မ်က္နွာျပဳျပင္ခြဲစိတ္တာေတြမလုပ္ဘူးဆိုတဲ့ ေနတိုး
ဟိုးလြန္ခဲ့တဲ့ႏွစ္ေတြကတည္းက သဘာဝဆန္တဲ့သ႐ုပ္ေဆာင္မႈေတြ၊ဇာတ္႐ုပ္အေျပာင္းအလဲေတြပိုင္ႏိုင္မႈေတြနဲ႔ ပရိသတ္ေတြရင္ထဲကိုတတိတိနဲ႔တိုးဝင္သိမ္းပိုက္လာခဲ့တဲ့ေနတိုးဟာ အခုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသားႀကီးျဖစ္ေနပါၿပီ။ ငယ္ငယ္တုန္းက Video ေတြ၊ ႐ုပ္ရွင္ကားႀကီးေတြမွာ ခ်စ္ဖို႔ေကာင္းတဲ့ဟန္ပန္အမူအရာေလးေတြနဲ႔ ပရိသတ္အခ်စ္ခံရ
တဲ့ ေနတိုးက အခုဆိုရင္ေတာ့ အသက္အ႐ြယ္နဲ႔လိုက္ဖက္မႈရွိတဲ့ဇာတ္ကားေတြကိုသာ ေ႐ြးခ်ယ္စီစစ္လက္ခံေတာ့သလို ပရိသတ္ေတြအေနနဲ႔လည္း ေနတိုးရဲ႕ အသက္တစ္ႏွစ္ႀကီးလာေလ ပိုမိုေကာင္းမြန္လာေလျဖစ္တဲ့ သ႐ုပ္ေဆာင္မႈေတြကို ရင္သပ္ရႈ႕ေမာျဖစ္ေနၾကရဆဲပါပဲ။ ေနတိုးက Myanmar Cele 7 နဲ႔ Interview တစ္ခုမွာ ပရိသတ္ေတြရဲ႕ေျပာစကားေတြကို တုံ႔ျပန္ေျဖၾကားထားသလို လက္တေလာအႏုပညာလႈပ္ရွားမႈေတြကိုလည္းေျပာျပထားပါတယ္။ပရိသတ္ေတြက ေနတိုးကိုတေန႔တျခားပိုပိုႏုဖတ္ေခ်ာေမာလာတယ္လို႔ေျပာေနၾကတဲ့အေပၚမွာလည္း ေနတိုးက “အဓိကကေတာ့ ပုံမွန္အားျဖင့္ ကြၽန္ေတာ္ေနလာတဲ့ Life Style နဲ႔ အားကစားလုပ္တာေပါ့ေနာ္။ပုံမွန္အားျဖင့္ ထိန္းသိမ္းရမယ့္ အ႐ြယ္ကိုလည္းေရာက္လာတာမို႔ အရင္ကထက္ပိုၿပီးေတာ့ အားကစားေလ့က်င့္ခန္းေတြနဲ႔အစားအေသာက္ေတြနဲ႔ထိန္းသိမ္းျဖစ္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္ကနည္းနည္းျပည့္တယ္ဆိုေတာ့ ေပါင္နည္းနည္းတက္လာလို႔ရွိရင္ မ်က္ႏွာကပိုေဖာင္းတယ္ဆိုေတာ့ ႐ုပ္ကနည္းနည္းရင့္တယ္ေပါ့ေနာ္။ အဲ့ေတာ့အစားအေသာက္နည္းနည္းေလွ်ာ့ၿပီးေလ့က်င့္ခန္းလုပ္လို႔ Body Fit ျဖစ္သြားရင္ေတာ့ နည္းနည္းပိုၿပီးေတာ့ ငယ္တဲ့ပုံစံမ်ိဳးျမင္ရတယ္လို႔ထင္တယ္။ အခုလိုမ်ိဳးကြၽန္ေတာ့္ကိုေျပာျပတယ္၊႐ုပ္ႏုတယ္လို႔ေျပာလို႔လည္းဝမ္းသာပါတယ္။” လို႔ ခပ္ၿပဳံးၿပဳံးနဲ႔ေျပာထားပါတယ္။
