“ေလာဘႏြံ” ႐ုပ္ရွင္႐ိုက္ရင္း ေက်ာက္ေအာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ လူမင္း…



ကခ်င္ ဒါ႐ိုက္တာတဦးျဖစ္တဲ့ ဒါ႐ိုက္တာ ေဒါင္လြဏ္း ႐ိုက္ကူးတဲ့ ေရမေဆးသမားမ်ားရဲ႕ဘဝကို ပုံေဖာ္ထားတဲ့ “ေလာဘႏြံ” ႐ုပ္ရွင္ဇာတ္ကားအား ကခ်င္ျပည္နယ္၊ ဖားကန႔္မွာ သြားေရာက္ ႐ိုက္ကူးရင္း ေက်ာက္ေအာင္ခဲ့တယ္လို႔ လူမင္းက ေျပာပါတယ္။

..

“အဲဒီကား႐ိုက္ရင္းနဲ႔ ေက်ာက္တလုံးကို ကံစမ္းၾကည့္တာပါ။ ေက်ာက္ပြင့္တယ္ဆိုတာက ေက်ာက္က ပစ္လိုက္ရတယ္ဆိုတဲ့ ေက်ာက္ေတာ့ မျဖစ္ဘူးေပါ့။ တကယ္ေရာင္းစားလို႔ရတဲ့ ေက်ာက္ေပါ့။ ရာေက်ာ္ေခါင္ ေက်ာက္ႀကီးေတြေတာ့ မဟုတ္ပါဘူး။ ေက်ာက္ေအာင္တယ္လို႔ ေျပာလို႔ရတဲ့ အဆင့္ေလးပါပဲ” လို႔ လူမင္းက ေျပာပါတယ္။



သ႐ုပ္ေဆာင္ လူမင္းကေတာ့ ဒီ႐ုပ္ရွင္ဇာတ္ကားထဲမွာ ေလာပန္ ဗီလိန္တေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ဖားကန႔္မွာရွိတဲ့ ေရမေဆးသမားမ်ားရဲ႕ဘဝကို ပုံေဖာ္တဲ့ဇာတ္ကားမ်ိဳးကို ႐ိုက္ခ်င္တာေၾကာင့္ ပါဝင္ျဖစ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

“ဇာတ္အေနအထားအရ ဗီလိန္ေလာပန္ တေယာက္ေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ အဓိကကေတာ့ ကိုယ့္ဇာတ္႐ုပ္ ေနရာတခုကိုပဲ ေ႐ြးမယ္ဆိုရင္ေတာ့ ဒီကားကို လက္ခံျဖစ္မွာ မဟုတ္ဘူး။ ဒီကားက ေဒါင္လြဏ္း ႐ိုက္တာလည္းျဖစ္တယ္၊ ဖားကန႔္မွာ ကိုယ္တိုင္ကိုက ေရမေဆးသမားေတြနဲ႔ ပတ္သက္ၿပီး ကားတကား ႐ိုက္ခ်င္တဲ့ စိတ္ကလည္းရွိေတာ့ သူကေဒသခံဆိုေတာ့ ပိုၿပီးလည္း လုပ္ႏိုင္တယ္ေလ။ အဲဒါေၾကာင့္သူ႐ိုက္တဲ့ကားကို တေထာင့္တေနရာက ဝင္ၿပီးေတာ့ ပံ့ပိုး႐ိုက္ကူးေပးတဲ့ သေဘာပါပဲ” လို႔ လူမင္းကေျပာပါတယ္။

“ေလာဘႏြံ”႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာျဖစ္တဲ့ ေဒါင္လြဏ္းကို ေဒသခံတေယာက္ျဖစ္ေနတာေၾကာင့္ အမ်ားႀကီး႐ိုက္ျပႏိုင္ခဲ့ၿပီး ေဒသခံမ်ားစြာကလည္း ပါဝင္ကူညီခဲ့တယ္လို႔ ဆိုပါတယ္။

