ဖုန်းလွတ်​ကျပြီး မှန်​မကွဲ​သွားလို့ ဖုန်းပြင်ဆိုင်သွားလိုက်သောအခါ




ဖုန်းလွတ်​ကျပြီး မှန်​မကွဲ​သွားလို့ ဖုန်းပြင်ဆိုင်သွားလိုက်သောအခါ

တ​စ်​​နေ့က​ပေါ့ ဖုန်းလွတ်​ကျသွားလို့ မှန်​မကွဲ​လေးက အပ်​ရာထင်​သွားတယ်​ ဒါနဲ့ပဲ …..ဖုန်းဆိုင်​မှာ သွားပြီး အသစ်​လဲမလို့အသွား ရိုးသားလှတဲ့ သာမာန်​အလုပ်​သမား ​တောသူ​တောင်​သား သားအမိနှစ်​​ယောက်​နဲ့ ဆုံမိတယ်​။

ကျွန်​​တော်​ဆိုင်​​ရှေ့​ရောက်​​​တော့ မိခင်အို​တစ်ဦး​နဲ့ ​ကောင်​​လေးတစ်​​ယောက်​ဟာ ပြောင်းဖူး​တွေ အပြည့်​တင်​ထားတဲ့ စက်​ဘီးတစ်​စီးကို နှစ်​ဖက်​ထိန်း တွန်းလာပြီး ဆိုင်​​ရှေ့မှာလာရပ်​တယ်​။

ကျွန်​​တော်​လဲ ရုံးကဖုန်းဝင်​လာတာနဲ့ သူတို့နားမှာ ရပ်​ပြီးဖုန်း​ပြော​နေမိ​တော့ သူတို့​ပြောသံကြား​နေရတယ်​။

ကောင်​​လေးက မျက်​လုံး​တွေ အ​ရောင်​​တောက်​ပလို့ မ​နေ့ကမှ သူတို့​ပြောင်းဖူးပို့​နေတဲ့ ​ဒိုင်​ အလုပ်​ရှင်​က ဆက်​သွယ်​လို့ရ​အောင်​​ပေးလိုက်​တဲ့ ဖုန်းအ​ဟောင်း​လေးတစ်​လုံးကို

အလုပ်​လုပ်​ရင်းသီချင်း​နား​ထောင်​ဖို့အတွက်​ ဖုန်းဆိုင်​မှာ သီချင်း​လေး​တွေထည့်​​ပေးဖို့အပ်​ခဲ့ပြီး ဒီ​နေ့မှ လာရွေးကြတာလို့ သိရတယ်​။မ​နေ့က သူတို့ဆိုင်​ကို ဘယ်​လိုအပ်​ခဲ့လည်း​တော့မသိပါဘူး

သားအမိနှစ်ေ​ယာက်​စကား​တွေ​ပြောရင်း သူတို့မှာပါလာတဲ့ တစ်​ရာတန်​ နှစ်​ရာတန်​ တန်​ဖိုးအကြီးဆုံးဖြစ်တဲ့ ငါးရာတန်​​ငွေအချို့ကို ​ရေတွက်​​နေကြရင်း ဆိုင်​ထဲကို ဝင်​ဖို့ရွံ့​နေကြတယ်

ပြီး​တော့ သားအမိနှစ်​​ယောက်​တီးတိုး​ပြောကြရင်း ဆိုင်​ထဲကို ဝင်​သွားခဲ့တယ်​ ကျွန်​​တော်​က သူတို့​နောက်​က ဝင်​သွားပြီး ဖုန်းဆိုင်​ထဲက ပစ္စည်းအချို့ကိုကြည့်​ရင်း သားအမိနှစ်​​ယောက်

