ဦးချိုအရှည် (၁၀)ပေ(၇)လက်မနဲ့ ဂစ်နစ်စံချိန်တင်နိုင်ခဲ့သော အမေရိကန်နွားသိုး
Credit  \\  orginal
ယူနီကုဒ်ဖြင့် ဖတ်ရန်-
အမေရိကန်၊ Birmingham metro area ရဲ့ပြင်ပ၊ Goodwater, Alabama မိသားစုပိုင်ဆိုင်တဲ့ နွားသိုးတစ်ကောင်ကတော့ အခုအခါ ဂင်းနစ်မှတ်တမ်းစံချိန်ကို ရယူနိုင်ခဲ့ပါပြီ။ အဆိုပါ နွားရဲ့အမည်ကိုတော့ ပိုင်ရှင်တွေက Poncho လို့ အမည်ပေးထားပါတယ်။
Poncho ကို Pope မိသားစုက ပိုင်ဆိုင်ပြီး Texas longhorn နို့စားနွားမျိုးစိတ်ဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ ဂင်းနစ်မှတ်တမ်းကတော့ Guinness World Record for the longest horn ဖြစ်ပါတယ်။ သူရဲ့ ချိုအရှည်က (၁၀)ပေ (၇)လက်မဖြစ်ပါတယ်။
သူက ကနဦးစံချိန်တင်ထားတဲ့ နွားထက် (၁)လက်မပိုရှည်ပြီး စံချိန် ချိုးခဲ့တာပါ။ Poncho ဟာ အခုဆိုရင် အသက်(၇)နှစ်သားဖြစ်ပြီး (၆)လအရွယ်ကတည်းက Pope မိသားစုထံ ရောက်လာခဲ့တာလို့ သိရပါတယ်။ ငယ်စဉ်ကတည်းကပဲ ချိုရဲ့ရှည်လျှားမှုက သိသာလာလို့ မဖြတ်ဘဲ အရှည်မွေးထားတာပါ။
လေးနှစ်သားမှာပင် ဂြိုအရှည်က (၉)ပေလောက် ရှိနေလို့၊ (၈)နှစ်ဝန်းကျင်လောက်မှာဆိုရင် စံချိန်တင်နိုင်လိမ့်မယ်လို့ Pope မိသားစုက ခန့်မှန်းခဲ့ပါတယ်။ တကယ်တော့ (၇)နှစ်သားအရွယ်မှာပဲ Poncho က စံချိန်ချိုုးလိုက်နိုင်တာမို့ ဒီစံချိန်ကို ရေရှည်ဆက်ထိန်းထားဖို့ ရှိနေပါတယ်။
လက်ရှိအချိန်တော့ Poncho ဟာ ကြီးထွားမှု အားကောင်းနေဆဲဖြစ်ပြီး အသက်(၁၂)နှစ် မတိုင်ခင်အထိ သူရဲ့ ချိုရှည်လျှားမှုက ရပ်တန့်မှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။ Texas longhorn နွားမျိုးစိတ်ဟာ ပျမ်းမျှအားဖြင့် သက်တမ်း (၂၀)နှစ်အထိ နေနိုင်ပါတယ်။
တစ်ချို့ Texas longhorn နွားမျိုးစိတ်တွေကတော့ (၂၅)နှစ်ကနေ (၃၀)နှစ်အထိ နေနိုင်တာမျိုး ရှိတယ်လို့ သိရပါတယ်။ ဦးချိုအရှည် ကြီးထွားမှုကတော့ အသက် (၁၂)နှစ်နဲ့ (၁၃)နှစ်ကြားမှာဖြစ်ပြီး၊ အဲဒီနောက် ဦးချိုက ကြီးထွားမှုရပ်တန့်ကာ ကျိုးခြင်း၊ ပဲ့ခြင်းတွေလည်း ရှိနို်င်ပါတယ်တဲ့။
လင်းဇော်ကို (D Khit Media)
source : The Sun
credit  \\  original
Recent Updates
Recent Posts Widget