“ဒီကားက ေဒါင္လြဏ္းမို႔လို႔ အမ်ားႀကီး႐ိုက္ႏိုင္တယ္လို႔ က်ေနာ္ထင္တယ္။ ေဒသခံေတြကလည္း အမ်ားႀကီး ကူညီတယ္။ မိတ္ေဆြေတြကလည္း အမ်ားႀကီးကူညီတယ္။ ဒီရာနဲ႔ ေထာင္နဲ႔ခ်ီတဲ့ ေရမေဆးသမားေတြကလည္း တကယ့္အစစ္ေတြပဲ။ သူတို႔ ေက်ာက္ဆင္းရွာမယ့္ အခ်ိန္ကို သ႐ုပ္ေဆာင္ေတြက ဆင္း႐ိုက္ၾကတာပါပဲ” လို႔ လူမင္းကေျပာပါတယ္။

အဆိုပါ ေဒသမွာသြားေရာက္႐ိုက္ကူးရတဲ့အခါမွာ သူတို႔ရဲ႕ဘဝမ်ားကိုျမင္ေတြ႕ရတဲ့ ခံစားခ်က္ကိုလည္း အခုလိုေျပာျပခဲ့ပါတယ္။

“ျမန္မာျပည္ အႏွံ႔အျပားက တိုင္းရင္းသားေတြ သိန္းနဲ႔ခ်ီၿပီးရွိတယ္။ ေလာပန္ဆိုတဲ့ အိပ္မက္ႀကီးကို ရွာေဖြတူးဆြေနၾကတာေပါ့။ ဒါေပမဲ့ သူတို႔ အေရအတြက္နဲ႔ အိပ္မက္တိုင္းျဖစ္သြားတဲ့ အေရအတြက္က အင္မတန္နည္းပါတယ္။ လူေတြက အရမ္းမ်ားတဲ့အတြက္ ဘယ္သူ ဘယ္ဝါရယ္ မသိဘူး၊ မေတာ္တဆ အမႈေတြျဖစ္တဲ့အခါမွာ ေသေၾကရတဲ့ လူအေရအတြက္က ဘယ္သူမွ အတိအက် မသိသလို ဘယ္သူရယ္လို႔လည္း မသိဘဲ အသက္ေတြက ေပါေပါပဲပဲနဲ႔ ေသေနတဲ့အျဖစ္အပ်က္ေတြ တကယ္ျဖစ္ေနတဲ့ ေဒသႀကီးပါ”လို႔ လူမင္းက ေျပာပါတယ္။

အဆိုပါ “ေလာဘႏြံ” ႐ုပ္ရွင္မွာေတာ့ သ႐ုပ္ေဆာင္မ်ားအျဖစ္ လူမင္း ၊ JZေဒါင္လြဏ္း၊ ဘုဏ္းသိုက္၊ ခင္လႈိင္၊ မင္းထက္၊ ေဇာ္ဒြဲေခါင္၊ ေအးျမတ္သူ၊ Pဂ်ာဆိုင္းပူ၊ NT ဆိုင္းႏြယ္နဲ႔ သ႐ုပ္ေဆာင္မ်ားစြာက သ႐ုပ္ေဆာင္ထားၿပီး ဇြန္လ ၂၇ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

CRD-The Irrawaddy lifestyle

Unicode

ကချင် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ ဒေါင်လွဏ်း ရိုက်ကူးတဲ့ ရေမဆေးသမားများရဲ့ဘဝကို ပုံဖော်ထားတဲ့ “လောဘနွံ” ရုပ်ရှင်ဇာတ်ကားအား ကချင်ပြည်နယ်၊ ဖားကန့်မှာ သွားရောက် ရိုက်ကူးရင်း ကျောက်အောင်ခဲ့တယ်လို့ လူမင်းက ပြောပါတယ်။

“အဲဒီကားရိုက်ရင်းနဲ့ ကျောက်တလုံးကို ကံစမ်းကြည့်တာပါ။ ကျောက်ပွင့်တယ်ဆိုတာက ကျောက်က ပစ်လိုက်ရတယ်ဆိုတဲ့ ကျောက်တော့ မဖြစ်ဘူးပေါ့။ တကယ်ရောင်းစားလို့ရတဲ့ ကျောက်ပေါ့။ ရာကျော်ခေါင် ကျောက်ကြီးတွေတော့ မဟုတ်ပါဘူး။ ကျောက်အောင်တယ်လို့ ပြောလို့ရတဲ့ အဆင့်လေးပါပဲ” လို့ လူမင်းက ပြောပါတယ်။