ဘာ​တွေခက်​ခဲ​နေကြလဲလို့ အမှတ်​မထင်​ နား​ထောင်​မိသွားတယ်​ ကောင်​​လေးက ဆိုင်​ရှင်​ကို “ အစ်​ကို မ​နေ့ကသီချင်းသွင်းထားတာ ရပြီလားလို့ ´´ ​မေးလိုက်​​တော့ ဆိုင်​ရှင်​က​ကောင်​​လေးကိုကြည့်​ပြီး

“ ​အေးကွ ရပြီ ​သေချာသွင်း​ပေးထားတယ်​ငါ့ညီရလို့ ´´ ​ပြောပြီး ​ကောင်​​လေးဖုန်းကိုထုတ်​​ပေးတယ်​ ပြီး​တော့ သီချင်းရှိတဲ့​နေရာကို ပြရင်း ဖွင့်​ပြတယ်​။

အဲဒီအထိ အဆင်​​ပြေ​နေကြတုန်း ကောင်​​လေးက ​ကျေနပ်​သွားပြီး “ အစ်​ကို ဘယ်​​လောက်​ကျပါသလဲလို့ ´´ ​မေးတယ်​ ဆိုင်​ရှင်​က ကျွန်​​တော့ဘက်​လှမ်းအကဲခက်​ပြီး “ ၄၀၀၀ ပါညီ​လေး သီချင်း​ကောင်း​တွေဆို​တော့တဲ့ ´´

အဲဒီမှာ ပြဿနာကစ​တော့တာပဲ ဒီသားအမိမှာ ​ငွေ ၄၀၀၀ မပါ​လောက်​ဘူး စအပ်​ကတည်းက ၄၀၀၀ ​လောက်​​ပေးရမယ်​လို့လည်း သားအမိနှစ်​​ယောက်​ မ​တွေးထားမိဘူး တကယ်​လဲ မတန်​ ပါဘူး

သီချင်း​လေးနည်းနည်း ဖုန်းထဲကိုထည့်​​ပေးတာ ဖုန်းဆိုင်​အ​နေနဲ့ ဘာမှမကုန်​ကျ မရင်းရသလို ဘာမှမခက်​ပါဘူး

သူတို့မ​တွေးထားတဲ့ ​ငွေဆို​တော့ သားအမိနှစ်​​ယောက်​ မျက်​နှာပျက်​ပြီး ရှိသမျှအိတ်​​တွေကို နှိုက်​ရှာကြတယ်​ ခဏ​နေ​တော့ ​ကောင်​​လေးက ဆိုင်​ရှင်​ကိုမရဲတရဲဖြင့်

“ အစ်​ကို ကျွန်​​တော်​တို့မှာက ၁၈၀၀ ပဲပါတယ်​ သီချင်း​တွေကို ၁၈၀၀ ဖိုးပဲထည့်​​ပေးလို့ မရဘူးလားတဲ့ ´´ တောသူ​တောင်​သား​တွေရဲ့ ရိုးသားစွာနဲ့ သူတို့ရဲ့အခက်​အခဲကို အမှန်​အတိုင်း​ပြောတာကို ဆိုင်​ရှင်​က…….

“ မင်းကလည်း နဂိုကရှင်းဖို့​ငွေမရှိရင်​ ဘာလို့ လာပြီး လုပ်​​နေ​သေးလဲ အာရုံကို​နောက်​တယ်​တဲ့ ´´ အဲဒီချိန်​မှာ သားအမိအတွက်​ကယ်​တင်​ရှင်​ဟု ထင်​ရတဲ့ ပိုင်​ရှင်​ရဲ့မိန်းမက အ​နောက်​ကထွက်​လာတယ်

ကျွန်​​တော့်​အထင်​ …… “ ​ယောက်ျားရယ်​​လျော့​ပေးလိုက်​ပါလို့ ´´ ​ပြောမယ်​ထင်​ခဲ့တာ .. သူ​ပြောမှပိုအံ့သြသွားတယ်​ ပြောပုံက… ….

