” အိုင္ဖုန္းေတြအသံုးမျပဳဖို႔ တ႐ုတ္ႏိုင္ငံသားေတြလႈံ႔ေဆာ္ေန”
အိုင္ဖုန္းေတြအသံုးမျပဳဖို႔ တ႐ုတ္ႏိုင္ငံသားေတြလႈံ႔ေဆာ္ေန
အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံတို႔ ၿပီးခဲ့တဲ့တစ္ပတ္မွာ စည္းၾကပ္ခြန္ေတြတစ္ဖက္နဲ႔တစ္ဖက္အျပန္အလွန္တိုးေကာက္ၿပီး ကုန္သြယ္ေရးစစ္ပြဲကို အ႐ွိန္ျပန္ျမႇင့္ခဲ့တဲ့အျပင္ ၾကာသပေတးေန႔မွာဟြာေဝးကို အေမရိကန္အစိုးရက လုပ္ငန္းကန္႔သတ္ခ်က္ေတြထားလိုက္လို႔ တနဂၤေႏြေန႔မွာ ဟြာေဝးဖုန္းေတြမွာ ဂူဂယ္အက္ပလီေကး႐ွင္းေတြအသံုးျပဳခြင့္ကန္႔သတ္မယ္လို႔ ဂူဂယ္ကေျပာခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံသားေတြက အေမရိကန္ကုမၸဏီApple Incရဲ႕အိုင္ဖုန္းေတြအသံုးမျပဳဖို႔ တြစ္တာလိုမ်ိဳးတ႐ုတ္လူမႈကြန္ရက္Weiboမွာ တိုက္တြန္းေနၾကပါတယ္။
ဟြာေဝးရဲ႕လုပ္ငန္းေဆာင္ရြက္မႈ(Function)ေတြက အိုင္ဖုန္းေတြနဲ႔တန္းတူ႐ွိေနသလို သာတာေတြေတာင္႐ွိတယ္။ အဲဒီေလာက္ေကာင္းတဲ့စမတ္ဖုန္း႐ွိေနတာကို ငါတို႔က ဘာလို႔အိုင္ဖုန္းသံုးရမွာလဲလို႔Weiboသံုးတဲ့တ႐ုတ္လူမ်ိဳးတစ္ေယာက္က မွတ္ခ်က္ျပဳခဲ့ပါတယ္။
ကုန္သြယ္ေရးစစ္ပြဲကို ေစာင့္ၾကည့္ေနရတာ ကိုယ့္ကိုယ္ကိုအျပစ္႐ွိတယ္လို႔ ခံစားရတယ္။ ပိုက္ဆံ႐ွိတဲ့အခ်ိန္ဆိုရင္ေတာ့ ဖုန္းလဲကိုင္မယ္လို႔ ေနာက္ထပ္တစ္ေယာက္ကေျပာပါတယ္။
အေကာင့္တုေတြလို႔ယူဆရတဲ့တြစ္တာက တ႐ုတ္ဘာသာသံုးတဲ့အေကာင့္ေတြမွာလည္း အလားတူလႈံ႔ေဆာ္မႈမ်ိဳးေတြ႐ွိေနပါတယ္။
အေမရိကန္ကစခဲ့တဲ့ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္ရဲ႕ဆႏၵကဘာလဲဆိုတာျပၿပီးသားပါ။ တိုက္ေတာ့မတိုက္ခ်င္ဘူး။ ေၾကာက္လို႔မတိုက္တာေတာ့မဟုတ္ဘူးလို႔ အေကာင့္တုေတြေရးေနတဲ့တိြေတြထဲမွာပါေနပါတယ္။
၂၀၁၈ ခုႏွစ္ရဲ႕ေနာက္ဆံုး ၃ လမွာ တ႐ုန္မွာ အိုင္ဖုန္းေရာင္းအား ၂၅ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး အလားတူကာလမွာပဲ ဟြာေဝးစမတ္ဖုန္းအေရာင္း ၂၅ ရာခိုင္ႏႈန္းတက္လာတယ္လို႔ အစီရင္ခံစာ ၂ ခုကို ကိုးကားၿပီး Buzzfeedသတင္းဌာနကေဖာ္ျပပါတယ္။
ပံုမွန္လုပ္ေဆာင္မႈေတြကိုအဆင့္ျမႇင့္တင္တာနဲ႔ အျပင္ပန္းေျပာင္းလဲမႈေတြလုပ္ခဲ့ေပမဲ့ အရမ္းႀကီးသြားတဲ့ေစ်းမွာ သံုးတဲ့လူေတြအေနနဲ႔ သူတို႔ရဲ႕ဖုန္းကို အိုင္ဖုန္းေျပာင္းသံုးေစခ်င္တဲ့အဓိကတီထြင္ဖန္တီးမႈမ်ိဳးဘာမွမ႐ွိခဲ့ဘူး။ တ႐ုတ္ႏိုင္ငံကလူဦးေရအမ်ားႀကီးနဲ႔ တ႐ုတ္ျပည္တြင္းက တီထြင္ဖန္တီးမႈအားေကာင္းတဲ့အမွတ္တံဆိပ္ေတြရဲ႕ထိုးမွက္မႈတို႔ကလည္း Appleအေရာင္းဆက္တိုက္က်တာရဲ႕အေၾကာင္းရင္းျဖစ္ပါတယ္လို႔ Appleအစီရင္ခံစာမွာပါဝင္ပါတယ္။
အထူးသျဖင့္ တ႐ုတ္ႏိုင္ငံမွာ စီးပြားေရးအ႐ွိန္က်လာတာကို ကြၽန္ေတာ္တို႔ႀကိဳမတြက္ခဲ့ဘူးလို႔ Appleအမႈေဆာင္အရာ႐ွိခ်ဳပ္ တင္မ္ ကြတ္ကေျပာပါတယ္။
Source-Sputnik
Credit: The Fifth Wave News
