ပြည်သူများ မျှော်လင့်နေတဲ့ ဒလတံတားစီမံကိန်းအတွက် ပိုင်တူးခြင်းလုပ်ငန်း စတင်ပြီ
ပည်သူများမျှော်လင့် နေသော မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း မှ ဒလဘက်ကမ်း A-1 ဘိုးပိုင် ကို ယနေ့ စတူးပြီ ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်ဘက်ကမ်းသို့ ရောက်ရှိပြီး မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်း RAP – 1 ဘိုးပိုင် စတင်တူးနေမှုတို့ကို ကြည့်ရှု့အားပေး ခဲ့သည်။
မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား မှာ ပြည်သူအများ မျှော်လင့် နေသည့် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်း တစ်ခုဖြစ်ပြီး ယင်းတံတားမှာ မကြာမီ ရန်ကုန်မြို့၏ Land Mark တစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့်အတူ မြို့ပြဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သွားလာရေး လွယ်ကူအဆင်ပြေ ချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများလည်း သွက်လက်မြန်ဆန်လာမည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
Credit \\ original