“ အလုပ်​ကိုရှုပ်​တဲ့ဟာ​တွေ ​ယောက်ျား ပြန်​ဖျက်​လိုက်​ ပိုက်​ဆံလည်းမယူနဲ့တဲ့ ´´ ဆိုင်​ရှင်​ကလည်း ချက်​ချင်းပြန်​ဖျက်​ပြီး

“ သွား.. go ပိုက်​ဆံပြည့်​မှလာသွင်း ´´ ဆိုပြီး သားအမိနှစ်​​ယောက်​ကို ​မောင်းထုတ်​လိုက်​တယ်။

သားအမိနှစ်​​ယောက်​လည်း ခပ်​ကုပ်​ကုပ်​နဲ့ သူတို့ဖုန်း​ဟောင်း​လေးယူပြီးပြန်​ထွက်​သွားတယ်​။

ပြီးမှ ကျွန်​​တော့်​ဘက်​လှည့်​ပြီး “ အစ်​ကို ဘာလိုလဲတဲ့ ´´ ကျွန်​​တော်​လည်း ချင်​သွားတာနဲ့ မှန်​မကွဲလဲဖို့မ​ပြောမိဘဲ “ ကျွန်​​တော်​လည်း သီချင်းလာသွင်းတာ ​ငွေမ​လောက်​လို့ မသွင်း​တော့ပါဘူး 

ငွေစုလိုက်​ဦးမယ်​ ရပါပြီလို့​ ´´ ပြောပြီး ဆိုင်​က ပြန်​ထွက်​လာခဲ့တယ်​။

ဆိုင်​အဝက​နေ တစ်​ချက်​လှမ်းကြည့်​​တော့ ဆိုင်​ရှင်​လင်​မယားက မျက်​နှာကြီးနီရဲပြီး ကျွန်​​တော့်​ကို ဘုကြည့်​ကြည့်​​နေတယ်​။

သူတို့ ထပြီးပြဿနာမရှာခင်​ ကျွန်​​တော်​လည်း အမြန်​လစ်​ထွက်​လာခဲ့တယ်​။

ကျွန်​​တော်​ကပဲ ဆန္ဒရှိလို့လား ခုနက သားအမိကပဲ ကံ​ကောင်းလို့လားမသိဘူး ကျွန်​​တော်​ဆိုင်​ကထွက်​လာ​တော့ သားအမိက ​ပြောင်းဖူးစက်​ဘီးကြီးတွန်းသွားတာ သိပ်​မ​ဝေးဘူး

ကျွန်​​တော်​ သားအမိနှစ်​​ယောက်​​နောက်​လိုက်သွားပြီး “ ညီ​လေး ခဏ​လေး ´´ ဆို​တော့ သားအမိနှစ်​​ယောက်​က ငြိုးငယ်​တဲ့မျက်​နှာနဲ့ လှမ်းကြည့်​တယ်

ပြီး​တော့ …… “ ​ပြောင်းဖူးယူမလို့လားတဲ့ ဒိုင်​ကိုပို့ဖို့ အစိမ်း​တွေပါတဲ့ ´´

ကျွန်​​တော်​က.. …. “ မဟုတ်​ပါဘူး သီချင်းသွင်း​ပေးမလို့ပါလို့ ´´ ​​ပြော​တော့ သားအမိနှစ်​​ယောက်​လုံးမျက်​နှာဝင်းသွားတယ်​ ပြီး​တော့ မိခင်​ဖြစ်​သူက ကျွန်​​တော့်​ကို အားနာသလိုနဲ့ “

သားရယ်​….. အ​မေတို့မှာက ပိုက်​ဆံ ၁၈၀၀ ပဲပါတာ ​ပြောင်းဖူးသွားပို့ပြီးမှ ၆၀၀၀ ​လောက်​ရမှာလို့ ´´ ​နေကလည်းပူ စက်​ဘီးတွန်းရင်း​မောပန်းစွာ​ပြောတယ်။

