ဆရာဝန္ရဲဲ႕ ခြဲစိတ္ကတ္ေၾကး ဗုိက္ထဲမွာက်န္ေနခဲ့တာကုိ (၂၃)ႏွစ္ၾကာမွ သိခဲ့ရေသာ အဖြား
႐ုွရွားႏုိင္ငံသူ၊ အဖြား Ezeta Gobeeva ဟာ (၂၃)ႏွစ္ၾကာမွ သူမရဲဲ႕ွဗုိက္ထဲမွာ ခြဲစိတ္ကတ္ေၾကးတစ္လက္ က်န္ေနခဲ့တာကို သိခဲ့ရသူျဖစ္ပါတယ္။ ဒီၾကားထဲမွာ ဗုိက္ထဲကေန ေအာင့္ေအာင့္ေနလုိ႔ ေဆး႐ုံေဆးခန္းေတြ သြားျပခဲ့ေပမယ့္ အသည္းေရာဂါဆုိၿပီး ဆရာဝန္ေတြ ေျပာၾကတယ္လုိ႔ ဆုိပါတယ္။
အဖြား Ezeta ဟာ အသက္ (၆၂)ႏွစ္ျဖစ္ၿပီး (၁၉၉၆)ခုႏွစ္က သူမဟာ ကိုယ္ဝန္ကို ခြဲစိတ္ေမြးဖြားခဲ့ရဖူးပါတယ္။ အဲဒီလုိ ခြဲစိတ္စဥ္မွာပဲ ေဒါက္တာတစ္ေယာက္က သူမရဲ႕ ဗုိက္ထဲကို ကတ္ေၾကးေမ့က်န္ခဲ့တာပါ။ အဖြားဟာ ကာလရွည္ေဝဒနာေၾကာင့္ မၾကာခဏ ေဆး႐ုံေဆးခန္း သြားျပေပမယ့္ အဆင္မေျပခဲ့ပါဘူး။
ေနာက္ဆုံးေတာ့ အဖြားဟာ ေဆးခန္းေျပာင္းၿပီး ျပသခဲ့ရာ၊ ဓာတ္မွန္႐ုိက္ၾကည့္ကာမွ ကတ္ေၾကးတစ္လက္ ရွင္းရွင္းလင္းလင္းႀကီး ေပၚေနတာကို ျမင္ေတြ႕ခဲ့ရပါေတာ့တယ္။ အဖြးာ Ezeta ဟာ Ossetia မွာေနထုိင္သူျဖစ္ၿပီး၊ သူမရဲ႕ဗုိက္ထဲမွာ ကတ္ေၾကးက်န္ေနခဲ့တာကို အလြန္အံ့ၾသေနပါတယ္။
ေနာက္ဆုံးေတာ့ အဖြားခံစားေနရတဲ့ ကာလရွည္ေရာဂါကို ေပ်ာက္ကင္းေအာင္ ကုသႏုိင္ခဲ့ပါၿပီ။ အဖြားကို ဒုတိယအႀကိမ္ခြဲစိတ္ၿပီး ကတ္ေၾကးကုိလည္း ေအာင္ျမင္စြာ ထုတ္ေပးႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိေတာ့ အဖြားဟာ ကုသမႈခံယူေနရဆဲပါ။
အဖြားခံစားခဲ့ရတဲ့ ျဖစ္ရပ္အတြက္ North Ossetia Health Ministry က လုိအပ္တဲ့စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး၊ နစ္နာမႈမရွိေစဖုိ႔ ေဆာင္ရြက္ေပးမွာပါလုိ႔ ေျပာပါတယ္။ ဘယ္လုိအေျခအေနပဲျဖစ္ျဖစ္ အဖြားအတြက္ နစ္နာေၾကးရဖုိ႔ ႀကိဳးစားေပးသြားမယ္လုိ႔ တာဝန္ရွိသူက ကတိျပဳခဲ့ပါတယ္။
နတ္စည္ေတာ္ (D Khit Media)
source : Metro
Credit \\ original
ယူနီကုဒ်ဖြင့် ဖတ်ရန်-
ရုှရှားနိုင်ငံသူ၊ အဖွား Ezeta Gobeeva ဟာ (၂၃)နှစ်ကြာမှ သူမရဲဲ့ှဗိုက်ထဲမှာ ခွဲစိတ်ကတ်ကြေးတစ်လက် ကျန်နေခဲ့တာကို သိခဲ့ရသူဖြစ်ပါတယ်။ ဒီကြားထဲမှာ ဗိုက်ထဲကနေ အောင့်အောင့်နေလို့ ဆေးရုံဆေးခန်းတွေ သွားပြခဲ့ပေမယ့် အသည်းရောဂါဆိုပြီး ဆရာဝန်တွေ ပြောကြတယ်လို့ ဆိုပါတယ်။
အဖွား Ezeta ဟာ အသက် (၆၂)နှစ်ဖြစ်ပြီး (၁၉၉၆)ခုနှစ်က သူမဟာ ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားခဲ့ရဖူးပါတယ်။ အဲဒီလို ခွဲစိတ်စဉ်မှာပဲ ဒေါက်တာတစ်ယောက်က သူမရဲ့ ဗိုက်ထဲကို ကတ်ကြေးမေ့ကျန်ခဲ့တာပါ။ အဖွားဟာ ကာလရှည်ဝေဒနာကြောင့် မကြာခဏ ဆေးရုံဆေးခန်း သွားပြပေမယ့် အဆင်မပြေခဲ့ပါဘူး။
နောက်ဆုံးတော့ အဖွားဟာ ဆေးခန်းပြောင်းပြီး ပြသခဲ့ရာ၊ ဓာတ်မှန်ရိုက်ကြည့်ကာမှ ကတ်ကြေးတစ်လက် ရှင်းရှင်းလင်းလင်းကြီး ပေါ်နေတာကို မြင်တွေ့ခဲ့ရပါတော့တယ်။ အဖွးာ Ezeta ဟာ Ossetia မှာနေထိုင်သူဖြစ်ပြီး၊ သူမရဲ့ဗိုက်ထဲမှာ ကတ်ကြေးကျန်နေခဲ့တာကို အလွန်အံ့သြနေပါတယ်။
နောက်ဆုံးတော့ အဖွားခံစားနေရတဲ့ ကာလရှည်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပါပြီ။ အဖွားကို ဒုတိယအကြိမ်ခွဲစိတ်ပြီး ကတ်ကြေးကိုလည်း အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ အဖွားဟာ ကုသမှုခံယူနေရဆဲပါ။
အဖွားခံစားခဲ့ရတဲ့ ဖြစ်ရပ်အတွက် North Ossetia Health Ministry က လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ နစ်နာမှုမရှိစေဖို့ ဆောင်ရွက်ပေးမှာပါလို့ ပြောပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အဖွားအတွက် နစ်နာကြေးရဖို့ ကြိုးစားပေးသွားမယ်လို့ တာဝန်ရှိသူက ကတိပြုခဲ့ပါတယ်။
နတ်စည်တော် (D Khit Media)
Credit \\ original



