တ႐ုတ္တြင္ လူကုန္ကူးခံရၿပီး ေပ်ာက္ဆုံးေနတဲ့ အမ်ိဳးသမီးကုိ ျပန္ေတြ႕ၿပီဟု ဆုိ




လူကုန္ကူးမႈတားဆီးႏွိမ္ နင္းေရးရဲတပ္ဖြဲ႕က ပညာေပးအ ေနျဖင့္ ဗီဒီယုိဖုိင္ထုတ္ျပန္ခဲ့သည့္တ႐ုတ္ႏုိင္ငံတြင္ လူကုန္ကူးခံရၿပီး ႐ိုက္ႏွက္ခံေနရေသာ ျမန္မာအ မ်ိဳးသမီးကုိ ယခု ျပန္ရွာေတြ႕ၿပီျဖစ္ ေၾကာင္း၊ တ႐ုတ္ႏုိင္ငံ၌ အိမ္ေထာင္က်ေနၿပီျဖစ္ေၾကာင္း ကာယကံရွင္၏အိမ္နီးခ်င္းမ်ားက ေျပာသည္။

တ႐ုတ္ႏုိင္ငံ၌ လူကုန္ကူး ခံရသူ ျမန္မာအမ်ိဳးသမီးတစ္ဦး ကုိ အျခားျမန္မာအမ်ိဳးသမီးတစ္ ဦးက ႐ိုက္ႏွက္ေနသည့္ ႏွစ္မိနစ္ ႏွင့္ ၅၆ စကၠန္႔ၾကာဗီဒီယုိဖိုင္ကုိ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ၂၀၁၉ မတ္လ ၁၂ ရက္တြင္ လူမႈကြန္ရက္မွတစ္ဆင့္ ထုတ္ျပန္ခဲ့သည္။ ႐ိုက္ႏွက္ခံေနရ သူသည္ ကခ်င္ျပည္နယ္ ၀ုိင္းေမာ္ ၿမိဳ႕နယ္ ၀ူယန္ေက်းရြာမွ လန္း နာမ္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည့္ ဗီဒီယုိဖုိင္ကုိၾကည့္ ၿပီး ကာယကံရွင္၏မိသားစု၀င္ မ်ားက 7Day Daily သတင္းစာ အား ေျပာသည္။

‘‘လန္းနာမ္ကုိ ျပန္ေတြ႕ၿပီ။ ကခ်င္တုိင္းရင္းသားေတြအမ်ား ႀကီးရွိေနတဲ့ က်န္ရွီးၿမိဳ႕နယ္ထဲ မွာ။ ဟုိမွာ အိမ္ေထာင္က်ေန တယ္’’ ဟု ၀ူယန္ေက်းရြာမွ ကုိ၀င္းႏုိင္ထြန္းက ဇြန္လ ၁၂ ရက္ တြင္ေျပာသည္။


ကုိ၀င္းႏုိင္ထြန္းသည္ ေဒၚလု နန္ႏွင့္အိမ္နီးခ်င္းျဖစ္ၿပီး ၀ုိင္းေမာ္ ၿမိဳ႕နယ္ မဒိန္ရပ္ကြက္မွ အမ်ိဳး သမီးတစ္ဦးက တ႐ုတ္ႏုိင္ငံ က်န္ ရွိီးၿမိဳ႕သုိ႔ ဇြန္လဆန္းက ေရာက္ ခဲ့စဥ္ လန္းနာမ္ကုိေတြ႕ခဲ့ေၾကာင္း 7Day Daily သတင္းစာအားေျပာ သည္။

‘‘အဲဒီကေလးမရဲ႕ ကုိယ္ေရး ကုိယ္တာအခ်က္အလက္ေတြကုိ တ႐ုတ္ရဲကုိေပးထားတယ္။ အခု ျပန္ေတြ႕တာ သူ(လန္းနာမ္)ဟုတ္၊ မဟုတ္ျပန္ေမးရဦးမယ္’’ ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕ ဒုတိယတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးသက္ေနာင္က ေျပာ သည္။

အသက္(၂၄)ႏွစ္အရြယ္ ကခ်င္တုိင္းရင္းသူလန္းနာမ္သည္ အိမ္ေထာင္သည္ျဖစ္ၿပီး ၀ုိင္းေမာ္ ၿမိဳ႕နယ္ရွိ တစ္သွ်ဴးငွက္ေပ်ာစုိက္ ခင္းတစ္ခုတြင္ အလုပ္လုပ္ေနစဥ္ လူကုန္ကူးခံရကာ တ႐ုတ္ႏုိင္ငံသုိ႔ ေရာက္ရွိျခင္းျဖစ္သည္ဟု ၎၏ မိခင္ေဒၚလုနန္က ေျပာသည္။ သမီးျဖစ္သူကုိ ျပန္ေတြ႕ႏုိင္ေရး ေဒၚလုနန္ႏွင့္ ကခ်င္တုိင္းရင္းသား အရပ္ဘက္အဖြဲ႕မ်ားက ဗီဒီယုိဖုိင္ ကုိၾကည့္ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ အကူအညီေတာင္းခဲ့သည္။

