မင်းသမီး ပွင့်နဒီမောင်ရဲ့ အိမ်ပေါ်ကနေ မီးခံသေတ္တာ အလုံးလိုက် မပြေးတဲ့ သူခိုး
Credit – celeplatform
Unicode Version
27ရက်နေ့ည 2:00 မှာအိမ်ထဲဝင်ဖောက်သွားတဲ့သူခိုး လူတွေအကုန်အိပ်နေချိန်တယောက်ထဲသူ့အိမ်သူ့ရာလိုအေးအေးဆေးဆေးဝင်ဖောက်တာ။ မီးခံသေတ္တာ ကိုအလုံးလိုက်မသွားတာ။
အိမ်မှာလူအိပ်တဲ့ အခန်းတွေကလွဲလို့တစ်အိမ်လုံးကို စိတ်ကြိုက်ဖွသွားတယ်။ တစ်အိမ်လုံးတစ်ယောက်မနိုးလို့။ တစ်ယောက် သာ နိုးရင်သတ်သွားမှာသေချာတယ်။ သွေးအေးအေးနဲ့cctv ကိုတောင် မျက်နှာကို လက်နဲ့အုပ်ပီး မော့ကြည့် သွားသေးတယ်။
ကျမဒီ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP1 မှာနေတာ ၁၀ စုနှစ်တစ်ခုရှိပါပီ..တစ်ခါမှသူခိုးဝင်တယ်ဆိုတာကြုံလည်းမကြုံဘူး။ ကြားလည်း မကြားဖူးဘူး။ အတင့်ရဲစွာ ဝင်ခိုးရဲတဲ့ခေတ်ကြီးပါလား။
အင်မတန်သတိထားကြပါလို့။ ကိုယ်တွေရပ်ကွက်ကလုံခြုံတယ်။ အိမ်သားတွေလည်း အိမ်မှာရှိတယ် ဆိုပြီး သတိလက်လွတ် မနေကြပါနဲ့။ ခုခေတ်ကခေတ်ပျက်နေတာ။ လစ်ရင်ခိုးမယ်။ မိရင်သတ်ပြီးအကုန်ယူသွားမှာ။
ကလေးလူကြီးမရွေး သတ်နေကြတဲ့ ခုခေတ် သူခိုးတွေရန် သတိထားကြပါလို့။ အိမ်အပြင်မှာ အသံကြားရင်တောင် ချက်ချင်းမထွက်ပဲ နီးစပ်ရာတစ်ခုခုကို အကြောင်းကြားသင့်ပါတယ်။
ပထမတော့ပို့စ်တင်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေ သတိရှိဖို့ ရည်ရွယ်ပြီး တင်လိုက်တာပါ။