ညဘက် အိပ်ယာဘေးမှာ ..ဖုန်းအားသွင်းပြီး မအိပ်ကြပါနဲ့..။ …ဖုန်းအားသွားထားတုန်း… ပေါက်ကွဲမှု ဗွီဒီယိုဖိုင်


















Credit  \\  original

Unicode version
ကျွန်မအပါအဝင် လူအများစုကအကျင့်ဆိုးလေးတွေရှိတတ်ကြပါတယ်။ အကျင့်ဆိုးလေးတွေထဲက အဆိုးဆုံးကတော့ မိမိတို့ရဲ့ဖုန်းကို မိမိတို့ရဲ့အိပ်ယာဘေးမှာထားအိပ်တတ်ကြတာပါပဲ။
အထူးသဖြင့်ဖုန်းအားသွင်းရင်းအိပ်တတ်တာမျိုးပါ။ ယနေ့ခေတ်မှာ ကျွန်မတို့အတွက် ဖုန်းဟာမရှိမဖြစ်လိုအပ်နေသလိုပါပဲ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ စသည်ဖြင့် အရေးကြီးနေတတ်ပါတယ်။

အဲ့ဒီအတွက်ဖုန်းအားအပြည့်မရှိမှာကို သိပ်စိုးရိမ်ကြပါတယ်။ မေ့လျော့သည်ဖြစ်စေ၊ သက်သက်အကျင့်တစ်ခုဖြစ်နေပါစေ ဖုန်းအနားထားအိပ်ရင်တောင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖုန်းအားသွင်းပြီး သင့်အနားမှာထားအိပ်တတ်တာဟာ ကြီးမားတဲ့အန္တာရာယ်ပါပဲနော်။
ညဘက်မဟုတ်တောင် ဖုန်းအားပြည့်ပြီလားဆိုတာ ခဏခဏစစ်နေသင့်ပါတယ်။ ပြည့်တာနဲ့အားသွင်းကြိုးကိုဖြုတ်လိုက်ပါ။ချစ်ပရိတ်သတ်ကြီးလည်း မပေါ့ဆဖြစ်အောင်လို့ ဒီဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Jacklyn Chang လို့အမည်ရှိတဲ့သူက CCTV မှမှတ်တမ်းကိုယူပြီး နောက်လူတွေသတိပြုမိအောင် Facebook မှမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရေ ဒီနေရာမှာ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုဝင်တစ်ဦး အထူးသဖြင့် သင့်ရင်သွေးငယ်လေးသာရှိနေခဲ့ရင် မတွေးဝံ့စရာပါပဲနော်။ ဒါ့ကြောင့်ပေါ့ဆဖို့မသင့်တဲ့ အရာပါ။
အချို့သောလူများက ဒီအဖြစ်ဆိုးဟာ ဈေးချိုသောဖုန်း၊ အပေါစားဘက်ထရီ၊ အချို့ကတော့ မပေါက်ကွဲခင် အခြားပေါက်ကွဲလွယ်တဲ့ အရာတစ်ခုခုကြောင့် စသည်ဖြင့်ထင်ကြေးပေးခဲ့ကြပါတယ်။
ဒီအဖြစ်ကို မေလ(၁၁) ရက်၊ ၂၀၁၉ မှာအားလုံးသိရှိခဲ့ရတာပါ။ ဘယ်လိုပင်ဖြစ်ပါစေ ချစ်ပရိတ်သတ်ကြီးလည်း ဒီအဖြစ်အပျက်မှ သင်ခန်းစာ သို့ ဆင်ခြင်ဖို့အသိဝင်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ အခြားသူများလည်း သင့်လို့ဆင်ခြင်နိုင်အောင် မျှဝေပေးကြရအောင်နော်

ဗွီဒီယိုဖိုင် ကြည့်ရန်…

Credit  \\  original


Recent Updates

Recent Posts Widget