သင်္ကန်းဝတ်နဲ့ အရမ်းကိုကြည်ညိုစရာကောင်းတဲ့ ကျော်ကျော်နန္ဒ ရဲ့ပုံရိပ်
အနုပညာလောကမှာ (၁၀) စုနှစ်စာ ရပ်တည်ခဲ့ပြီးနောက် အခုတဖန် ပြန်လည်ရေပန်းစားနေတဲ့ အဆိုတော်နဲ့ သရုပ်ဆောင် ကျော်ကျော်နန္ဒက သူ့ရဲ့အများနဲ့ မတူတဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး “ထိပ်လန့်ခြောက်ခြားဖွယ်ညများ” ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။
ကျော်ကျော်နန္ဒက ရှေ့ဆက်ပြီးလည်း အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးဖို့ စာချုပ်ချုပ် လက်ခံထားပြီ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက နောက်ထပ် ဇာတ်လမ်းတွဲ (၁၀) ကားရိုက်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။
ဇာတ်လမ်းတွဲတွေမှာ အဆက်မပြတ်ဆက်လက်ရိုက်ကူးသွားတော့မယ့် ကျော်ကျော်နန္ဒကတော့ ငယ်ငယ်က သင်္ကန်းဝတ်ခဲ့တုန်းက ကြည်ညိုစရာ ပုံရိပ်လေးကို ပရိသတ်တွေထံ ချပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံရိပ်လေးကို ကြည့်ရတဲ့ ပရိသတ်တွေကလည်း အရမ်းကို သဘောကျခဲ့ကြတာပဲ ဖြစ်ပါတယ်။
သင်္ကန်းဝတ်ခဲ့တုန်းက ကြည်ညိုစရာ ပုံရိပ်လေးကို ပရိသတ်တွေထံ ချပြပေးခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ” ၃၁ ဘုံသားအားလုံးကျန်းမာချမ်းသာလိုတိုင်းတရကြပါစေ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
ကျော်ကျော်နန္ဒကတော့ ရှေ့ဆက်ပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ သင်္ကန်းဝတ်နဲ့ပုံရိပ်လေးကိုကြည့်ရင်း သဘောကျကြည်ညိုမိတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Lazumnawsan
Source: Kyaw Kyaw Nanda’s fb
Credit \\ original