ေနတိုးက မ်က္ႏွာခြဲစိတ္ျပဳျပင္မႈေတြလုပ္ဖို႔ရွိလားဆိုတဲ့ေမးခြန္းကိုလည္း “ကိုယ့္ကိုယ္ကိုယ္ သိတယ္မလား။ ဒီဟာကေတာ့ကိုယ္လုပ္ခ်င္တယ္။ ကိုယ့္မ်က္ႏွာမွာ ဒါကိုမႀကိဳက္ဘူးဆိုရင္ေတာ့လည္းတစ္မ်ိဳးေပါ့ေနာ္။အခုအခ်ိန္ထိေတာ့ ကိုယ့္ရဲ႕မ်က္ႏွာအေနအထားကိုယ့္ရဲ႕မ်က္ႏွာပုံစံကိုျပဳျပင္ေျပာင္းလဲဖို႔မလိုေသးဘူးလို႔ ကြၽန္ေတာ္ယူဆပါတယ္။ အဓိကကေတာ့ ကိုယ့္ရဲ႕ေနထိုင္သြားလာမႈရယ္၊ ေနာက္ၿပီးေတာ့ Skincare ေတြကိုပိုၿပီးေတာ့ေပါ့ေနာ္ သုံးၿပီးေတာ့ေနျဖစ္ေနတယ္ေပါ့။ ႀကီးႀကီးမားမားျပဳျပင္ေျပာင္းလဲမႈကေတာ့ ကြၽန္ေတာ့္အေနနဲ႔လုပ္ျဖစ္မွာလည္းမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ့္ပရိသတ္အေနနဲ႔ကလည္းႀကိဳက္မွာမဟုတ္ဘူး။ ဆိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ ရွိတဲ့ပုံစံကိုပဲအတတ္ႏိုင္ဆုံးထိန္းသိမ္းသြားတဲ့ပုံစံမ်ိဳးပဲလုပ္ျဖစ္ဖို႔မ်ားပါတယ္ခင္ဗ်ာ”လို႔ ေအးေအးခ်မ္းခ်မ္းေျဖၾကားသြားပါတယ္။
ပရိသတ္ႀကီးထဲမွာေရာ.. ေနတိုးကိုခ်စ္တဲ့ပရိသတ္ေတြဘယ္ေလာက္မ်ားမ်ားရွိလဲ။ အသက္ႀကီးလာေလႏုပ်ိဳလန္းဆန္းလာေလျဖစ္တဲ့ ေနတိုးရဲ႕ ေရွ႕ဆက္မယ့္အႏုပညာအလုပ္ေတြကို အတူတူအားေပးၾကမယ္ေနာ္။
CRD-hee hee har har
ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက သဘာဝဆန်တဲ့သရုပ်ဆောင်မှုတွေ၊ဇာတ်ရုပ်အပြောင်းအလဲတွေပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရင်ထဲကိုတတိတိနဲ့တိုးဝင်သိမ်းပိုက်လာခဲ့တဲ့နေတိုးဟာ အခုဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးဖြစ်နေပါပြီ။ ငယ်ငယ်တုန်းက Video တွေ၊ ရုပ်ရှင်ကားကြီးတွေမှာ ချစ်ဖို့ကောင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်အချစ်ခံရတဲ့ နေတိုးက အခုဆိုရင်တော့ အသက်အရွယ်နဲ့လိုက်ဖက်မှုရှိတဲ့ဇာတ်ကားတွေကိုသာ ရွေးချယ်စီစစ်လက်ခံတော့သလို ပရိသတ်တွေအနေနဲ့လည်း နေတိုးရဲ့ အသက်တစ်နှစ်ကြီးလာလေ ပိုမိုကောင်းမွန်လာလေဖြစ်တဲ့ သရုပ်ဆောင်မှုတွေကို ရင်သပ်ရှု့မောဖြစ်နေကြရဆဲပါပဲ။ နေတိုးက Myanmar Cele 7 နဲ့ Interview တစ်ခုမှာ ပရိသတ်တွေရဲ့ပြောစကားတွေကို တုံ့ပြန်ဖြေကြားထားသလို လက်တလောအနုပညာလှုပ်ရှားမှုတွေကိုလည်းပြောပြထားပါတယ်။ပရိသတ်တွေက