American Vision မျက်မှန်ဆိုင် ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို မျှဝေလိုက်တဲ့ ဝတ်မှုံရွှေရည်





နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့က အနုပညာလောကမှာတော့ အောင်မြင်မှုတွေကိုယ်စီနဲ့ ရပ်တည်နေသူတွေ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကိုလည်း အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ကြပြီး အတွဲညီညီသရုပ်ဆောင်နိုင်တဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်က အမေရိကန်ဗွီးရှင်း မျက်မှန်ဆိုင်အတွက် ကြော်ငြာအတူတူ ရိုက်ကူးခဲ့ကြပါတယ်။

American Vision မျက်မှန်ဆိုင်ကြော်ငြာကို လွန်ခဲ့တဲ့ (၇)နှစ်ကျော်ကလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ပဲ သရုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အခု(၂၀၁၉)ခုနှစ်မှာတော့ သူတို့နှစ်ဦးကပဲ ပုံစံအသစ်လေးနဲ့ ပြန်လည်ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
မိုမိုလေးပရိသတ်တွေအတွက် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရိုက်ကွင်းပေါ်မှ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်နော်။


အရင်တည်းက နာမည်ကြီးပြီးသား ကြော်ငြာတစ်ခုကို ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ကလည်း အတွဲညီညီနဲ့ သရုပ်ဆောင်ပေးထားတာကို တွေ့ရှိရပါတယ်

စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့က G Shock နာရီရဲ့ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကိုလည်း ကိုယ်စီလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
American Vision မျက်မှန်ဆိုင် ရိုက်ကွင်းပေါ်မှာ မျက်နှာပြောင်နေတဲ့ ဝတ်မှုံရွှေရည်
စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ကတော့ ကြော်ငြာရိုက်ကွင်းမှာ အတွဲညီညီနဲ့ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ “American Vision” မျက်မှန်ဆိုင် ကြော်ငြာအသစ်လေး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget

Post Comment