သရုပ်ဆောင် လူမင်းကတော့ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ လောပန် ဗီလိန်တယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဖားကန့်မှာရှိတဲ့ ရေမဆေးသမားများရဲ့ဘဝကို ပုံဖော်တဲ့ဇာတ်ကားမျိုးကို ရိုက်ချင်တာကြောင့် ပါဝင်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဇာတ်အနေအထားအရ ဗီလိန်လောပန် တယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ အဓိကကတော့ ကိုယ့်ဇာတ်ရုပ် နေရာတခုကိုပဲ ရွေးမယ်ဆိုရင်တော့ ဒီကားကို လက်ခံဖြစ်မှာ မဟုတ်ဘူး။ ဒီကားက ဒေါင်လွဏ်း ရိုက်တာလည်းဖြစ်တယ်၊ ဖားကန့်မှာ ကိုယ်တိုင်ကိုက ရေမဆေးသမားတွေနဲ့ ပတ်သက်ပြီး ကားတကား ရိုက်ချင်တဲ့ စိတ်ကလည်းရှိတော့ သူကဒေသခံဆိုတော့ ပိုပြီးလည်း လုပ်နိုင်တယ်လေ။ အဲဒါကြောင့်သူရိုက်တဲ့ကားကို တထောင့်တနေရာက ဝင်ပြီးတော့ ပံ့ပိုးရိုက်ကူးပေးတဲ့ သဘောပါပဲ” လို့ လူမင်းကပြောပါတယ်။

“လောဘနွံ”ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာဖြစ်တဲ့ ဒေါင်လွဏ်းကို ဒေသခံတယောက်ဖြစ်နေတာကြောင့် အများကြီးရိုက်ပြနိုင်ခဲ့ပြီး ဒေသခံများစွာကလည်း ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကားက ဒေါင်လွဏ်းမို့လို့ အများကြီးရိုက်နိုင်တယ်လို့ ကျနော်ထင်တယ်။ ဒေသခံတွေကလည်း အများကြီး ကူညီတယ်။ မိတ်ဆွေတွေကလည်း အများကြီးကူညီတယ်။ ဒီရာနဲ့ ထောင်နဲ့ချီတဲ့ ရေမဆေးသမားတွေကလည်း တကယ့်အစစ်တွေပဲ။ သူတို့ ကျောက်ဆင်းရှာမယ့် အချိန်ကို သရုပ်ဆောင်တွေက ဆင်းရိုက်ကြတာပါပဲ” လို့ လူမင်းကပြောပါတယ်။

အဆိုပါ ဒေသမှာသွားရောက်ရိုက်ကူးရတဲ့အခါမှာ သူတို့ရဲ့ဘဝများကိုမြင်တွေ့ရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“မြန်မာပြည် အနှံ့အပြားက တိုင်းရင်းသားတွေ သိန်းနဲ့ချီပြီးရှိတယ်။ လောပန်ဆိုတဲ့ အိပ်မက်ကြီးကို ရှာဖွေတူးဆွနေကြတာပေါ့။ ဒါပေမဲ့ သူတို့ အရေအတွက်နဲ့ အိပ်မက်တိုင်းဖြစ်သွားတဲ့ အရေအတွက်က အင်မတန်နည်းပါတယ်။ လူတွေက အရမ်းများတဲ့အတွက် ဘယ်သူ ဘယ်ဝါရယ် မသိဘူး၊ မတော်တဆ အမှုတွေဖြစ်တဲ့အခါမှာ သေကြေရတဲ့ လူအရေအတွက်က ဘယ်သူမှ အတိအကျ မသိသလို ဘယ်သူရယ်လို့လည်း မသိဘဲ အသက်တွေက ပေါပေါပဲပဲနဲ့ သေနေတဲ့အဖြစ်အပျက်တွေ တကယ်ဖြစ်နေတဲ့ ဒေသကြီးပါ”လို့ လူမင်းက ပြောပါတယ်။

အဆိုပါ “လောဘနွံ” ရုပ်ရှင်မှာတော့ သရုပ်ဆောင်များအဖြစ် လူမင်း ၊ JZဒေါင်လွဏ်း၊ ဘုဏ်းသိုက်၊ ခင်လှိုင်၊ မင်းထက်၊ ဇော်ဒွဲခေါင်၊ အေးမြတ်သူ၊ Pဂျာဆိုင်းပူ၊ NT ဆိုင်းနွယ်နဲ့ သရုပ်ဆောင်များစွာက သရုပ်ဆောင်ထားပြီး ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

CRD-The Irrawaddy lifestyle

Recent Updates

Recent Posts Widget