၉ တန္းေက်ာင္းသူ ကိုယ္ဝန္က ၂ လ မုဒိန္းက်င့္ခံရတာ က်င့္သူက အိမ္နီးခ်င္း ကေလး ၃ ေယာက္အေဖ ထားပါေတာ့




၉ တန္းေက်ာင္းသူ..ကိုယ္ဝန္က ၂ လ.. မုဒိန္းက်င့္ခံရတာ..က်င့္သူက အိမ္နီးခ်င္း.. ကေလး ၃ ေယာက္အေဖ ထားပါေတာ့..ထံုးစံအတိုင္း တရားေတြ ဘာေတြစြဲ..အမႈေတြ ဘာေတြျဖစ္..ဒီအထိက ပံုမွန္ပါပဲ..ထူးျခားတာက မုဒိန္းက်င့္ခံရလို႔ ကိုယ္ဝန္႐ွိသြားတဲ့ သမီးက ကိုယ္ဝန္ကို မလိုခ်င္ဘူး..ဒါကလည္း သဘာဝပါပဲ..ဘယ္အမ်ိဳးသမီးမွ မုဒိန္းက်င့္ခံရတဲ့ ကေလးကို လိုခ်င္မွာ မဟုတ္ပါ..မိခင္ေမတၱာ ဘလာ ဘလာ လာမေျပာပါနဲ႔..

လက္ေတြ႔မွာ ဘယ္မိခင္မွ မုဒိန္းက်င့္ခံရၿပီးရလာတဲ့ ဒီလိုကေလးမ်ိဳးအေပၚ မေမြးခင္မွာ ေမတၱာထားဖို႔ မလြယ္..ေမြးၿပီးမွ သံေယာဇဥ္႐ွိသြားတာမ်ိဳးေတာ့ ႐ွိတယ္..ဒါေပမဲ့ ေမြးၿပီးလည္း ေမတၱာမထားႏိုင္႐ွာတဲ့မိခင္ေတြလည္း ဒုနဲ႔ေဒး.(ကေလးက ကေလးျပန္ေမြးတာကိုး..မုဒိန္းက်င့္ခံရတာကိုး..) ထားပါေတာ့..အဲဒီလိုနဲ႔ မိခင္ေရာ မိသားစုအသိုင္းအဝိုင္းကပါ ဒီကိုယ္ဝန္က (၂ လ ) လ ႏုေသးတာဆိုေတာ့ ဖ်က္ခ်ခ်င္တယ္.။



တရားခံဘက္က ဒါကို ရိပ္မိသြားေတာ့ ကေလးကို ဖ်က္ခ်ရင္ လူသတ္မႈနဲ႔ သူ႕ဘက္က တရားျပန္စြဲမယ္လို႔ ေျပာတယ္..။ ဖခင္စိတ္႐ွိေတာ့ မဟုတ္..ကေလးကို ခ်စ္လို႔ေတာ့မဟုတ္..ငါေထာင္ခ်ခံရေတာ့မွာ..နင္လည္း ဒီကိုယ္ဝန္ကို ေမြးၿပီးတစ္သက္လံုး အရိပ္မည္းပါသြားေစ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ကေလးကို ခုတံုးလုပ္ၿပီး ဒုကၡေပးတာ..ကြၽန္ေတာ္ တကယ္ပဲ ဆြ႔ံအသြားတယ္..

အခုေတာ့ မုဒိန္းက်င့္ခံရတဲ့ သမီးက အဲဒီ ကိုယ္ဝန္ကို မျဖစ္မေန ေမြးကို ေမြးရေတာ့မယ္.။ဒါပါပဲ..ဒီပိုစ့္ကို ဒီေလာက္နဲ႔ပဲ ရပ္ပါမယ္..ဒီေန႔ၾကားခဲ့ရတဲ့ ဒီအေၾကာင္းဟာကြၽန္ေတာ့္စိတ္ထဲ အေတြးမ်ားစြာ ပြားေစတယ္..။ဒီပိုစ့္အတြက္ ကြၽန္ေတာ့္မွာ မွတ္ခ်က္မ႐ွိ..ဦးတည္ခ်က္မ႐ွိ..အေျဖမ႐ွိ..Capharnaum ဇာတ္ကားထဲကဇိမ္းကိုသာ ေျပး ျမင္ေယာင္မိပါရဲ႕…။

Credit-ကိုစိုးထိုက္(ဖဒို)

စာႂကြင္း..ကိုစိုးထိုက္တို႔ ကူညီၿပီး ကေလးေမြးေပးေနတာကေရာ ဆိုရင္ နံပါတ္ ၁ ဥပေဒ နံပါတ္ ၂ သက္ငယ္မုဒိန္းကိုယ္ဝန္မွာ ဒီလိုမ်ိဳး လႏုႏုေလးနဲ႔ သိတာ အင္မတန္႐ွား ေတာ္ေတာ့္ကို ႐ွားၿပီး လရင့္မွသာ (ဗိုက္ႀကီး ပူလာမွသာ) လူႀကီးေတြသိ..

