ဆေးသုံးလို့ ပိန်သွားတယ်လို့ပြောကြတာတွေကို တုံ့ပြန်လိုက်တဲ့ အားတီ
အားတီဟာဆိုရင် ဂီတလောကမှာရပ်တည်နေခဲ့တာတော်တော်ကြာပြီဖြစ်ပြီး အားပေးတဲ့ပရိသတ်တွေလည်းအများကြီးရှိနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အားတီရဲ့ လမ်းခွဲစကား သီချင်းဟာလည်း လူငယ်တွေကြားမှာ အရမ်းကိုရေပန်းစားလူကြိုက်များသွားခဲ့တာဖြစ်ပါတယ်။ အားတီက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အွန်ဆိုင်းနဲ့မကြာခဏတွေ့ဖြစ်ပြီး အတူလေ့ကျင့်ခန်းလုပ်ဖြစ်တဲ့အကြောင်းနဲ့ ရုတ်တရက်ကြီး ဝိတ်တွေကျသွားတဲ့အပေါ် ဆေးသုံးတယ်လို့ လူတွေက ဝေဖန်နေကြတာကို တုံ့ပြန်သွားခဲ့ပါတယ်။
အားတီက လူငယ်တွေကြားမှာ အရမ်းပေါက်သွားတဲ့ လမ်းခွဲစကားသီချင်းနဲ့ပတ်သက်ပြီး “ကျွန်တော်သီချင်းသွင်းတဲ့နေ့မှာ Facebook မှာ Live လွှင့်တယ်။ ဒါလေးသွင်းနေပါတယ်ပေါ့။ အဲဒါကို ယူထားပြီး ညီမလေးတစ်ယောက်က share တယ်။ အဲဒါကို ပြန် share တဲ့သူတွေအများကြီးဖြစ်သွားတယ်ဆိုတော့ ဝမ်းသာစရာပေါ့နော်။ အဲဒီမှာတင် ကွန်ဖီးဒန့်က အများကြီးရပြီးသွားပြီ”လို့ ရင်ဖွင့်ထားပါတယ်။
အားတီက အွန်ဆိုင်းနဲ့ဆက်ဆံရေးအကြောင်း “အွန်ဆိုင်းကလေ သူငယ်ချင်းလည်းဟုတ်တယ်။ကျွန်တော့်ရဲ့ Motivator လည်းဟုတ်တယ်။ ကျွန်တော့်ကို Inspiration တွေအများကြီးပေးတဲ့သူလည်းဟုတ်တယ်။ အားကစားတွေအများကြီးခေတ်မစားခင်မှာကတည်းက အွန်ဆိုင်းက လေ့ကျင့်ခန်းအရမ်းလုပ်တယ်။ သူ body ကိုအရမ်း Train တယ်။ သူ့ခန္ဓာကိုယ်ကို အရမ်းစိတ်ပူတယ်။ အရမ်း train တယ်”လို့ ပြောပြထားပြီး အားတီက ဝိတ်လျှော့တော့ အွန်ဆိုင်းက ချီးကျူးတာခံရတယ်လို့ “ကျွန်တော်တကယ်တမ်း ဝိတ်လျှော့လိုက်တော့ အွန်ဆိုင်းက အရမ်းအားပေးတယ်။ အားပေးစကားပြောတယ်ပေါ့။ အားတီ နင့်ရဲ့ Lifestyle ကို ငါအရမ်းသဘောကျတယ်ပေါ့။ အလုပ်လုပ်တယ်။လေ့ကျင့်ခန်းလုပ်တယ်။ ပါတီတွေဘာတွေသိပ်မရှိတော့ဘူးဆိုတော့ ကျွန်တော့်ကိုသူ ချီးကျူးတယ်”လို့ ဂုဏ်ယူစွာပြောပြထားပါတယ်။
အွန်ဆိုင်းနဲ့လေ့ကျင့်ခန်းအတူတူလုပ်ရတဲ့အမှတ်တရတွေကို အားတီက “တကယ်တမ်းသူနဲ့ပြန်တွေ့ဖြစ်တဲ့အခါကျတော့ အိုကေ လာ Gym အတူတူဆော့မယ်ပေါ့။ သူနဲ့ ကျွန်တော်နဲ့ကလည်း Canal Plus မှာ Ambassador ချင်းအတူတူဆိုတော့ Canal Plus Family ဆိုတော့ ချိန်းပြီးတော့ ခဏခဏတွေ့ဖြစ်တာပါ။ အခု ညောင်ဦးဖီးကျွန်းမှာ တစ်ဖက်သတ်ဆိုတဲ့သီချင်း MTV သွားရိုက်ဖြစ်တယ်ဆိုတော့ ထူးအောင်ရော အွန်ဆိုင်းရော အားတီရော သုံးယောက်လုံးက လေ့ကျင့်ခန်းလုပ်တဲ့သူတွေဆိုတော့ ဟိုမှာ ရေကူးကန်ဘေးမှာ လေ့ကျင့်ခန်းအတူတူလုပ်ကြတယ်။အဲဒါက အမှတ်တရပါပဲ”လို့ ပြောပြထားပါတယ်။
ဝိတ်ကျသွားတဲ့အပေါ်ကြုံရတဲ့ ဝေဖန်ချက်အမျိုးမျိုးတွေကို အားတီက “ပြောကြတယ် အားတီက ဆေးသုံးနေတယ်တို့ ရောဂါဖြစ်နေတယ်တို့ အမျိုးစုံပဲ။ပိန်သွားတော့။ တကယ်လည်းကိုယ်က အဲဒီရုပ်ပေါက်သွားတာကိုး ပိန်သွားတော့ နှစ်လအတွင်းမှာ။ ကျွန်တော်အဆီလုံးဝမစားဘူး။ အသားဆို အပေါင်း အပြုတ်၊ အရွက်ဆိုရင်တောင် အပြုတ်၊ အသုပ်ဆိုဆီမထည့်ဘူး။ ဆိုတော့ ခန္ဓာကိုယ်က ဝုန်းဆိုပြီးတော့မှ ကျသွားတာ။ ထမင်းလုံးဝမစားဘူး။ အဲဒီမျက်နှာက ထမင်းမစားရတဲ့မျက်နှာပေါ့။ ဆိုတော့ ပရိသတ်ကလည်း အမြင်မှားတာပေါ့”လို့ ရှင်းပြထားးပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော Ar-T ကိုအားပေးကြလား။ အားတီရဲ့ လမ်းခွဲစကား သီချင်းလေးကိုရော နှစ်သက်ကြလား။ အားတီရဲ့ နောက်ထပ်သီချင်းအသစ်တွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit \\ original






