မီး၀င္ေနတဲ့ အားသြင္းၾကိဳးကို ပါးစပ္ထဲထည့္ခဲ့တဲ့ (၂) ႏွစ္အရြယ္သမီးေလး ရဲ႕ျဖစ္ရပ္ဆိုး..
မီး၀င္ေနတဲ့ အားသြင္းၾကိဳးကို ပါးစပ္ထဲထည့္ခဲ့တဲ့ (၂) ႏွစ္အရြယ္သမီးေလး ရဲ႕ျဖစ္ရပ္ဆိုး
အိႏိၵယႏိုင္ငံ ဘူလန္ရွာဟာျပည္နယ္ ဂ်ာဟန္ဂ်ီရာဘတ္ျမိဳ႕မွာ ျပီးခဲ့တဲ့ ေမလ ၁၈ ရက္ေန႔က ဖုန္းအားသြင္ၾကိဳး ကို ပါးစပ္ထဲ ထည့္ခဲ့တဲ့ ၂ ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္ ဓာတ္လိုက္ ေသဆံုးသြားခဲ့၇ရွာပါတယ္ …။
ဒီ ျဖစ္ပြားမႈဟာ ကေလးမေလးရဲ႕ အဖြားျဖစ္သူ အိမ္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ တစ္စံုတစ္ေယာက္က ဖုန္းကို အိမ္မွာ အားသြင္းထားပါတယ္။ အဲ့ဒီေနာက္ ဖုန္းကို ျဖဳတ္ယူသြားျပီး ဖုန္းအားသြင္းၾကိဳးကို မျဖဳတ္ဘဲ ခလုတ္မပိတ္ခဲ့တဲ့ အခ်ိန္မွာ ျဖစ္ပြားခဲ့တာပါ …။
ေဒလီျမိဳ႕ မူစတာဖာဘတ္ျမိဳ႕မွာ ေနထိုင္တဲ့ ရာဇီအာဆိုတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕ ႏွစ္ ႏွစ္အရြယ္ သမီးေလး ရွီဗာနဲ႔ လြန္ခဲ့တဲ့ ေသာၾကာေန႔ (ေမ ၁၇ ရက္)က အဖြားျဖစ္သူအိမ္ကို အလည္သြားခဲ့ပါတယ္။
စေနေန႔မွာေတာ့ မိသားစု၀င္ေတြထဲက တစ္ေယာက္ရဲ႕ ဖုန္းဟာ အားသြင္းထားျပီး သိပ္မၾကာတဲ့ေနာက္ ဖုန္းကို ျဖဳတ္သြားပါတယ္။ အဲ့ဒီ့မွာ မီးမပိတ္ဘဲ အားသြင္းၾကိဳးကိုလည္း တပ္လ်က္သားၾကီး ထား ထားခဲ့ပါတယ္ …။
ကေလးက ကေလးသဘာ၀အတိုင္း ေတာက္ေတာက္ ေလွ်ာက္သြားျပီး အားသြင္းၾကိဳးကို ပါးစပ္ထဲ ထည့္မိတဲ့အခါမွာေတာ့ ဓာတ္လိုက္ေသဆံုးမႈျဖစ္ေပၚခဲ့ရပါတယ္။
ဂ်ာဟန္ဂ်ီရာဘတ္ျမိဳ႕ရဲ႕ ရဲ ဌာနရဲ႕ အရာရွိ ပရက္ဒ္ဟန္ရဲ႕ အဆိုအရေတာ့ ကေလးရဲ႕ မိသားစုေတြက ဒီျဖစ္ပြားမႈနဲ႔ ဆက္လ်ဥ္းျပီး တစ္စံုတစ္ရာ တိုင္ၾကားမႈ မရွိလာခဲ့ေၾကာင္း၊ ဒါေၾကာင့္ ဒီ ကိစၥကို အမႈမဖြင့္ထားေၾကာင္း သိရပါတယ္ …။
တကယ္လို႔ တစ္စံုတစ္ေယာက္ကသာ တိုင္တန္းလာခဲ့မယ္ဆိုရင္ေတာ့ လုပ္ရုိး လုပ္စဥ္အတိုင္းသာ ေဆာင္ရြက္မွာျဖစ္ေၾကာင္းလည္း တစ္ဆက္တည္း ေျပာၾကားသြားခဲ့ပါတယ္။
ဒီ ျဖစ္ပြားမႈကိုသိရျပီးေနာက္ အခု ဖတ္ရႈေနသူေတြ အေနနဲ႔ ဘာမဟုတ္တဲ့ ေပါ့ဆမႈေလးေၾကာင့္ မလိုလားအပ္တဲ့ ဆံုးရႈံးမႈေတြ မရွိရေလေအာင္ ဆင္ျခင္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္ …။ ။
Ref: Times of India