ကျွန်​​တော်​က …. “ ရပါတယ်​ ကျွန်​​တော်​အဆင်​​ပြေသလို လုပ်​​ပေးပါမယ်​ဆိုပြီး ​ကောင်​​လေးဖုန်းကို​တောင်းပြီး Zypya နဲ့ချိတ်​ သီချင်းရှိသမျှ ကူး​ပေးလိုက်​တယ်​ ´´ ကူး​ပေးပြီး သီချင်းဖွင့်​​ပေးလိုက်​​တော့ 

ကောင်​​လေးက ….. “ ဟာ မြန်​လိုက်​တာ ဟိုဆိုင်လို​ရက်​​တောင်​မကြာဘူး​ ​ရော့ အစ်​ကို ´´ ဆိုပြီး ကျစ်​​နေ​အောင်​ကိုင်​ထားတဲ့ ​ငွေအ​ကြွေ​လေး​တွေကို ထုတ်​​ပေးတယ်​..

ကျွန်​​တော်​သ​ဘောကျသွားတယ်​ သူ​ပေးတဲ့လက်​ကို ပြန်​တွန်းပြီး “ သီချင်းသွင်း​ပေးတာ မခက်​ပါဘူး ငွေလည်းမကုန်​ပါဘူး အလကား သွင်း​ပေးတာပါလို့ ´´ လည်း ​ပြောလိုက်​​ရော

သားအမိနှစ်​​ယောက်​ မျက်​ရည်​ဝဲမတက်​ ဝမ်းသာ ​ကျေးဇူးတင်​ပြီး အိပ်​အ​ဟောင်းတစ်​လုံးနဲ့ သူတို့မှာပါလာတဲ့ ​ပြောင်းဖူးငါးဖူးကိုထည့်​ပြီး ကျွန်​​တော့်​ကို ​ကျေးဇူးတင်​​ကြောင်း​ပြောပြီး​ပေးရှာတယ်​။

ကျွန်​​တော်​က ​သူတို့​စေတနာကို အသိအမှတ်​ပြုတဲ့​အ​နေနဲ့ “ ငါးဖူး​တော့မယူပါဘူး တကယ်​စား​စေချင်​ရင်​ နှစ်​ဖူးဆို လုံ​လောက်​ပါပြီလို့​ ´´ ​ပြောရင်း သူတို့​ကျေနပ်​​အောင်​ ​ပြောင်းဖူးနှစ်​ဖူးကို

လက်​ခံယူ​ပေးလိုက်​​တယ်​ ပြီး​တော့ သူတို့ ဒိုင်​ကဖုန်း​ဟောင်း​လေး​ပေးတဲ့အကြောင်း သားဖြစ်​သူက သီချင်းသွင်းချင်​လို့ ဆိုင်​အပ်​တဲ့အ​ကြောင်း ​ကျေးဇူးတင်​​ကြောင်း အပြန်​အလှန်​​ပြောရင်း

ကိုယ့်ခရီးကိုယ်သွားကာ ​​လမ်းခွဲခဲ့ကြတယ်​။ သေချာတာတစ်​ခုက​တော့ သူတို့သားအမိ သီချင်းသံ​လေး​တွေနဲ့ အ​မော​ပြေစွာ ​ပြောင်းဖူးစက်​ဘီးကိုတွန်း​နေကြမှာဖြစ်​သလို

သူတို့​ပေးတဲ့​ပြောင်းဖူးဟာလည်း အိမ်​​ရောက်​လို့ ပြန်​ပြုတ်​စားရင်​ အရမ်းချိုမြ​နေမှာ မလွဲဘူးဆိုတာပါပဲ။

သူတပါးရဲ့​ချွေးနဲစာကို မတရားရယူလိုသူများနှင့်​ ကင်း​ဝေးကြပါ​စေ​ကြောင်း ဆန္ဒပြုရင်းဖြင့်

Ko Ye(YSH)

Recent Updates

Recent Posts Widget