အသက္ ၁၀၇ႏွစ္အမ်ဳိးသား ႏွင့္ အသက္ ၃၀ ေက်ာ္အရြယ္ အမ်ဳိးသမီးတို႔ လက္ထပ္
သားသမီး ႏွင့္ေျမး ၁၀၈ဦး၏ ဖခင္ျဖစ္သူ အသက္ ၁၀၇ႏွစ္ ရွိၿပီဟု ခံယူထားေသာ အီသီယိုးပီးယား အဖိုးအိုတစ္ဦး ႏွင့္ အသက္ ၃၃ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးတို႔ လက္ထပ္ခဲ့ေၾကာင္း သိရသည္။
Hajji Abdulkadir Dekema အမည္ရွိ သတို႔သားအဖိုးအိုသည္ သတို႔သမီးျဖစ္သူ Furo Guyo ႏွင့္ လြန္ခဲ့သည့္ အားလပ္ရက္တြင္ ၿမိဳ႕ေတာ္ အဒစ္ အဘာဘားၿမိဳ႕ ေတာင္ဘက္ ၂၅၀ကီလိုမီတာ အကြာ အီသီယိုးပီးယားအလယ္ပိုင္း Shasemene နယ္ေျမတြင္ မဂၤလာေဆာင္ပြဲက်င္းပခဲ့ေၾကာင္း ႏိုင္ငံပိုင္ မီဒီယာတစ္ခုျဖစ္သည့္ Fana ေရဒီယို က ၾသဂုတ္ ၁၅ ရက္တြင္ ထုတ္လႊင့္ခဲ့သည္။
Dekema က ၎သည္ သားသမီး ႏွင့္ေျမး ၁၀၈ဦး၏ ဖခင္တစ္ဦးျဖစ္ၿပီး အသက္အရြယ္ႀကီးရင့္ေနၿပီ ျဖစ္ေသာ္လည္း ၎၏ ေနာက္ဆံုးဇနီးႏွင့္ ကေလးထပ္ယူရန္ အစီအစဥ္ရွိေၾကာင္း ေျပာၾကားခဲ့ၿပီး ၎တြင္ လက္ရွိ ဇနီး၂ေယာက္ရွိေၾကာင္းသိရသည္။
အီသီယုိးပီးယားႏုိင္ငံ အစိုးရ သည္ တစ္လင္တစ္မယားစနစ္ကို အားေပးရန္ လႈပ္ရွားမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း မူဆလင္ အမ်ားစုရွိရာ အီသီယုိးပီးယားႏုိင္ငံ အလယ္ပိုင္း ႏွင့္ အေရွ႕ပိုင္း ေက်းလက္ေဒသမ်ားတြင္ ဇနီးတစ္ဦးထက္ ပိုယူျခင္းသည္ ျဖစ္ေလ့ျဖစ္ထရွိသည့္ ကိစၥတစ္ခုျဖစ္ေၾကာင္း သိရသည္။
Credit \\ original
Unicode
သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်ဖြစ်သူ အသက် ၁၀၇နှစ် ရှိပြီဟု ခံယူထားသော အီသီယိုးပီးယား အဖိုးအိုတစ်ဦး နှင့် အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်ထပ်ခဲ့ကြောင်း သိရသည်။ Hajji Abdulkadir Dekema အမည်ရှိ သတို့သားအဖိုးအိုသည် သတို့သမီးဖြစ်သူ Furo Guyo နှင့် လွန်ခဲ့သည့် အားလပ်ရက်တွင် မြို့တော် အဒစ် အဘာဘားမြို့ တောင်ဘက် ၂၅၀ကီလိုမီတာ အကွာ အီသီယိုးပီးယားအလယ်ပိုင်း Shasemene နယ်မြေတွင် မင်္ဂလာဆောင်ပွဲကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် Fana ရေဒီယို က သြဂုတ် ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
Dekema က ၎င်းသည် သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်တစ်ဦးဖြစ်ပြီး အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း ၎င်း၏ နောက်ဆုံးဇနီးနှင့် ကလေးထပ်ယူရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းတွင် လက်ရှိ ဇနီး၂ယောက်ရှိကြောင်းသိရသည်။
အီသီယိုးပီးယားနိုင်ငံ အစိုးရ သည် တစ်လင်တစ်မယားစနစ်ကို အားပေးရန် လှုပ်ရှားမှုများပြုလုပ်ခဲ့သော်လည်း မူဆလင် အများစုရှိရာ အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်း နှင့် အရှေ့ပိုင်း ကျေးလက်ဒေသများတွင် ဇနီးတစ်ဦးထက် ပိုယူခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ခုဖြစ်ကြောင်း သိရသည်။
Credit \\ original