Unicode Version
အိုင်ဖုန်းတွေအသုံးမပြုဖို့ တရုတ်နိုင်ငံသားတွေလှုံ့ဆော်နေ
အမေရိကန်နဲ့တရုတ်နိုင်ငံတို့ ပြီးခဲ့တဲ့တစ်ပတ်မှာ စည်းကြပ်ခွန်တွေတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲကို အရှိန်ပြန်မြှင့်ခဲ့တဲ့အပြင် ကြာသပတေးနေ့မှာဟွာဝေးကို အမေရိကန်အစိုးရက လုပ်ငန်းကန့်သတ်ချက်တွေထားလိုက်လို့ တနင်္ဂနွေနေ့မှာ ဟွာဝေးဖုန်းတွေမှာ ဂူဂယ်အက်ပလီကေးရှင်းတွေအသုံးပြုခွင့်ကန့်သတ်မယ်လို့ ဂူဂယ်ကပြောခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံသားတွေက အမေရိကန်ကုမ္ပဏီApple Incရဲ့အိုင်ဖုန်းတွေအသုံးမပြုဖို့ တွစ်တာလိုမျိုးတရုတ်လူမှုကွန်ရက်Weiboမှာ တိုက်တွန်းနေကြပါတယ်။
ဟွာဝေးရဲ့လုပ်ငန်းဆောင်ရွက်မှု(Function)တွေက အိုင်ဖုန်းတွေနဲ့တန်းတူရှိနေသလို သာတာတွေတောင်ရှိတယ်။ အဲဒီလောက်ကောင်းတဲ့စမတ်ဖုန်းရှိနေတာကို ငါတို့က ဘာလို့အိုင်ဖုန်းသုံးရမှာလဲလို့Weiboသုံးတဲ့တရုတ်လူမျိုးတစ်ယောက်က မှတ်ချက်ပြုခဲ့ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲကို စောင့်ကြည့်နေရတာ ကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့ ခံစားရတယ်။ ပိုက်ဆံရှိတဲ့အချိန်ဆိုရင်တော့ ဖုန်းလဲကိုင်မယ်လို့ နောက်ထပ်တစ်ယောက်ကပြောပါတယ်။
အကောင့်တုတွေလို့ယူဆရတဲ့တွစ်တာက တရုတ်ဘာသာသုံးတဲ့အကောင့်တွေမှာလည်း အလားတူလှုံ့ဆော်မှုမျိုးတွေရှိနေပါတယ်။
အမေရိကန်ကစခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ရဲ့ဆန္ဒကဘာလဲဆိုတာပြပြီးသားပါ။ တိုက်တော့မတိုက်ချင်ဘူး။ ကြောက်လို့မတိုက်တာတော့မဟုတ်ဘူးလို့ အကောင့်တုတွေရေးနေတဲ့တွိတွေထဲမှာပါနေပါတယ်။
၂၀၁၈ ခုနှစ်ရဲ့နောက်ဆုံး ၃ လမှာ တရုန်မှာ အိုင်ဖုန်းရောင်းအား ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အလားတူကာလမှာပဲ ဟွာဝေးစမတ်ဖုန်းအရောင်း ၂၅ ရာခိုင်နှုန်းတက်လာတယ်လို့ အစီရင်ခံစာ ၂ ခုကို ကိုးကားပြီး Buzzfeedသတင်းဌာနကဖော်ပြပါတယ်။
ပုံမှန်လုပ်ဆောင်မှုတွေကိုအဆင့်မြှင့်တင်တာနဲ့ အပြင်ပန်းပြောင်းလဲမှုတွေလုပ်ခဲ့ပေမဲ့ အရမ်းကြီးသွားတဲ့ဈေးမှာ သုံးတဲ့လူတွေအနေနဲ့ သူတို့ရဲ့ဖုန်းကို အိုင်ဖုန်းပြောင်းသုံးစေချင်တဲ့အဓိကတီထွင်ဖန်တီးမှုမျိုးဘာမှမရှိခဲ့ဘူး။ တရုတ်နိုင်ငံကလူဦးရေအများကြီးနဲ့ တရုတ်ပြည်တွင်းက တီထွင်ဖန်တီးမှုအားကောင်းတဲ့အမှတ်တံဆိပ်တွေရဲ့ထိုးမှက်မှုတို့ကလည်း Appleအရောင်းဆက်တိုက်ကျတာရဲ့အကြောင်းရင်းဖြစ်ပါတယ်လို့ Appleအစီရင်ခံစာမှာပါဝင်ပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံမှာ စီးပွားရေးအရှိန်ကျလာတာကို ကျွန်တော်တို့ကြိုမတွက်ခဲ့ဘူးလို့ Appleအမှုဆောင်အရာရှိချုပ် တင်မ် ကွတ်ကပြောပါတယ်။
Source-Sputnik
Credit: The Fifth Wave News