လူကုန္ကူးခံရေသာအမ်ိဳး သမီးတစ္ဦးကုိ အျခားျမန္မာအ မ်ိဳးသမီးတစ္ဦးက ႐ုိက္ႏွက္ေန ေသာဗီဒီယုိဖုိင္ကုိ တ႐ုတ္ႏုိင္ငံ ေရာက္ ျမန္မာအမ်ိဳးသားတစ္ဦး က ေပးပုိ႔ၿပီး လူကုန္ကူးခံရျခင္း ေနာက္ကြယ္မွ ဆုိးရြားေသာျဖစ္ ရပ္မ်ားကုိ သတိျပဳႏုိင္ေစရန္ လူမႈ ကြန္ရက္ေပၚတင္ျခင္းျဖစ္သည္ ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕က ရွင္းျပသည္။

Credit – 7daydaily

Unicode ျဖင့္ဖတ္ရန္

လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့က ပညာပေးအ နေဖြင့် ဗီဒီယိုဖိုင်ထုတ်ပြန်ခဲ့သည့်တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး ရိုက်နှက်ခံနေရသော မြန်မာအ မျိုးသမီးကို ယခု ပြန်ရှာတွေ့ပြီဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၌ အိမ်ထောင်ကျနေပြီဖြစ်ကြောင်း ကာယကံရှင်၏အိမ်နီးချင်းများက ပြောသည်။

တရုတ်နိုင်ငံ၌ လူကုန်ကူး ခံရသူ မြန်မာအမျိုးသမီးတစ်ဦး ကို အခြားမြန်မာအမျိုးသမီးတစ် ဦးက ရိုက်နှက်နေသည့် နှစ်မိနစ် နှင့် ၅၆ စက္ကန့်ကြာဗီဒီယိုဖိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၂၀၁၉ မတ်လ ၁၂ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ရိုက်နှက်ခံနေရ သူသည် ကချင်ပြည်နယ် ၀ိုင်းမော် မြို့နယ် ၀ူယန်ကျေးရွာမှ လန်း နာမ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ကိုကြည့် ပြီး ကာယကံရှင်၏မိသားစု၀င် များက 7Day Daily သတင်းစာ အား ပြောသည်။

‘‘လန်းနာမ်ကို ပြန်တွေ့ပြီ။ ကချင်တိုင်းရင်းသားတွေအများ ကြီးရှိနေတဲ့ ကျန်ရှီးမြို့နယ်ထဲ မှာ။ ဟိုမှာ အိမ်ထောင်ကျနေ တယ်’’ ဟု ၀ူယန်ကျေးရွာမှ ကို၀င်းနိုင်ထွန်းက ဇွန်လ ၁၂ ရက် တွင်ပြောသည်။

ကို၀င်းနိုင်ထွန်းသည် ဒေါ်လု နန်နှင့်အိမ်နီးချင်းဖြစ်ပြီး ၀ိုင်းမော် မြို့နယ် မဒိန်ရပ်ကွက်မှ အမျိုး သမီးတစ်ဦးက တရုတ်နိုင်ငံ ကျန် ရှိီးမြို့သို့ ဇွန်လဆန်းက ရောက် ခဲ့စဉ် လန်းနာမ်ကိုတွေ့ခဲ့ကြောင်း 7Day Daily သတင်းစာအားပြော သည်။

‘‘အဲဒီကလေးမရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကို တရုတ်ရဲကိုပေးထားတယ်။ အခု ပြန်တွေ့တာ သူ(လန်းနာမ်)ဟုတ်၊ မဟုတ်ပြန်မေးရဦးမယ်’’ ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နောင်က ပြော သည်။

အသက်(၂၄)နှစ်အရွယ် ကချင်တိုင်းရင်းသူလန်းနာမ်သည် အိမ်ထောင်သည်ဖြစ်ပြီး ၀ိုင်းမော် မြို့နယ်ရှိ တစ်သျှူးငှက်ပျောစိုက် ခင်းတစ်ခုတွင် အလုပ်လုပ်နေစဉ် လူကုန်ကူးခံရကာ တရုတ်နိုင်ငံသို့ ရောက်ရှိခြင်းဖြစ်သည်ဟု ၎င်း၏ မိခင်ဒေါ်လုနန်က ပြောသည်။ သမီးဖြစ်သူကို ပြန်တွေ့နိုင်ရေး ဒေါ်လုနန်နှင့် ကချင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့များက ဗီဒီယိုဖိုင် ကိုကြည့်ပြီးနောက် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့သည်။

လူကုန်ကူးခံရသောအမျိုး သမီးတစ်ဦးကို အခြားမြန်မာအ မျိုးသမီးတစ်ဦးက ရိုက်နှက်နေ သောဗီဒီယိုဖိုင်ကို တရုတ်နိုင်ငံ ရောက် မြန်မာအမျိုးသားတစ်ဦး က ပေးပို့ပြီး လူကုန်ကူးခံရခြင်း နောက်ကွယ်မှ ဆိုးရွားသောဖြစ် ရပ်များကို သတိပြုနိုင်စေရန် လူမှု ကွန်ရက်ပေါ်တင်ခြင်းဖြစ်သည် ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က ရှင်းပြသည်။

Credit – 7daydaily

Recent Updates

Recent Posts Widget