Unicode
မီးဝင်နေတဲ့ အားသွင်းကြိုးကို ပါးစပ်ထဲထည့်ခဲ့တဲ့ နှစ် နှစ်အရွယ်သမီးလေး ရဲ့ဖြစ်ရပ်ဆိုး
အိန္ဒိယနိုင်ငံ ဘူလန်ရှာဟာပြည်နယ် ဂျာဟန်ဂျီရာဘတ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဖုန်းအားသွင်ကြိုး ကို ပါးစပ်ထဲ ထည့်ခဲ့တဲ့ ၂ နှစ်အရွယ် ကလေးမလေးတစ်ယောက် ဓာတ်လိုက် သေဆုံးသွားခဲ့ရရှာပါတယ် …။
ဒီ ဖြစ်ပွားမှုဟာ ကလေးမလေးရဲ့ အဖွားဖြစ်သူ အိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ဖုန်းကို အိမ်မှာ အားသွင်းထားပါတယ်။ အဲ့ဒီနောက် ဖုန်းကို ဖြုတ်ယူသွားပြီး ဖုန်းအားသွင်းကြိုးကို မဖြုတ်ဘဲ ခလုတ်မပိတ်ခဲ့တဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ …။
ဒေလီမြို့ မူစတာဖာဘတ်မြို့မှာ နေထိုင်တဲ့ ရာဇီအာဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ နှစ် နှစ်အရွယ် သမီးလေး ရှီဗာနဲ့ လွန်ခဲ့တဲ့ သောကြာနေ့ (မေ ၁၇ ရက်)က အဖွားဖြစ်သူအိမ်ကို အလည်သွားခဲ့ပါတယ်။
စနေနေ့မှာတော့ မိသားစုဝင်တွေထဲက တစ်ယောက်ရဲ့ ဖုန်းဟာ အားသွင်းထားပြီး သိပ်မကြာတဲ့နောက် ဖုန်းကို ဖြုတ်သွားပါတယ်။ အဲ့ဒီ့မှာ မီးမပိတ်ဘဲ အားသွင်းကြိုးကိုလည်း တပ်လျက်သားကြီး ထား ထားခဲ့ပါတယ် …။
ကလေးက ကလေးသဘာဝအတိုင်း တောက်တောက် လျှောက်သွားပြီး အားသွင်းကြိုးကို ပါးစပ်ထဲ ထည့်မိတဲ့အခါမှာတော့ ဓာတ်လိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ရပါတယ်။
ဂျာဟန်ဂျီရာဘတ်မြို့ရဲ့ ရဲ ဌာနရဲ့ အရာရှိ ပရက်ဒ်ဟန်ရဲ့ အဆိုအရတော့ ကလေးရဲ့ မိသားစုတွေက ဒီဖြစ်ပွားမှုနဲ့ ဆက်လျဉ်းပြီး တစ်စုံတစ်ရာ တိုင်ကြားမှု မရှိလာခဲ့ကြောင်း၊ ဒါကြောင့် ဒီ ကိစ္စကို အမှုမဖွင့်ထားကြောင်း သိရပါတယ် …။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ တိုင်တန်းလာခဲ့မယ်ဆိုရင်တော့ လုပ်ရိုး လုပ်စဉ်အတိုင်းသာ ဆောင်ရွက်မှာဖြစ်ကြောင်းလည်း တစ်ဆက်တည်း ပြောကြားသွားခဲ့ပါတယ်။
ဒီ ဖြစ်ပွားမှုကိုသိရပြီးနောက် အခု ဖတ်ရှုနေသူတွေ အနေနဲ့ ဘာမဟုတ်တဲ့ ပေါ့ဆမှုလေးကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မရှိရလေအောင် ဆင်ခြင်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်နော် …။ ။
Ref: Times of India