နေတိုးကိုတနေ့တခြားပိုပိုနုဖတ်ချောမောလာတယ်လို့ပြောနေကြတဲ့အပေါ်မှာလည်း နေတိုးက “အဓိကကတော့ ပုံမှန်အားဖြင့် ကျွန်တော်နေလာတဲ့ Life Style နဲ့ အားကစားလုပ်တာပေါ့နော်။ပုံမှန်အားဖြင့် ထိန်းသိမ်းရမယ့် အရွယ်ကိုလည်းရောက်လာတာမို့ အရင်ကထက်ပိုပြီးတော့ အားကစားလေ့ကျင့်ခန်းတွေနဲ့အစားအသောက်တွေနဲ့ထိန်းသိမ်းဖြစ်တယ်ပေါ့နော်။ ကျွန်တော်ကနည်းနည်းပြည့်တယ်ဆိုတော့ ပေါင်နည်းနည်းတက်လာလို့ရှိရင် မျက်နှာကပိုဖောင်းတယ်ဆိုတော့ ရုပ်ကနည်းနည်းရင့်တယ်ပေါ့နော်။ အဲ့တော့အစားအသောက်နည်းနည်းလျှော့ပြီးလေ့ကျင့်ခန်းလုပ်လို့ Body Fit ဖြစ်သွားရင်တော့ နည်းနည်းပိုပြီးတော့ ငယ်တဲ့ပုံစံမျိုးမြင်ရတယ်လို့ထင်တယ်။ အခုလိုမျိုးကျွန်တော့်ကိုပြောပြတယ်၊ရုပ်နုတယ်လို့ပြောလို့လည်းဝမ်းသာပါတယ်။” လို့ ခပ်ပြုံးပြုံးနဲ့ပြောထားပါတယ်။
နေတိုးက မျက်နှာခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ရှိလားဆိုတဲ့မေးခွန်းကိုလည်း “ကိုယ့်ကိုယ်ကိုယ် သိတယ်မလား။ ဒီဟာကတော့ကိုယ်လုပ်ချင်တယ်။ ကိုယ့်မျက်နှာမှာ ဒါကိုမကြိုက်ဘူးဆိုရင်တော့လည်းတစ်မျိုးပေါ့နော်။အခုအချိန်ထိတော့ ကိုယ့်ရဲ့မျက်နှာအနေအထားကိုယ့်ရဲ့မျက်နှာပုံစံကိုပြုပြင်ပြောင်းလဲဖို့မလိုသေးဘူးလို့ ကျွန်တော်ယူဆပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့နေထိုင်သွားလာမှုရယ်၊ နောက်ပြီးတော့ Skincare တွေကိုပိုပြီးတော့ပေါ့နော် သုံးပြီးတော့နေဖြစ်နေတယ်ပေါ့။ ကြီးကြီးမားမားပြုပြင်ပြောင်းလဲမှုကတော့ ကျွန်တော့်အနေနဲ့လုပ်ဖြစ်မှာလည်းမဟုတ်ဘူး။ နောက်ပြီးတော့ ကျွန်တော့်ပရိသတ်အနေနဲ့ကလည်းကြိုက်မှာမဟုတ်ဘူး။ ဆိုတော့ ကျွန်တော့်အနေနဲ့ ရှိတဲ့ပုံစံကိုပဲအတတ်နိုင်ဆုံးထိန်းသိမ်းသွားတဲ့ပုံစံမျိုးပဲလုပ်ဖြစ်ဖို့များပါတယ်ခင်ဗျာ”လို့ အေးအေးချမ်းချမ်းဖြေကြားသွားပါတယ်။
ပရိသတ်ကြီးထဲမှာရော.. နေတိုးကိုချစ်တဲ့ပရိသတ်တွေဘယ်လောက်များများရှိလဲ။ အသက်ကြီးလာလေနုပျိုလန်းဆန်းလာလေဖြစ်တဲ့ နေတိုးရဲ့ ရှေ့ဆက်မယ့်အနုပညာအလုပ်တွေကို အတူတူအားပေးကြမယ်နော်။
CRD-hee hee har har




