အက်ီ ၤေတြမွာစြဲေနတဲ့ …ဖားဥေတြကို ….အထိေရာက္ဆံုး ခၽြတ္နည္း
Zawgyi
မိုး ရာ သီမွာ အက်ီ ၤဖားဥစြဲတဲ့ ျပႆနာေၾကာင့္ အိမ္ရွင္မေတြ စိတ္ညစ္ရပါတယ္။ ဖားဥကို ခၽြတ္ခ်င္ေဇာနဲ႔ ေလွ်ာ္ေပမယ့္ မေျပာင္ ၊ ခၽြတ္ေဆးေတြသံုးေတာ့လဲ အေရာင္ေတြကြက္ ၊ အက်ီေတြပါးနဲ႔ အင္မတန္မွ စိတ္ရႈပ္ရပါတယ္။
အက်ီ ၤလဲမမြဲ ၊ လူလဲမထိတဲ့ အိမ္မွာရွိတဲ့ သဘာ၀ပစၥည္းေလးေတြနဲ႔ ဖားဥစြဲတာကို ဖယ္ရွားလို႔ရပါတယ္။ ဖားဥစြဲတာအျပင္ အက်ီ ၤအျဖဴရဲ႕ ခ်ိဳင္းေနရာေတြမွာ ကြက္ေနတတ္တဲ့ အ၀ါေရာင္ေခၽြးကြက္ေတြကိုလဲ ဖယ္ရွားေပးႏုိင္တာေၾကာင့္ အစြမ္းထက္တဲ့ သဘာ၀နည္းေလး တစ္ခုပါ။
နည္းလမ္း (၁)
ဒီနည္းလမ္းေလးကေတာ့ ဆပ္ျပာမႈန္႔ ၊ သံပုရာရည္ ၊ ဆားနဲ႔ ေရတို႔ပဲ လိုအပ္ပါတယ္။ ေရႏွစ္လီတာကို ဆူပြက္ေအာင္တည္ၿပီး ဆား စားပြဲတင္ဇြန္း တစ္ဇြန္း ၊ ဆပ္ျပာမႈန္႔ စားပြဲတင္ဇြန္း ၄ ဇြန္းတို႔ကို သံပုရာသီး သံုးလံုးကို ညွစ္ထားတဲ့အရည္န႔ဲ ေရာစပ္လုိက္ပါ။ ဒီအရည္ထဲကို ဖားဥစြဲေနတဲ့ အက်ီ ၤကို မိနစ္ ၄၀ ေလာက္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရနဲ႔ ေဆးေၾကာလုိက္ရင္ တစ္ခါတည္း ေလွ်ာ္ၿပီးသား ဖားဥကင္းေနတဲ့အကၤ်ီေလးကို ရရွိမွာ ျဖစ္ပါတယ္။
နည္းလမ္း (၂)
ေနာက္နည္းလမ္း တစ္ခုကေတာ့ မုန္႔ဖုတ္ဆုိဒါနဲ႔ သံပုရာသီးကို အသံုးျပဳမွာပါ။ မုန္႔ဖုတ္ဆုိဒါကို ေရနည္းနည္းေရာၿပီး စားပြဲတင္ဇြန္း တစ္ဇြန္းခန္႔ ဖားဥစြဲေနတဲ့ အက်ၤ ီေပၚကို သုတ္လိုက္ပါ။ ဒီလို ၅ မိနစ္ေလာက္ထားၿပီး ေရနဲ႔ မေဆးခ်ေပးဘဲ သံပုရာသီးကို ထပ္ျခမ္းျခမ္းၿပီး အက်ၤ ီေပၚကို ပြတ္တုိက္ေပးလုိက္ပါ။ အဲဒီေနာက္ ၁၅ မိနစ္ေလာက္ ထပ္ထားၿပီး ဆပ္ျပာမႈန္႔နဲ႔ ေရေႏြးေႏြးနဲ႔ ေလွ်ာ္ဖြပ္လိုက္ပါ။ စြန္းထင္းေနတဲ့ ဖားဥေတြအျပင္ အက်ၤ ီကိုလည္း ပိုၿပီး အေရာင္ေတာက္ပလာေစပါတယ္။
ဒီလိုသဘာ၀နည္းလမ္းေကာင္းေလးေတြက ေငြကုန္သက္သာၿပီး ထိေရာက္တာေၾကာင့္ ႀကိဳးစားၾကည့္ဖို႔ တုိက္တြန္းလိုက္ပါတယ္။
Credit \\ original
Unicode
မိုးရာသီမှာ အကျီ င်္ဖားဥစွဲတဲ့ ပြဿနာကြောင့် အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။ ဖားဥကို ချွတ်ချင်ဇောနဲ့ လျှော်ပေမယ့် မပြောင် ၊ ချွတ်ဆေးတွေသုံးတော့လဲ အရောင်တွေကွက် ၊ အကျီတွေပါးနဲ့ အင်မတန်မှ စိတ်ရှုပ်ရပါတယ်။
အကျီ င်္လဲမမွဲ ၊ လူလဲမထိတဲ့ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ဖားဥစွဲတာကို ဖယ်ရှားလို့ရပါတယ်။ ဖားဥစွဲတာအပြင် အကျီ င်္အဖြူရဲ့ ချိုင်းနေရာတွေမှာ ကွက်နေတတ်တဲ့ အဝါရောင်ချွေးကွက်တွေကိုလဲ ဖယ်ရှားပေးနိုင်တာကြောင့် အစွမ်းထက်တဲ့ သဘာဝနည်းလေး တစ်ခုပါ။
နည်းလမ်း (၁)
ဒီနည်းလမ်းလေးကတော့ ဆပ်ပြာမှုန့် ၊ သံပုရာရည် ၊ ဆားနဲ့ ရေတို့ပဲ လိုအပ်ပါတယ်။ ရေနှစ်လီတာကို ဆူပွက်အောင်တည်ပြီး ဆား စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သံပုရာသီး သုံးလုံးကို ညှစ်ထားတဲ့အရည်နဲ့ ရောစပ်လိုက်ပါ။ ဒီအရည်ထဲကို ဖားဥစွဲနေတဲ့ အကျီ င်္ကို မိနစ် ၄၀ လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ ဆေးကြောလိုက်ရင် တစ်ခါတည်း လျှော်ပြီးသား ဖားဥကင်းနေတဲ့အင်္ကျီလေးကို ရရှိမှာ ဖြစ်ပါတယ်။
နည်းလမ်း (၂)
နောက်နည်းလမ်း တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာသီးကို အသုံးပြုမှာပါ။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းရောပြီး စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ဖားဥစွဲနေတဲ့ အကျင်္ ီပေါ်ကို သုတ်လိုက်ပါ။ ဒီလို ၅ မိနစ်လောက်ထားပြီး ရေနဲ့ မဆေးချပေးဘဲ သံပုရာသီးကို ထပ်ခြမ်းခြမ်းပြီး အကျင်္ ီပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။ အဲဒီနောက် ၁၅ မိနစ်လောက် ထပ်ထားပြီး ဆပ်ပြာမှုန့်နဲ့ ရေနွေးနွေးနဲ့ လျှော်ဖွပ်လိုက်ပါ။ စွန်းထင်းနေတဲ့ ဖားဥတွေအပြင် အကျင်္ ီကိုလည်း ပိုပြီး အရောင်တောက်ပလာစေပါတယ်။
ဒီလိုသဘာဝနည်းလမ်းကောင်းလေးတွေက ငွေကုန်သက်သာပြီး ထိရောက်တာကြောင့် ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit \\ original