Unicode

၉ တန်းကျောင်းသူ..ကိုယ်ဝန်က ၂ လ.. မုဒိန်းကျင့်ခံရတာ..ကျင့်သူက အိမ်နီးချင်း.. ကလေး ၃ ယောက်အဖေ ထားပါတော့..ထုံးစံအတိုင်း တရားတွေ ဘာတွေစွဲ..အမှုတွေ ဘာတွေဖြစ်..ဒီအထိက ပုံမှန်ပါပဲ..ထူးခြားတာက မုဒိန်းကျင့်ခံရလို့ ကိုယ်ဝန်ရှိသွားတဲ့ သမီးက ကိုယ်ဝန်ကို မလိုချင်ဘူး..ဒါကလည်း သဘာဝပါပဲ..ဘယ်အမျိုးသမီးမှ မုဒိန်းကျင့်ခံရတဲ့ ကလေးကို လိုချင်မှာ မဟုတ်ပါ..မိခင်မေတ္တာ ဘလာ ဘလာ လာမပြောပါနဲ့..

လက်တွေ့မှာ ဘယ်မိခင်မှ မုဒိန်းကျင့်ခံရပြီးရလာတဲ့ ဒီလိုကလေးမျိုးအပေါ် မမွေးခင်မှာ မေတ္တာထားဖို့ မလွယ်..မွေးပြီးမှ သံယောဇဉ်ရှိသွားတာမျိုးတော့ ရှိတယ်..ဒါပေမဲ့ မွေးပြီးလည်း မေတ္တာမထားနိုင်ရှာတဲ့မိခင်တွေလည်း ဒုနဲ့ဒေး.(ကလေးက ကလေးပြန်မွေးတာကိုး..မုဒိန်းကျင့်ခံရတာကိုး..) ထားပါတော့..အဲဒီလိုနဲ့ မိခင်ရော မိသားစုအသိုင်းအဝိုင်းကပါ ဒီကိုယ်ဝန်က (၂ လ ) လ နုသေးတာဆိုတော့ ဖျက်ချချင်တယ်.။

တရားခံဘက်က ဒါကို ရိပ်မိသွားတော့ ကလေးကို ဖျက်ချရင် လူသတ်မှုနဲ့ သူ့ဘက်က တရားပြန်စွဲမယ်လို့ ပြောတယ်..။ ဖခင်စိတ်ရှိတော့ မဟုတ်..ကလေးကို ချစ်လို့တော့မဟုတ်..ငါထောင်ချခံရတော့မှာ..နင်လည်း ဒီကိုယ်ဝန်ကို မွေးပြီးတစ်သက်လုံး အရိပ်မည်းပါသွားစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးကို ခုတုံးလုပ်ပြီး ဒုက္ခပေးတာ..ကျွန်တော် တကယ်ပဲ ဆွ့ံအသွားတယ်..

အခုတော့ မုဒိန်းကျင့်ခံရတဲ့ သမီးက အဲဒီ ကိုယ်ဝန်ကို မဖြစ်မနေ မွေးကို မွေးရတော့မယ်.။ဒါပါပဲ..ဒီပိုစ့်ကို ဒီလောက်နဲ့ပဲ ရပ်ပါမယ်..ဒီနေ့ကြားခဲ့ရတဲ့ ဒီအကြောင်းဟာကျွန်တော့်စိတ်ထဲ အတွေးများစွာ ပွားစေတယ်..။ဒီပိုစ့်အတွက် ကျွန်တော့်မှာ မှတ်ချက်မရှိ..ဦးတည်ချက်မရှိ..အဖြေမရှိ..Capharnaum ဇာတ်ကားထဲကဇိမ်းကိုသာ ပြေး မြင်ယောင်မိပါရဲ့…။

Credit-ကိုစိုးထိုက်(ဖဒို)

Recent Updates

Recent Posts Widget