“ဂိမ္းေဆာ့တာ ပိတ္ပင္ခံရလို႔ ေဒါသထြက္ၿပီး တစ္အိမ္လုံးကို အဆိပ္ခတ္သတ္”
ထိုင္းႏိုင္ငံ စီးဆာခက္စီရင္စုမွ အသက္ ၂၉ ႏွစ္အ႐ြယ္ လူငယ္ဟာ မိုဘိုင္းဖုန္းနဲ႔ အြန္လိုင္းဂိမ္းကစားေနတာကို ပိတ္ပင္ခံရတဲ့အတြက္ အႀကီးအက်ယ္ ေဒါသထြက္ၿပီး တစ္အိမ္လုံးကို အဆိပ္ခတ္သတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။
သူဟာ အိမ္သားေတြ ေသာက္တဲ့ ေသာက္ေရသန႔္ဗူးထဲကို ပိုးသတ္ေဆးေတြ ခပ္ခဲ့တာျဖစ္ပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ မိခင္ျဖစ္သူက သူ႔ရဲ႕လုပ္ရပ္ကို သိရွိခဲ့တဲ့အတြက္ တစ္းဦးတစ္ေယာက္မွ ထိခိုက္ေသဆုံးမႈ မရွိခင္ ကာကြယ္ႏိုင္ခဲ့ပါတယ္။
အသက္ ၅၁ ႏွစ္အ႐ြယ္ မိခင္ျဖစ္တဲ့ ‘ဆူးဘန္းဒြန္ဂ်န္း’ က ဒီအျဖစ္ပ်က္ေၾကာင့္ အိမ္မွာေနရထိုင္ရတာ ေက်ာမလုံေတာ့ပဲ စိတ္ပူပန္ေနရတယ္လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လ ၁၂ ရက္ေန႔ ညပိုင္းက သားျဖစ္သူဟာ ညသန္းေခါင္ အခ်ိန္ထိ ဖုန္းနဲ႔ ဂိမ္းကို ဆူညံစြာ ကစားေနခဲ့တဲ့အတြက္ ပေထြးျဖစ္သူက သည္းမခံႏိုင္ေတာ့ပဲ အိမ္မွာတပ္ဆင္ထားတဲ့ အင္တာနက္ ဝိုင္ဖိုင္လႊင့္စက္ကို ပိတ္ခဲ့ပါတယ္။
ဒီအေပၚမွာ မေက်မနပ္ျဖစ္ၿပီး တစ္အိမ္လုံးကို ေသေစရန္ ရည္႐ြယ္ကာ ေသာက္ေရထဲ အဆိပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။
ေသာက္ေရမွာ အနံ႔တစ္မ်ိဳးရတာကို မသကၤာသျဖင့္ စစ္ေဆးၾကည့္ရာမွ ပိုးသတ္ေဆးခတ္ထားမွန္းသိၿပီး အသက္ေဘးကေန သီသီေလး လြတ္ခဲ့ၾကပါတယ္။
ကမာၻေပၚမွာ ဂိမ္းကို စြဲလန္းေနတဲ့ လူငယ္ သန္းေပါင္းမ်ားစြာရွိေနၿပီး ဂိမ္းစြဲလန္းမႈေၾကာင့္ စိတ္ကစဥ့္ကလ်ား ျဖစ္ေစႏိုင္တယ္ဆိုတာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ W.H.O ၿပီးခဲ့တဲ့ မတ္လ ထဲမွာ လက္ခံ အတည္ျပဳလိုက္ပါတယ္။
ဂိမ္းစြဲလန္းမႈရဲ႕ အက်ိဳးဆက္ေတြဟာ မိသားစုဝင္ေတြထဲမွာသာမက ေက်ာင္းေတြ၊ အလုပ္ခ်ိန္ေတြနဲ႔ အိပ္တဲ့ အခ်ိန္ေတြကိုပါ ထိပါးေႏွာက္ယွက္လာေနၿပီျဖစ္ပါတယ္။
Credit : popolay
Unicode
ထိုင်းနိုင်ငံ စီးဆာခက်စီရင်စုမှ အသက် ၂၉ နှစ်အရွယ် လူငယ်ဟာ မိုဘိုင်းဖုန်းနဲ့ အွန်လိုင်းဂိမ်းကစားနေတာကို ပိတ်ပင်ခံရတဲ့အတွက် အကြီးအကျယ် ဒေါသထွက်ပြီး တစ်အိမ်လုံးကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။
သူဟာ အိမ်သားတွေ သောက်တဲ့ သောက်ရေသန့်ဗူးထဲကို ပိုးသတ်ဆေးတွေ ခပ်ခဲ့တာဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မိခင်ဖြစ်သူက သူ့ရဲ့လုပ်ရပ်ကို သိရှိခဲ့တဲ့အတွက် တစ်းဦးတစ်ယောက်မှ ထိခိုက်သေဆုံးမှု မရှိခင် ကာကွယ်နိုင်ခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ် မိခင်ဖြစ်တဲ့ ‘ဆူးဘန်းဒွန်ဂျန်း’ က ဒီအဖြစ်ပျက်ကြောင့် အိမ်မှာနေရထိုင်ရတာ ကျောမလုံတော့ပဲ စိတ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက သားဖြစ်သူဟာ ညသန်းခေါင် အချိန်ထိ ဖုန်းနဲ့ ဂိမ်းကို ဆူညံစွာ ကစားနေခဲ့တဲ့အတွက် ပထွေးဖြစ်သူက သည်းမခံနိုင်တော့ပဲ အိမ်မှာတပ်ဆင်ထားတဲ့ အင်တာနက် ဝိုင်ဖိုင်လွှင့်စက်ကို ပိတ်ခဲ့ပါတယ်။
ဒီအပေါ်မှာ မကျေမနပ်ဖြစ်ပြီး တစ်အိမ်လုံးကို သေစေရန် ရည်ရွယ်ကာ သောက်ရေထဲ အဆိပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သောက်ရေမှာ အနံ့တစ်မျိုးရတာကို မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာမှ ပိုးသတ်ဆေးခတ်ထားမှန်းသိပြီး အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ ဂိမ်းကို စွဲလန်းနေတဲ့ လူငယ် သန်းပေါင်းများစွာရှိနေပြီး ဂိမ်းစွဲလန်းမှုကြောင့် စိတ်ကစဥ့်ကလျား ဖြစ်စေနိုင်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ပြီးခဲ့တဲ့ မတ်လ ထဲမှာ လက်ခံ အတည်ပြုလိုက်ပါတယ်။
ဂိမ်းစွဲလန်းမှုရဲ့ အကျိုးဆက်တွေဟာ မိသားစုဝင်တွေထဲမှာသာမက ကျောင်းတွေ၊ အလုပ်ချိန်တွေနဲ့ အိပ်တဲ့ အချိန်တွေကိုပါ ထိပါးနှောက်ယှက်လာနေပြီဖြစ်ပါတယ်။
Credit : popolay


