“ပရိသတ္ေတြၾကားနာရီပိုင္းအတြင္း ေရပန္းစား ပ်ံ့ႏွံ႔သြားတဲ့ “ဖုန္ရွဴလိုက္” သီခ်င္း”
လူတိုင္းဖုန္းေတြ သံုးေနႏိုင္တဲ့ ေခတ္ၾကီးထဲမွာေတာ့ Social Media ေတြကိုလည္း တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာၾကတာကို ေတြ႔ရမွာပါ။ ဒီလိုမ်ိဳးတြင္တြင္ က်ယ္က်ယ္ အသံုးျပဳလာတာနဲ႔ အမွ်သတင္းေတြဟာ ပ်ံ့ႏွံ႔ ဖို႔ကို အရမ္းကို လြယ္ကူသြားျပီး လူသိေအာင္ လုပ္ဖို႔လည္း အရမ္းကို လြယ္ကူေနပါျပီ။ ျမန္မာႏိုင္ငံၾကီးမွာလည္း လူသံုးအမ်ားဆံုး Social Media ျဖစ္တဲ့ Facebook မွာေတာ့ ေန႔စဥ္နဲ႔အမွ် လူသန္းေပါင္းမ်ားစြာရဲ့ ပို႔စ္ေတြ ဓါတ္ပံုေတြကို အျမဲတမ္းလိုလို ျမင္ေတြ႔ေနၾကမွာပါ။
Video ၾကည့္ရန္
လက္ရွိျမန္မာႏိုင္ငံမွာလည္း Social Media ေပၚမွာ ျပန္ႏွ႔ံေနတဲ့ စကားအသံုးအႏႈန္းေတြ ေရပန္းစားေနတဲ့ အဝတ္အစားေတြကေတာ့ လူေတြၾကားမွာ အသံုးမ်ားလာတာကို ေတြ႔ရမွာပါ။ တခ်ိဳ႔ေသာ ဗန္းစကားေတြကလည္း လူငယ္ေတြၾကားမွာ ပ်ံ့ႏွံ႔႔ေနျပီး ၾကားလိုက္တာနဲ႔ကို ရယ္ခ်င္စရာေကာင္းေနပါျပီ။ ဒီလိုမ်ိဳး စကားေတြကိုေတာ့ ဟာသဗီဒီယိုေတြ ေၾကာ္ျငာေတြ ရုပ္ရွင္ေတြထဲမွာလည္း ၾကားေနရသလို စကားလံုးတလံုး ေပါက္သြားရင္ အမ်ိဳးမ်ိဳးေသာ အသံုးျပဳမႈေတြၾကားမွာ ပ်ံ့ႏွံ႔ တာကုိ ေတြ႔ရမွာပါ။
အြန္လိုင္းေပၚမွာ လက္ရွိေခတ္စားေနတဲ့ စကားေတြ အမ်ားၾကီးထဲမွာမွ “ဖုန္ရွဴလိုက္” ဆိုတဲ့ စကားကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ရင္းႏွီးေနၾကမယ္ ထင္ပါတယ္။ လက္ရွိမွာေတာ့ ဖုန္ရွဴလိုက္ ဆိုတဲ့ သီခ်င္းကေတာ့ ပရိသတ္ေတြၾကားမွာ ပ်ံ့ႏွံ႔ ေနတာ ျဖစ္ပါတယ္။ ဒီသီခ်င္းေလးကိုေတာ့ Na YEm ဆိုတဲ့ အေကာင့္က ေကာင္ေလးတေယာက္က ကိုယ္ပိုင္ဟန္ေလးနဲ႔ သီဆိုထားတာ ျဖစ္ျပီး လူငယ္ေတြၾကားမွာ ေရပန္းစားေနတာလည္း ျဖစ္ပါတယ္။
ဖုန္ရွဴလိုက္ဆိုတဲ့ သီခ်င္းေလးထဲမွာေတာ့ “ဖုန္ရွဴလိုက္၊ သဲေတြလ်က္လိုက္၊ ဘိလပ္ေျမေတြေသာက္လိုက္၊ အုတ္နီခဲေတြစားလိုက္” ဆိုတဲ့ စာသားေလးပဲ ပါဝင္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တီးလံုးပိုင္းနဲ႔ သီဆိုမႈပိုင္းကိုေတာ့ ပရိသတ္ေတြ ၾကိဳက္ေနၾကတာ ျဖစ္ပါတယ္။ ဖုန္ရွဴလိုက္ ဆိုတဲ့ သီခ်င္းေလးကိုေတ့ာ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးလည္း နားေထာင္လို႔ရေအာင္ တင္ဆက္ေပးလိုက္ပါတယ္။
