်) သည် ၁၉၈၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတကြီး လီရှန်နင့်က မေတ္တာလက်ဆောင် ပေးအပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှ စတင် တည်ဆောက်ခဲ့၍ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။
ယခုအခါ သက်တမ်းအားဖြင့် ၂၈ နှစ်တာကာလကြာမြင့် ပြီဖြစ်သည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အသံစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ဇာတ်စင်သုံးမီးစနစ်များ အဆင့်မြှင့်တင်ခြင်း၊ Air Con; စနစ်များ အဆင့်မြှင့်တင်ခြင်း၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့်တင်ခြင်း၊ အဆောက်အဦပိုင်းဆိုင်ရာ အဆင့်မြှင့်တင် ခြင်း၊ အလိုအလျောက် မီးငြှိမ်းသတ်စနစ် အဆင့်မြှင့် တင်ခြင်းနှင့် အခြားအထွေထွေ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်မွမ်းမံသည့်ကာလမှာ ခန့်မှန်းအားဖြင့် ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
Source – MOI
Post Comment