သင့်ဖုန်းမှာ App တွေကို “Dark Mode” ထားသုံးတဲ့အခါ ရလာမယ့် အကျိုးကျေးဇူးများ





ခုနောက်ပိုင်းမှာတော့ စမတ်ဖုန်းတွေမှာ Dark Mode (Night Mode) သုံးတာတွေ တော်တော်လေး ခေတ်စားလာပါတယ်။ အဓိက ဆော့ဝဲကြီးတွေ ဖြစ်ကြတဲ့ Google, Microsoft, Apple နဲ့ Android တွေမှာလည်း Dark Mode အသီးသီးတွေ ဖန်တီးလာကြပါတယ်။


ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖြစ်ပေါ်လာတဲ့ Dark Mode က ဖုန်းအသုံးပြုသူတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာ Shwemom ပရိသတ်တို့ သိဖို့ ဖော်ပြပေးလိုက်ရပါတယ်။


Shutterstock / Hadrian
ကျန်းမာရေးအကျိုးကျေးဇူးများ


Dark Mode တွေရဲ့ အကြီးမားဆုံး ကျန်းမာရေးအကျိုးကျေးဇူးကတော့ ဖုန်း screen ကနေ Blue Light ထုတ်လွှတ်မှု လျော့နည်းတဲ့အတွက် အိပ်မပျော်ခြင်းကို လုံးဝမဖြစ်စေပါဘူး။ လူတော်တော်များများကတော့ dark mode ကို မျက်လုံးသက်သာစေဖို့အတွက် သုံးကြတာပါ။ Dark mode က ဖုန်း screen ကို စိုက်ကြည့်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်လုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အလင်းကြောက်ရောဂါ (Photophobia) ရှိသူတွေအတွက်လည်း ဖုန်းသုံးရာမှာ အတော်အဆင်ပြေစေပါတယ်။



Shutterstock / Tenebroso
အခြားလက်တွေ့ကျတဲ့အကျိုးကျေးဇူးများ

တော်တော်များများ သိပြီးလောက်ကြပြီဖြစ်ပေမယ့် Dark Mode က ဖုန်းဘက်ထရီစား သက်သာစေပါတယ်။ အမည်းရောင်ဗားရှင်းဖြစ်တဲ့အတွက် Low-light setting နဲ့ အလင်းလျှော့ပြီး သုံးလို့ရတဲ့အတွက် ဘက်ထရီအားကုန် သက်သာစေသလို Pixel တွေ သိပ်အလုပ်မလုပ်ရတဲ့အတွက်လည်း screen ကြောင်တာမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နောက်ခံအဖြူပေါ်မှာ စာလုံးအမည်းနဲ့ သုံးတာထက် နောက်ခံအမည်းပေါ်မှာ စာလုံးအဖြူတွေ သုံးခြင်းက margin နေရာလိုအပ်မှု ပိုနည်းတဲ့အတွက် Dark Mode က Web ဒီဇိုင်နာတွေ၊ app ဒီဇိုင်နာတွေရဲ့ အကြိုက်ပိုဖြစ်ပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget