အံဩဖြယ္ကမၻာ့ပထမဆံုးအေနနဲ႔ ႏွလံုးမ႐ွိဘဲအသက္႐ွင္သန္ေနသူ
အံဩဖြယ္ကမၻာ့ပထမဆံုးအေနနဲ႔ ႏွလံုးမ႐ွိဘဲအသက္႐ွင္သန္ေနသူ
အသက္ ၅၅ ႏွစ္အရြယ္ ခရိတ္ခ္လူးဝစၥဟာ amyloidosis လို႔ေခၚတဲ့ ႏွလံုးေရာဂါတစ္မ်ိဳးကို ခံစားရၿပီး အသက္အႏၱရာယ္ပါစိုးထိတ္ရတဲ့ အေျခအေနပါ။ Amyloidosis ဆိုတာ ႐ိုးတြင္းခ်ဥ္ဆီထဲမွာ ပံုမွန္မဟုတ္တဲ့ ပ႐ိုတိန္းဓာတ္တစ္မ်ိဳးထြက္႐ွိလာၿပီး သူ႕ရဲ့အညစ္အေၾကးအဆိပ္ဓာတ္ေတြဟာ ႏွလံုးမွာသြားေရာက္စုပံုေနတာမ်ိဳးပါ။သူ႕ကုိ တကၠဆက္ႏွလံုးေဆးရံုမွာ ကုသခဲ့ရာမွာေတာ့ ေဒါက္တာဘီလီကြန္းနဲ႔ ေဒါက္တာဘတ္ဖေရဇီယာတို႔ရဲ႕ အစြမ္းအစ နဲ႔ သူဟာ ကမၻာ့ပထမဆံုးအျဖစ္ ကိုယ္တြင္းအဂၤါမွာ ႏွလံုးမပါဝင္ဘဲ အသက္႐ွင္ေနထိုင္ႏိုင္တဲ့ လူသားျဖစ္လာခဲ့ပါတယ္။
သူ႕ရဲ႕ ႏွလံုးကိုဖယ္ထုတ္ပစ္လိုက္ၿပီးႏွလံုးခုန္စရာမလိုဘဲ ခႏၶာကိုယ္မွာ ပံုမွန္အတိုင္း ေသြးလည္ပတ္စီးဆင္းႏိုင္ေအာင္ “continuous flow” device ဆိုတဲ့ စက္ကိရိယာတစ္မ်ိဳးရဲ႕အကူအညီနဲ႔ ေဒါက္တာႏွစ္ဦးက စြမ္းေဆာင္ႏိုင္ခဲ့တာပါ။ႏွလံုးတစ္ခုလံုးရဲ႕ေနရာမွာ ဒီကိရိယာကိုတပ္ဆင္ေပးၿပီးေနာက္မွာ လူနာခရိတ္ခ္ဟာ စက္တပ္ဆင္ၿပီး ေန႔တြင္းခ်င္းမွာပဲ ထူထူေထာင္ေထာင္ျဖစ္လာခဲ့ၿပီး ဆရာဝန္ေတြနဲ႔ပါ စကားေျပာဆိုေနႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ေဒါက္တာကြန္းဟာ လူရဲ့ႏွလံုးကို အစားထိုးဖို႔ (သို႔) ျပဳျပင္ကုသႏိုင္ဖုိ႔ သုေတသနလုပ္ေဆာင္ေနသူ သိပၸံပညာရွင္ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ပါတယ္။ သူဟာ ေဒါက္တာ ဖေရဇီယာနဲ႔ ပူးေပါင္းၿပီး LVADs ဆိုတဲ့ ႏွလံုးေထာက္ကူ စက္ကိရိယာနည္းပညာကိုအသံုးျပဳလို႔ တိရစၧာန္သားေပါက္ အေကာင္ ၇၀ ကို စမ္းသပ္ေလ့လာခဲ့ရာမွာ ႏွလံုးတစ္ခ်က္မခုန္ဘဲ ပံုမွန္အသက္႐ွင္ေနတဲ့အတိုင္း စားနိင္၊ သြားႏိုင္ၿပီး တိရစၧာန္အခ်င္းခ်င္းလည္း အျပန္အလွန္ဆက္သြယ္ႏိုင္ေၾကာင္း ေလ့လာေတြ႕႐ွိခဲ့ၾကတာပဲ ျဖစ္ပါတယ္။
ApannPyay ခ်စ္ပရိသတ္မ်ား အတြက္ ဗဟုသုတအေနနဲ႔ တင္ဆက္ေပးလိုက္ရပါတယ္။
EFIL(ApannPyay)
Credit \\ original
Unicode
အသက် ၅၅ နှစ်အရွယ် ခရိတ်ခ်လူးဝစ္စဟာ amyloidosis လို့ခေါ်တဲ့ နှလုံးရောဂါတစ်မျိုးကို ခံစားရပြီး အသက်အန္တရာယ်ပါစိုးထိတ်ရတဲ့ အခြေအနေပါ။ Amyloidosis ဆိုတာ ရိုးတွင်းချဉ်ဆီထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးထွက်ရှိလာပြီး သူ့ရဲ့အညစ်အကြေးအဆိပ်ဓာတ်တွေဟာ နှလုံးမှာသွားရောက်စုပုံနေတာမျိုးပါ။သူ့ကို တက္ကဆက်နှလုံးဆေးရုံမှာ ကုသခဲ့ရာမှာတော့ ဒေါက်တာဘီလီကွန်းနဲ့ ဒေါက်တာဘတ်ဖရေဇီယာတို့ရဲ့ အစွမ်းအစ နဲ့ သူဟာ ကမ်ဘာ့ပထမဆုံးအဖြစ် ကိုယ်တွင်းအင်္ဂါမှာ နှလုံးမပါဝင်ဘဲ အသက်ရှင်နေထိုင်နိုင်တဲ့ လူသားဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ နှလုံးကိုဖယ်ထုတ်ပစ်လိုက်ပြီးနှလုံးခုန်စရာမလိုဘဲ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း သွေးလည်ပတ်စီးဆင်းနိုင်အောင် “continuous flow” device ဆိုတဲ့ စက်ကိရိယာတစ်မျိုးရဲ့အကူအညီနဲ့ ဒေါက်တာနှစ်ဦးက စွမ်းဆောင်နိုင်ခဲ့တာပါ။နှလုံးတစ်ခုလုံးရဲ့နေရာမှာ ဒီကိရိယာကိုတပ်ဆင်ပေးပြီးနောက်မှာ လူနာခရိတ်ခ်ဟာ စက်တပ်ဆင်ပြီး နေ့တွင်းချင်းမှာပဲ ထူထူထောင်ထောင်ဖြစ်လာခဲ့ပြီး ဆရာဝန်တွေနဲ့ပါ စကားပြောဆိုနေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာကွန်းဟာ လူရဲ့နှလုံးကို အစားထိုးဖို့ (သို့) ပြုပြင်ကုသနိုင်ဖို့ သုတေသနလုပ်ဆောင်နေသူ သိပ္ပံပညာရှင် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဒေါက်တာ ဖရေဇီယာနဲ့ ပူးပေါင်းပြီး LVADs ဆိုတဲ့ နှလုံးထောက်ကူ စက်ကိရိယာနည်းပညာကိုအသုံးပြုလို့ တိရစၧာန်သားပေါက် အကောင် ၇၀ ကို စမ်းသပ်လေ့လာခဲ့ရာမှာ နှလုံးတစ်ချက်မခုန်ဘဲ ပုံမှန်အသက်ရှင်နေတဲ့အတိုင်း စားနိင်၊ သွားနိုင်ပြီး တိရစၧာန်အချင်းချင်းလည်း အပြန်အလှန်ဆက်သွယ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
EFIL(ApannPyay)
Credit \\ original


