အခ်စ္ရူးက မခ်စ္ဘူးလား ေမးတယ္ ေကာင္မေလးက မခ်စ္ပါဘူးလုိ႕ ေၿပာေတာ့ ဓါးနဲ႕ထုိးသတဲ့
စစ္ကုိင္းၿမဳိ႕နယ္၊ပဲကတုိးေက်းရြာရွိ ႏုိးႏုိးအမ်ဳိးသမီးအေဆာင္ေရွ႕တြင္ မခ်စ္ဘူးဟုေၿပာဆုိမႈၿဖင့္ ဓားထုိးမႈ ယေန႕ ညေန႔ ၄နာရီအခ်ိန္က ၿဖစ္ပြားခဲ့ေႀကာင္း စစ္ကုိင္းၿမဳိ႕မရဲစခန္းက သိရသည္။
စစ္ကုိင္းၿမဳိ႕။ ေလးကြ်န္းေၿမရပ္ေန မအိၿဖဴသည္ ေနအိမ္၌ ရွိေနစဥ္ ညီမဝမ္းကြြဲေတာ္စပ္သူ စစ္ကုိင္းၿမဳိ႕နယ္၊ေပါကၠားေက်းရြာေန မသႏၲာဦး (၁၈)ႏွစ္ ဓါးထုိးခံရသၿဖင့္ စစ္ကုိင္းေဆးရုံေရာက္ရွိေနေႀကာင္း
သတင္းအရ သြားေရာက္ႀကည့္ရႈ႕ခဲ့ရာ ညီမၿဖစ္သူမသႏၲာဦး ယာဘက္ခါးတြင္ ဒဏ္ရာမ်ားေတြ႕ရွိ၍ ေမးၿမန္းခဲ့ေႀကာင္း မႈခင္းမွတ္တမ္းအရ သိရသည္ ။
ထုိသုိ႕ ေမးၿမန္းရာ ညီမဝမ္းကြြဲေတာ္စပ္သူ မသႏၲာဦး သည္ စစ္ကုိင္းၿမဳိ႕နယ္၊ပဲကတုိးေက်းရြာရွိ စံရိပ္နန္း အမ်ဳိးသမီးအေဆာင္၌ရွိေနစဥ္ တစ္ရြာတည္းေန ရည္းစားေဟာင္းၿဖစ္သူ
ဖုိးသား (ခ)သက္ထြန္းေဇာ္ (၂၀)ႏွစ္ မွ ဖုန္းဆက္ၿပီး ႏုိးႏုိးအမ်ဳိးသမီးအေဆာင္ေရွ႕ လာေရာက္ရန္ ေခၚသၿဖင့္ သြားေရာက္ခဲ့ရာ အေဆာင္ေရွ႕လမ္းမေပၚတြင္ ဖုိးသား (ခ)သက္ထြန္းေဇာ္ မွ ခ်စ္လား မခ်စ္လားဟု ေမးၿမန္းရာ မခ်စ္ဘူးဟု ေၿပာဆုိသၿဖင့္ ၎တြင္ အသင့္ပါလာေသာ ဓါးၿဖင့္ထုိး၍ ထြက္ေၿပးသြားေႀကာင္း ေၿပာၿပသိရွိရေႀကာင္း သိရသည္။
ညီမဝမ္းကြဲၿဖစ္သူ မသႏၲာဦးအား ဒဏ္ရာရရွိသူ ဓါးၿဖင့္ထုိးသူ ဖုိးသား (ခ) သက္ထြန္းေဇာ္ အေပၚ ဥပေဒအရ အေရးယူေပးရန္ မအိၿဖဴမွ တရားလုိလုပ္ တုိင္တန္းသၿဖင္ စစ္ကုိင္းၿမဳိ႕မရဲစခန္းမွ (ပ)၆၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ၿဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လ်က္ရွိေႀကာင္း သိရသည္ ။ ။
မူရင္း – ကိုေရခ်မ္း(အညာေျမ
Credit \\ original
Unicode ျဖင့္ဖတ္ရန္
အချစ်ရူးက မချစ်ဘူးလား မေးတယ် ကောင်မလေးက မချစ်ဘူးလို့ ပြောတော့ ဓါးနဲ့ထိုးသတဲ့
စစ်ကိုင်း ဇွန် ၁၉ ။ ။
စစ်ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ နိုးနိုးအမျိုးသမီးအဆောင်ရှေ့တွင် မချစ်ဘူးဟုပြောဆိုမှုဖြင့် ဓားထိုးမှု ယနေ့ ညနေ့ ၄နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။
စစ်ကိုင်းမြို့။ လေးကျွန်းမြေရပ်နေ မအိဖြူသည် နေအိမ်၌ ရှိနေစဉ် ညီမဝမ်းကွွဲတော်စပ်သူ စစ်ကိုင်းမြို့နယ်၊ပေါက္ကားကျေးရွာနေ မသန္တာဦး (၁၈)နှစ် ဓါးထိုးခံရသဖြင့် စစ်ကိုင်းဆေးရုံရောက်ရှိနေကြောင်း
သတင်းအရ သွားရောက်ကြည့်ရှု့ခဲ့ရာ ညီမဖြစ်သူမသန္တာဦး ယာဘက်ခါးတွင် ဒဏ်ရာများတွေ့ရှိ၍ မေးမြန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။
ထိုသို့ မေးမြန်းရာ ညီမဝမ်းကွွဲတော်စပ်သူ မသန္တာဦး သည် စစ်ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ စံရိပ်နန်း အမျိုးသမီးအဆောင်၌ရှိနေစဉ် တစ်ရွာတည်းနေ ရည်းစားဟောင်းဖြစ်သူ
ဖိုးသား (ခ)သက်ထွန်းဇော် (၂၀)နှစ် မှ ဖုန်းဆက်ပြီး နိုးနိုးအမျိုးသမီးအဆောင်ရှေ့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ရာ အဆောင်ရှေ့လမ်းမပေါ်တွင် ဖိုးသား (ခ)သက်ထွန်းဇော် မှ ချစ်လား မချစ်လားဟု မေးမြန်းရာ မချစ်ဘူးဟု ပြောဆိုသဖြင့် ၎င်းတွင် အသင့်ပါလာသော ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း ပြောပြသိရှိရကြောင်း သိရသည်။
ညီမဝမ်းကွဲဖြစ်သူ မသန္တာဦးအား ဒဏ်ရာရရှိသူ ဓါးဖြင့်ထိုးသူ ဖိုးသား (ခ) သက်ထွန်းဇော် အပေါ် ဥပဒေအရ အရေးယူပေးရန် မအိဖြူမှ တရားလိုလုပ် တိုင်တန်းသဖြင် စစ်ကိုင်းမြို့မရဲစခန်းမှ (ပ)၆၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။ ။
မူရင်း – ကိုရေချမ်း(အညာမြေ)19.6.2019
Credit \\ original


