အနုပညာကိုသိတာနဲ့ လူကိုသိတာမတူဘူးဆိုတဲ့ ဖြိုးကြီး



တစ်ချိန်က လူကြီးလူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းကောင်းပေါင်းများစွာကို သီဆိုခဲ့တဲ့သူ ဖြိုးကြီးကတော့ သူဖြတ်သန်းလာရတဲ့ ဂီတလမ်းတစ်လျှောက်မှာခံယူထားတဲ့ခံယူချက်တွေနဲ့ သူရဲ့လတ်တလော လှုပ်ရှားမှုတွေကို Myanmar Load နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ အဲဒီလိုသူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင် ပြန်ပြောပြချင်လွန်းလို့ပြန်ပြောပြလိုက်တယ်နော်။



လတ်တလော အနုပညာလှုပ်ရှားမှုကိုသူ က “ အခုတော့အခွေထွက်ပြီးတဲ့နောက်ပိုင်း Show တွေ လိုက်ဆိုဖြစ်ပါတယ်။ အဓိကကတော့Showပဲများနေပါတယ်”။ဆိုပြီးပြောပြသွားခဲ့ပြီးတော့ အခုခေတ်ရဲ့အောင်မြင်လွယ်ကျရှုံးလွယ်တဲ့အခြေအနေအပေါ်မှာလည်း “ ကိုယ်တော့မသိဘူး ။ ခေတ်ကတော့တစ်ခတ်နဲ့တစ်ခေတ်တော့မတူဘူး။ ကိုယ်တို့ခေတ်နဲ့မတူသလို ကိုယ်တို့ရှေ့က Generation နဲ့ကိုယ်တို့နဲ့မတူသလို။ ကိုယ်တို့နောက်ကGeneration ကတစ်ခုကျော်လောက်ဖြစ်နေပြီလေ မတူဘူးပေါ့။နာမည်တစ်လုံး ရတယ်ဆိုတာကလည်း ရပုံရနည်းချင်းတော့ ကွာတာပေါ့ ။အဲ့တာတွေကတော့ ဝေဖန်မသုံးသပ်ချင်ပါဘူး ။သိသိသာသာကွဲပြားတာကတော့လူသိတာပေါ့နော် ။ အနုပညာကိုသိတာထက်လူကိုသိတာပေါ့နော် Social Network အဲ့ဒါကြောင့် Social တော်တော်များတဲ့အတွက် Mediaတော်တော်များတဲ့အတွက် လူသိတာတို့ နာမည်တစ်လုံးရလာတယ်လို့တော့ထင်ကြတာလားတော့မတူဘူးပေါ့ ။ လူသိတာနဲ့အနုပညာကိုသိတာနဲ့မတူဘူးပေါ့ ။နောက်ပြီးတော့ လူကိုသိပြီးတော့ သိပုံသိနည်းချင်းလည်းမတူဘူး ။





အဓိက ကတော့ အစ်ကိုတို့ခေတ်ကပေါ့ အစ်ကိုတို့အဘိုးကြီးတွေခေတ်ကတော့ အနုပညာကိုသိဖို့ကြိုးစားကြတာလေ။ ဘာလို့လဲဆိုတော့ ကျနော်တို့ကအနုပညာနဲ့အလုပ်လုပ်မှာဆိုတော့ ကိုယ့်အနုပညာကိုသိဖို့ကြိုးစားကြတယ်။ အခုခေတ်ကျတော့လည်း ဒီခေတ်အလျောက်ပေါ့နော် လူကိုသိတဲ့အတွက် အထောက်အပံ့မဖြစ်ဘူးလားဆိုတော့ ဖြစ်တဲ့ဟာဖြစ်ပါတယ်။ ဒါပေမယ့် မတူဘူးပေါ့ ။ကွာတာပေါ။ ကွာတယ်ဆိုတာကလည်းစောစောကနှစ်ခုကွာတာပေါ့။”လို့ပြောသွားပြီး ငါ့အတွက်အရာရာ ထဲက သီချင်းတွေကို Music Video အဖြစ်Online ကနေပရိသတ်အတွက်တင်ပေးသွားဖို့ရှိကြောင်းကိုလည်းပြောပြပါတယ်။

ပြီးတော့ Online ပေါ်သီချင်းတွေတင်တာက ပရိသတ်နဲ့ထိတွေမှုပိုရှိလားဆိုတဲ့မေးခွန်းကို “ သဘာဝလည်းမကျဘူး ။ သဘာဝမကျတာလည်းမဟုတ်ဘူး ဒီလိုDigitalဘက်ကိုသွားတာကတော့ သဘာဝကျပါတယ်။ ဒါပေမယ့်ကျန်တဲ့စနစ်မကျတာတွေတော့ရှိတာပေါ့ ။ ဒါပေမယ့်ဒီလမ်းပဲရှိနေလို့သွားနေတာပေါ့ ။ လို့ပြောသွားတဲ့အပြင် နာမည်တစ်လုံးနဲ့ရပ်တည်နိုင်တဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုလည်း “ကျနော်က ပရိသတ်နဲ့ဆိုင်ပါတယ်. ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ရပ်တည်မှုနဲ့ကိုယ့်အခြေအနေကို ကိုယ့်ဟာကို သုံးသပ်ကြည့် တယ်။ သြော် ငါက ဒီသီချင်းတွေဝါသနာပါလို့ ဒီဟာပဲမလုပ်မဖြစ်လုပ်ချင်တဲ့ဆန္ဒ ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဝါသနာအရ လျှောက်ခဲ့တဲ့လမ်းပေါ်မှာ ပရိသတ်က နေရာပေးလိုက်တယ်။ ပေးလိုက်တဲ့နေရာကအချိန်ကာလတစ်ခုထိရောက်လာတာ အဲ့တာကတော့ ကိုယ်ကလုပ်ချင်လို့လုပ်တယ် ပရိသတ်ကနေရာပေးတယ် အဲ့ဒါကြောင့်ပါ ။အဓိက ကတော့ ပရိသတ်ကြောင့်ပါ ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Credit   \\  original

Recent Updates

Recent Posts Widget