“Breaking News ဘာလီကြ်န္းက မီးေတာင္ေခ်ာ္ျပာေတြ မႈတ္ထုတ္လာတာေျကာင့္ ေလဆိပ္ကုိယာယီပိတ္ထားရ”
Breaking News
ဘာလီကၽြန္းက မီးေတာင္ ေခ်ာ္ျပာေတြ မုတ္ထုတ္လာတာေၾကာင့္ ေလဆိပ္ကို ယာယီပိတ္ထားရ
ဘာလီကၽြန္းက မီးေတာင္ တစ္ခုက မေန႔ညက ေခ်ာ္ျပာေတြ မုတ္ထုတ္လာေၾကာင့္ နာမည္ေက်ာ္ ဘာလီ ကၽြန္းရဲ႕ ေလဆိပ္ကို ယာယီပိတ္ထားရတယ္လုိ႔ဆုိပါတယ္… ဘာလီကိုသြားမဲ့ ေလယာဥ္ေလးစင္းဟာ တစ္ျခားေနရာမွာ ဆင္းသက္ခဲ့ရၿပီး ဘာလီကေန ထြက္မဲ့ ေလယာဥ္ငါးစီးရဲ႕ ခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ရပါတယ္..
ဒီေတာင္နာမည္က Agung ပါ… ၁၉၆၃ ခုႏွစ္မွာ သက္ဝင္လုပ္ရွားလာၿပီး ေခ်ာ္ျပာေတြ မုတ္ထုတ္တာေၾကာင့္ လူတစ္ေထာင္ေက်ာ္ေလာက္ ေသဆံုးခဲ့ရဖူးပါတယ္… အဲဒီေနာက္ပိုင္းမွာေတာ့ မီးေတာင္ဟာ ျပန္ျငိမ္သက္သြားၿပီး ၂၀၁၇ ခုႏွစ္မွာ ျပန္လည္ သက္ဝင္လုပ္ရွားလာခဲ့ပါ…
၂၀၁၇ ႏွစ္ျဖစ္မွာ အႏၵာရာယ္ရွိတဲ့ အဆင့္ေရာက္လာတဲ့ အတြက္ လူေပါင္း တစ္သိန္းခြဲခန္႔ကို ေဘးလြန္ရာကို ေရႊ႕ေျပာင္းခဲ့ရပါတယ္… အဲဒီ ေခ်ာ္ျပာေတြဟာ ဘာလီကၽြန္းတင္မက အနီးနားက ကၽြန္းေတြေပၚထိ ပ်ံႏံွ႕ေရာက္ရွိသြားၿပီး လူအခ်ိဳ႕ တိရိစၦန္ေတြ ေသေၾကပ်က္စီးခဲ့ရတာပါ…
ဒီမီးေတာင္ဟာ ကမၻာလွည့္ခရီးသည္ေတြ လာေရာက္အပန္းေျဖၾကတဲ့ နာမည္ေၾကာ္ ကမ္းေျခ Kuta နဲ႔ ၇၅ ကီလိုမီတာ အကြာမွာရွိတယ္လုိ႔ဆိုပါတယ္…
ေလဆိပ္ျပန္ဖြင့္မဲ့ အခ်ိန္ကိုေတာ့ ဒီသတင္း တင္ခ်ိန္အထိ မသိရေသးပါဘူး…
Crd – Myanmar International Braking News
Unicode Version
Breaking News
ဘာလီကျွန်းက မီးတောင် ချော်ပြာတွေ မုတ်ထုတ်လာတာကြောင့် လေဆိပ်ကို ယာယီပိတ်ထားရ
ဘာလီကျွန်းက မီးတောင် တစ်ခုက မနေ့ညက ချော်ပြာတွေ မုတ်ထုတ်လာကြောင့် နာမည်ကျော် ဘာလီ ကျွန်းရဲ့ လေဆိပ်ကို ယာယီပိတ်ထားရတယ်လို့ဆိုပါတယ်… ဘာလီကိုသွားမဲ့ လေယာဉ်လေးစင်းဟာ တစ်ခြားနေရာမှာ ဆင်းသက်ခဲ့ရပြီး ဘာလီကနေ ထွက်မဲ့ လေယာဉ်ငါးစီးရဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်..
ဒီတောင်နာမည်က Agung ပါ… ၁၉၆၃ ခုနှစ်မှာ သက်ဝင်လုပ်ရှားလာပြီး ချော်ပြာတွေ မုတ်ထုတ်တာကြောင့် လူတစ်ထောင်ကျော်လောက် သေဆုံးခဲ့ရဖူးပါတယ်… အဲဒီနောက်ပိုင်းမှာတော့ မီးတောင်ဟာ ပြန်ငြိမ်သက်သွားပြီး ၂၀၁၇ ခုနှစ်မှာ ပြန်လည် သက်ဝင်လုပ်ရှားလာခဲ့ပါ…
၂၀၁၇ နှစ်ဖြစ်မှာ အန္ဒာရာယ်ရှိတဲ့ အဆင့်ရောက်လာတဲ့ အတွက် လူပေါင်း တစ်သိန်းခွဲခန့်ကို ဘေးလွန်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်… အဲဒီ ချော်ပြာတွေဟာ ဘာလီကျွန်းတင်မက အနီးနားက ကျွန်းတွေပေါ်ထိ ပျံနံှ့ရောက်ရှိသွားပြီး လူအချို့ တိရိစ္ဆန်တွေ သေကြေပျက်စီးခဲ့ရတာပါ…
ဒီမီးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်အပန်းဖြေကြတဲ့ နာမည်ကြော် ကမ်းခြေ Kuta နဲ့ ၇၅ ကီလိုမီတာ အကွာမှာရှိတယ်လို့ဆိုပါတယ်…
လေဆိပ်ပြန်ဖွင့်မဲ့ အချိန်ကိုတော့ ဒီသတင်း တင်ချိန်အထိ မသိရသေးပါဘူး…
Crd – Myanmar International Braking News



