အောင်မြင်တဲ့ Online Shop တစ်ခု တည်ထောင်နိုင်ဖို့ နည်းလမ်း(၄)ချက်





သင်က Online ကနေ ကုန်ပစ္စည်းတွေ ရောင်းဖို့ စိတ်ဝင်စားနေတာလား။ ဒါမှမဟုတ် လက်ရှိမှာရော အဲဒီ Online Shop ကို စ လုပ်နေပြီလား။ ဒီလိုဆိုရင်တော့ သင်ရဲ့ Online Shop ကို ပိုပြီး တိုးတက်လာအောင်၊ အောင်မြင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်နော်။ ဒီအချက်လေးတွေကိုသုံးပြီး သင့်ရဲ့လုပ်ငန်းကို ပိုမိုတိုးတက်လာအောင် စီမံလိုက်ပါ။


(၁)။ ဆွဲဆောင်မှုရှိအောင်လုပ်ပါ
သင့်ရဲ့ Online Shop စာမျက်နှာမှာ တင်လိုက်တဲ့ ပို့စ်တိုင်း၊ ဓာတ်ပုံတိုင်းက ဆွဲဆောင်မှု ရှိနေပါစေ။ ဘယ်လို ပို့စ်မျိုးကိုပဲဖြစ်ဖြစ် သေချာလေး စဉ်းစားပြီး ပရိသတ်တွေကြိုက်အောင် စီစဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ Page မှာ ပို့စ်တွေ ရှိနေရင်ပြီးရောဆိုပြီး ဖြစ်သလိုတွေ တင်နေမယ်ဆိုရင် သင့်ရဲ့ Online Shop ကို လူတွေက သိပ်ပြီး စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒီတော့ သူများနဲ့မတူတဲ့ အိုင်ဒီယာလေးတွေ၊ ဓာတ်ပုံလေးတွေကို သုံးပြီး အကောင်းဆုံးဖြစ်အောင် လုပ်လိုက်ပါ။



Andrey_Popov/Shiutterstock
(၂)။ ပရိသတ်ကိုရွေးချယ်ပါ
ကိုယ်က အမျိုးသားတွေအတွက် ပစ္စည်းရောင်းတာလား ၊ အမျိုးသမီးတွေအတွက်လား ၊ ဒါမှမဟုတ် လူငယ်တွေအတွက်လား ၊ လူကြီးတွေအတွက်လား စသဖြင့် ကိုယ်ပစ်မှတ်ထားချင်တဲ့ ပရိသတ်ကို သေချာလေး သိအောင်လုပ်ဖို့လိုပါတယ်။ သင်က အမျိုးသမီးအသုံးအဆောင်တွေ ရောင်းချင်တယ်ဆိုရင် အမျိုးသားတွေနဲ့ ပတ်သက်တဲ့ ပို့စ်မျိုးတွေ မတင်သင့်ပါဘူး။ သင်တင်လိုက်တဲ့ ပို့စ်တိုင်း က သင်ရည်ရွယ်တဲ့ ပရိသတ်အတွက်ပဲ ဖြစ်သင့်ပြီး အဲဒီနည်းလမ်းက ပရိသတ်အစစ်အမှန်တွေကို တစ်နေရာတည်းမှာ စုစည်းထားပြီးသားဖြစ်မှာပါ။

(၃)။ ဂရုစိုက်ပါ

ကိုယ့်ရဲ့ ပစ္စည်းကို သုံးစွဲသူတွေ၊ ၀ယ်ယူနေသူတွေဆီက တုန့်ပြန်မှုကောင်းတွေ ရအောင်လုပ်ပါ။ အထူးသဖြင့် သူတို့ကို ဂရုစိုက်ရမှာပါ။ သူတို့ မေးသမျှမေးခွန်းတွေကို မြန်မြန်လေး ပြန်ဖြေပေးတာ ၊ သူတို့ရဲ့မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးတာ စတာတွေက သူတို့ကို ဂရုစိုက်တယ်ဆိုတာ ပြသလိုက်တာပါပဲ။ ဒီနေ့ခေတ်ရဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက ၀န်ဆောင်မှုပိုင်းကို ဂရုစိုက်တတ်သူတွေဖြစ်လို့ သူတို့ကို ဘယ်လောက်အလေးထားတယ်ဆိုတာ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေနဲ့အတူ သက်သေပြလိုက်ပါ။



My Life Graphic/Shutterstock
(၄)။ ပြိုင်ဖက်တွေကို စောင့်ကြည့်ပါ
သင်နဲ့လုပ်ငန်းတူ ပြိုင်ဖက်တွေကို အမြဲစောင့်ကြည့်နေဖို့ မမေ့ပါနဲ့။ သူတို့ ဘယ်လိုနည်းလမ်းတွေကို သုံးနေကြလဲ။ သူတို့ရဲ့ ဘယ်လိုနည်းတွေက ပရိသတ်တွေအကြိုက်ဆုံးဖြစ်နေလဲ။ စတာတွေကို စောင့်ကြည့်ပြီး မတူတဲ့ အကြံဥာဏ်တွေရလာနိုင်သလို ပရိသတ်တွေရဲ့အကြိုက်ကိုလည်း သိလာနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတူ ပြိုင်ဖက်တွေကို အမြဲစောင့်ကြည့်ခြင်းဟာ သင့်ရဲ့ လုပ်ငန်းကို ပိုမိုတိုးတက်လာစေမှာဖြစ်ပြီး အကြံဥာဏ်ကောင်းတွေလည်း ရလာမှာ အမှန်ပါပဲ။


Nong Mars/Shutterstock

Credit  \\ original

Recent Updates

Recent Posts Widget