မင်းသားလုပ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုတဲ့ J Fire




လူငယ်အများအပြားရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် J Fire ကိုတော့ သူ့ရဲ့ ထူ့းခြားသွားတဲ့ အရာကိုတော့ ပရိသတ်တွေ သတိထားမိကြမှာပါ။ J Fire ကတော့ ဂီတလောကကို စပြီးတော့ ဝင်လာတဲ့အချိန်တွေမှာ ဝတုတ်တုတ်ကောင်လေးတယောက် အဖြစ်ဝင်လာတာ ဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ ဗလတောင့်တောင့်နဲ့ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် J Fire ကတော့ သူဝနေတုန်းက အကျီင်္တွေကို ညီလေးတွေ အသိတွေကို ပေးလိုက်ကြောင်း ပြောကြားသွား ခဲ့ပြီး သူ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

J Fire ကတော့ အင်တာဗျူးတွင် ၂၀၁၉ မှာ ဘာတွေ ပြောင်းလဲသွားပြီလဲဆိုတဲ့ အပေါ်မှာတော့ “အများကြီးပါပဲ။ အမြဲတမ်းပြောင်းလဲချင်နေတဲ့သူဆိုတော့ ပြောင်းလဲမှုတွေကိုလည်း ဆက်ပြီးတော့ လုပ်နေပါတယ်။ ပြောင်းလဲလာတာကိုလည်း အားလုံးတွေ့မှာပါ။ နောက်ထပ်ပြောင်းလဲလာတာတွေကိုလည်း တွေ့ရမှာပါ”

ဝ တုန်းက ဝတ်တဲ့ အဝတ်အစားတွေကို ဘာလုပ်ပစ်လဲဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော်နှစ်ခါဝယ်ရတယ်ဗျာ။ ကျွန်တော် ပထမဆုံးခွေထွက်တဲ့အချိန်မှာ ဝ နေတုန်းက အင်္ကျီပွပွကြီးတွေ အကောင်းကြီးတွေ ရှိုးပွဲမှာ ဝတ်ရတဲ့အဝတ်တွေ နောက်ပြီးကျတော့ ဝိတ်ချလိုက်တဲ့အချိန်မှာ အဲ့တုန်းက အကျီင်္တွေကို ကျွန်တော်နဲ့သိတဲ့ ဝတဲ့သူတွေကို ပေးလိုက်တယ်။ ပိန်သွားတဲ့အချိန်မှာလည်း ကျွန်တော် အကျီင်္တွေ ထပ်ဝယ်တယ်။

ပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်ကို ထု ထပ်တင်လိုက်တော့ အကျီင်္တွေက မတန်တော့ပြန်ဘူး။ အဲ့ဒါနဲ့ အဲ့အကျီင်္တွေကိုလည်း သူများကို ပေးလိုက်ရပြန်တယ်။ အဲ့ဒါနဲ့ ကျွန်တော်နားလည်သွားတယ်။ အခုနောက်ပိုင်း အကျီင်္တွေဝယ်တဲ့အခါ တပွဲချင်းဆီကိုပဲ လိုက်ပြီးတော့ ဝယ်တော့တယ်။ ထပ်ပြီးတော့လည်း ဝိတ်က ပြန်တင်နေတာဆိုတော့။ ဝဲလိုက်ပါပြီ။ အကျီင်္တွေကို အသိတွေကို ပေးလိုက်ပါပြီ။ လက်ရှိမှာတော့ ကိုယ် အလေးချိန် က ၁၇၂ ပေါင်ပါ”

မင်းသားလုပ်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မစဉ်းစားရသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ပေးချင်တဲ့ Message လေးတွေ ရှိပါတယ်။ လောလောဆယ်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Recent Updates

Recent Posts Widget