“Avengers: Endgame ကို ၁၁၄ ေခါက္တိတိၾကည္႔ခဲ႔သူ။”
႐ုပ္႐ွင္ခေရဇီေတြအတြက္ အားတက္စရာသတင္းလို႔ေျပာရမလား၊ တစ္ဖက္စြန္းေရာက္တဲ့အထိ အ႐ူးအမူးျဖစ္လြန္းတယ္လို႔
ဆိုရမလား… ဘယ္လိုပဲျဖစ္ျဖစ္ ဒီေလာက္႐ူးသြပ္မႈဟာ ျသခ်စရာေကာင္းခဲ့တာေတာ့ အမွန္ပါပဲ။
အေၾကာင္းကေတာ့ဒီလိုပါ။ ႐ုပ္႐ွင္ဝါသနာအိုးတစ္ဦးျဖစ္တဲ့ ျသဂတ္စတင္းဟာ သူသိပ္ႀကိဳ္က္တဲ့ Avengers: Endgame ရုပ္ရွင္
ကို ၁၁၄ ေခါက္တိတိ ႐ုပ္႐ွင္ရံုထဲသြားၾကည့္ခဲ့တယ္လို႔ သိရပါတယ္။သူက ႐ုပ္႐ွင္တစ္ေခါက္သြားၾကည့္တုိင္း ႐ုပ္႐ုင္ရံုဝန္ထမ္း၊
ဒါမွမဟုတ္ ႐ုပ္႐ွင္လက္မွတ္ကို ဓာတ္ပံု႐ိုက္လို႔ တြစ္တာစာမ်က္မွာေပၚတင္ေလ့႐ွိၿပီး သူ ႐ုပ္႐ွင္သြားၾကည့္တဲ့ အေရအတြက္ကို
လူသိ႐ွင္ၾကား မွတ္တမ္းတင္ၿပီး သက္ေသျပထားခဲ့တာပါ။
သူက Endgame စျပျပခ်င္း ဧၿပီလရဲ႕ ပထမဆံုးရံုတင္ရက္သတၱပတ္မွာပဲ ငါးေခါက္အထိၾကည့္႐ႈအားေပးခဲ့ၿပီး အဲ့ဒီေနာက္
ပိုင္းမွာလဲ ေန႔စဥ္ရက္ဆက္ တစ္ရက္မျပတ္တဲ့အထိ ရံုမွာလာေရာက္ၾကည့္႐ႈခဲ့တာ ျဖစ္ပါတယ္။သူအလုပ္အားတဲ့
စေနနဲ႔တနဂၤေႏြ ေတြမွာ တစ္ရက္ကိုေလးႀကိမ္ကေနငါးႀကိမ္အထိ ဆက္တုိက္ၾကည့္႐ႈခဲ့ၿပီး က်န္တဲ့ရက္ေတြမွာေတာ့
အလုပ္ေတြ႐ွိတဲ့ၾကားထဲရ တစ္ေန႔၂ႀကိမ္ ရေအာင္ၾကည့္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒီျဖစ္ရပ္ဟာ Infinity War ႐ုပ္႐ွင္တုန္းကလဲ အလားတူျဖစ္ရပ္မ်ိဳး႐ွိခဲ့ၿပီး အန္သိုနီမစ္႐ွယ္ဆိုသူဟာ Infinity War ကို ႐ုပ္႐ွင္
ရံုမွာ ၁၀၃ ေခါက္ ၾကည့္ၿပီး ဂင္းနစ္စံခ်ိန္တင္သြားခဲ့တာပါ။ျသဂတ္စတင္း ဟာလဲ ဂင္းနစ္စံခ်ိန္အဖြဲ႕နဲ႔အဆက္အသြယ္လုပ္
ထားၿပီးၿပီလို႔ သိရသလို သူက Endgame ရံုမခ်မခ်င္း ဆက္တိုက္ၾကည့္ေနဦးမွာလို႔သိရပါတယ္။
” အေခါက္ ၂၀၀ လဲ ျဖစ္ရင္ျဖစ္သြားႏိုင္တာေပါ့… ဘယ္ေျပာႏိူင္မလဲ ” လို႔ ေျပာခဲ့တဲ့သူ႕စကားအရေတာ့
အေတာ့္ကိုဇမေသးတဲ့လူအျဖစ္ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ သူက ၁၁၄ ႀကိမ္႐ွိခဲ့ၿပီးျပီမို႔ ဂင္းနစ္စံခ်ိန္
ခ်ိဳးဖို႔ ေသခ်ာသြားၿပီျဖစ္ၿပီး တရားဝင္ျဖစ္ဖို႔သာေစာင့္ၾကည့္ရေတာ့မွာပါ။
Unicodeျဖင့္ဖတ္ရန္
