မြန်မာဆန်ဆန်လေးဝတ်ပြီး “စရိုက်” Press Show ပွဲကို တက်ရောက်ခဲ့တဲ့ အေးမြတ်သူ




သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ အကယ်ဒမီ ဆုကြီးကိုလည်း ပူပူနွေးနွေး ရရှိထားတဲ့သူ တစ်ဦးဖြစ်ပါတယ်။

အေးမြတ်သူက မေလ(၂၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “စရိုက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို တက်ရောက်ခဲ့ပါတယ်။ ထိုပွဲကိုတော့ အေးမြတ်သူက မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးးသာဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။

အေးမြတ်သူက “စရိုက်”ရုပ်ရှင်ဇာတ်ကားကြီးကို ဝန်းရံပေးဖို့ အခုလိုပဲ ပြောပြထားပါတယ်။ “ချူဆီ ရုံမတင်ကတည်း က စရိုက်ရုပ်ရှင်ကားကြီး ရဲ့ Trailer က အရမ်းကိုလူကြိုက်များပြီး ရုပ်ရှင်ချစ်သူ တွေ အကြိုက်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ချစ်သူတွေအားလုံး မျှော်လင့်နေတဲ့ စရိုက်ရုပ်ရှင်ကားကြီး မနက်ဖြန် ကစပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ တပြိုင်နက်ထဲပြသပါတော့မယ်လို့ သတင်းစကားလေး လက်တို့ပါတယ်ရှင့်။ ဘဲဥ မ ရယ်၊ တင်မောင်ဝင်းရယ် ဘယ်လိုတွေ စရိုက်ကျမလဲ မနက်ဖြန် စရိုက်ရုပ်ရှင်ကားကြီး မှာကြည့်ရူ့ကြရအောင်ရှင့်” ဆိုပြီး ပြောထားပါတယ်။

ချိုသာတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက ဘယ်အချိန်ကြည့်ကြည့် မြင်သူရင်ကို အေးစေတယ်နော်။

အေးမြတ်သူကတော့ အခုချိန်ထိ အပျိုကြီးအဖြစ် အပူမရှာပဲ အေးအေးဆေးဆေးသာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Myat Thu’s fb

Credit  \original

Recent Updates

Recent Posts Widget

Post Comment