“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို အသေးစိတ် ပြင်ဆင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ဗီဒီယို
ပရိသတ်တွေကြားမှာ တော်တော်လေးအောင်မြင်ခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ လက်ရှိမှာ ဝါရင့်သရုပ်ဆောင်တွေရော၊ အသစ်တွေကိုပါ လက်တွဲခေါ်ပြီးရိုက်ကူးထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး မကြာခင်မှာ ပရိသတ်တွေကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို အသေးစိတ် ပြင်ဆင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေ မမြင်နိုင်တဲ့ ဇာတ်လမ်းရဲ့မြုပ်ကွက်တွေနဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လောက်တောင် ကြည့်လို့မိုက်မလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလှပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို မရိုက်ကူးခင် သရုပ်ဆောင်တွေ ပြင်ဆင်ထားကြရတဲ့ Rehearsal ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
“သူစိမ်းအိမ်” ရုပ်ရှင်ကားကြီးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေးတို့အပြင် အသစ်တွေဖြစ်ကြတဲ့ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင့်ထူး၊ ကူးကူးဇင်အောင်နဲ့ မြတ်နိုးအေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့လည်း သိရပါတယ်။
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို အသေးစိတ်ပြင် ပြင်ဆင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ဗီဒီယို
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေအပြင်၊ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။ ဇာတ်ကားကို စတင်မရိုက်ခင် Rehearsal အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးကိုခေါ်ပြီး တစ်ကားလုံးအတွက် ပြင်ဆင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်မြင်မှုတွေရရှိဦးမှာ မလွဲမသွေပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် အားပေကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source;သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး
Credit \\ original