ရုပ်ရှင်ခရေဇီတွေအတွက် အားတက်စရာသတင်းလို့ပြောရမလား၊ တစ်ဖက်စွန်းရောက်တဲ့အထိ
အရူးအမူးဖြစ်လွန်းတယ်လို့ ဆိုရမလား… ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ရူးသွပ်မှုဟာ သြချစရာကောင်းခဲ့တာတော့
အမှန်ပါပဲ။
အကြောင်းကတော့ဒီလိုပါ။ ရုပ်ရှင်ဝါသနာအိုးတစ်ဦးဖြစ်တဲ့ သြဂတ်စတင်းဟာ သူသိပ်ကြိုက်တဲ့ Avengers: Endgame
Credit \\ original
ရုပ်ရှင်ကို ၁၁၄ ခေါက်တိတိ ရုပ်ရှင်ရုံထဲသွားကြည့်ခဲ့တယ်လို့ သိရပါတယ်။သူက ရုပ်ရှင်တစ်ခေါက်သွားကြည့်တိုင်း
ရုပ်ရုင်ရုံဝန်ထမ်း၊ ဒါမှမဟုတ် ရုပ်ရှင်လက်မှတ်ကို ဓာတ်ပုံရိုက်လို့ တွစ်တာစာမျက်မှာပေါ်တင်လေ့ရှိပြီး သူ
ရုပ်ရှင်သွားကြည့်တဲ့ အရေအတွက်ကို လူသိရှင်ကြား မှတ်တမ်းတင်ပြီး သက်သေပြထားခဲ့တာပါ။
သူက Endgame စပြပြချင်း ဧပြီလရဲ့ ပထမဆုံးရုံတင်ရက်သတ္တပတ်မှာပဲ ငါးခေါက်အထိကြည့်ရှုအားပေးခဲ့ပြီး
အဲ့ဒီနောက်ပိုင်းမှာလဲ နေ့စဉ်ရက်ဆက် တစ်ရက်မပြတ်တဲ့အထိ ရုံမှာလာရောက်ကြည့်ရှုခဲ့တာ
ဖြစ်ပါတယ်။သူအလုပ်အားတဲ့ စနေနဲ့တနင်္ဂနွေ တွေမှာ တစ်ရက်ကိုလေးကြိမ်ကနေငါးကြိမ်အထိ ဆက်တိုက်ကြည့်ရှုခဲ့ပြီး
ကျန်တဲ့ရက်တွေမှာတော့ အလုပ်တွေရှိတဲ့ကြားထဲရ တစ်နေ့၂ကြိမ် ရအောင်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ Infinity War ရုပ်ရှင်တုန်းကလဲ အလားတူဖြစ်ရပ်မျိုးရှိခဲ့ပြီး အန်သိုနီမစ်ရှယ်ဆိုသူဟာ Infinity War ကို
ရုပ်ရှင်ရုံမှာ ၁၀၃ ခေါက် ကြည့်ပြီး ဂင်းနစ်စံချိန်တင်သွားခဲ့တာပါ။သြဂတ်စတင်း ဟာလဲ
ဂင်းနစ်စံချိန်အဖွဲ့နဲ့အဆက်အသွယ်လုပ်ထားပြီးပြီလို့ သိရသလို သူက Endgame ရုံမချမချင်း
ဆက်တိုက်ကြည့်နေဦးမှာလို့သိရပါတယ်။
” အခေါက် ၂၀၀ လဲ ဖြစ်ရင်ဖြစ်သွားနိုင်တာပေါ့… ဘယ်ပြောနိူင်မလဲ ” လို့ ပြောခဲ့တဲ့သူ့စကားအရတော့
အတော့်ကိုဇမသေးတဲ့လူအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သူက ၁၁၄ ကြိမ်ရှိခဲ့ပြီးပြီမို့ ဂင်းနစ်စံချိန်ချိုးဖို့
သေချာသွားပြီဖြစ်ပြီး တရားဝင်ဖြစ်ဖို့သာစောင့်ကြည့်ရတော့မှာပါ။
Credit \\ original