Credit: ေျပာခ်င္လြန္းလို႔
Unicode Version
လူတိုင်းဖုန်းတွေ သုံးနေနိုင်တဲ့ ခေတ်ကြီးထဲမှာတော့ Social Media တွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကို တွေ့ရမှာပါ။ ဒီလိုမျိုးတွင်တွင် ကျယ်ကျယ် အသုံးပြုလာတာနဲ့ အမျှသတင်းတွေဟာ ပျံ့နှံ့ ဖို့ကို အရမ်းကို လွယ်ကူသွားပြီး လူသိအောင် လုပ်ဖို့လည်း အရမ်းကို လွယ်ကူနေပါပြီ။ မြန်မာနိုင်ငံကြီးမှာလည်း လူသုံးအများဆုံး Social Media ဖြစ်တဲ့ Facebook မှာတော့ နေ့စဉ်နဲ့အမျှ လူသန်းပေါင်းများစွာရဲ့ ပို့စ်တွေ ဓါတ်ပုံတွေကို အမြဲတမ်းလိုလို မြင်တွေ့နေကြမှာပါ။
Video ကြည့်ရန်
လက်ရှိမြန်မာနိုင်ငံမှာလည်း Social Media ပေါ်မှာ ပြန်နှံ့နေတဲ့ စကားအသုံးအနှုန်းတွေ ရေပန်းစားနေတဲ့ အဝတ်အစားတွေကတော့ လူတွေကြားမှာ အသုံးများလာတာကို တွေ့ရမှာပါ။ တချို့သော ဗန်းစကားတွေကလည်း လူငယ်တွေကြားမှာ ပျံ့နှံ့နေပြီး ကြားလိုက်တာနဲ့ကို ရယ်ချင်စရာကောင်းနေပါပြီ။ ဒီလိုမျိုး စကားတွေကိုတော့ ဟာသဗီဒီယိုတွေ ကြော်ငြာတွေ ရုပ်ရှင်တွေထဲမှာလည်း ကြားနေရသလို စကားလုံးတလုံး ပေါက်သွားရင် အမျိုးမျိုးသော အသုံးပြုမှုတွေကြားမှာ ပျံ့နှံ့ တာကို တွေ့ရမှာပါ။
အွန်လိုင်းပေါ်မှာ လက်ရှိခေတ်စားနေတဲ့ စကားတွေ အများကြီးထဲမှာမှ “ဖုန်ရှူလိုက်” ဆိုတဲ့ စကားကိုတော့ တော်တော်များများ ရင်းနှီးနေကြမယ် ထင်ပါတယ်။ လက်ရှိမှာတော့ ဖုန်ရှူလိုက် ဆိုတဲ့ သီချင်းကတော့ ပရိသတ်တွေကြားမှာ ပျံ့နှံ့ နေတာ ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ Na YEm ဆိုတဲ့ အကောင့်က ကောင်လေးတယောက်က ကိုယ်ပိုင်ဟန်လေးနဲ့ သီဆိုထားတာ ဖြစ်ပြီး လူငယ်တွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။
ဖုန်ရှူလိုက်ဆိုတဲ့ သီချင်းလေးထဲမှာတော့ “ဖုန်ရှူလိုက်၊ သဲတွေလျက်လိုက်၊ ဘိလပ်မြေတွေသောက်လိုက်၊ အုတ်နီခဲတွေစားလိုက်” ဆိုတဲ့ စာသားလေးပဲ ပါဝင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တီးလုံးပိုင်းနဲ့ သီဆိုမှုပိုင်းကိုတော့ ပရိသတ်တွေ ကြိုက်နေကြတာ ဖြစ်ပါတယ်။ ဖုန်ရှူလိုက် ဆိုတဲ့ သီချင်းလေးကိုတေ့ာ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း နားထောင်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
Credit: ပြောချင်လွန်းလို့




