သရုပ်ဆောင် အမျိုးသားများ လိုအပ်နေသောကြောင့် ဖိတ်ခေါ်နေရတဲ့ ဂျပန်အပြာရုပ်ရှင်လောက




အပြာဇာတ်ကား ထုတ်လုပ်ရေး အပိုင်းမှာ ကမ္ဘာ့ဈေးကွက်ကို ဦးဆောင် နေတဲ့ ဂျပန်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက် ကတည်းက သရုပ်ဆောင် လိုအပ်ချက် မပြည့် မီလို့ အခက်အခဲတွေ ကြုံနေရကြောင်း သိရ ပါတယ်။ သရုပ်ဆောင် လိုအပ်ချက်မှာ အထူးသဖြင့် အမျိုးသား သရုပ်ဆောင်တွေ ဖြစ်တယ်လို့ သိရ ပါတယ်။


ဂျပန်နိုင်ငံ အမျိုးသား အပြာ သရုပ်ဆောင်တွေ ရှားပါးမှုကြောင့် လက်ရှိ အချိန်မှာ ဇာတ်ကား အထွက် ကျဲတာတွေ၊ သရုပ်ဆောင် စရိတ် ကြီးမားတာတွေ စတဲ့ ပြဿနာတွေကို ရင်ဆိုင် နေရ ပါတယ်။ လက်ရှိ အချိန်မှာ အမျိုးသား အပြာသရုပ်ဆောင် တစ်ဦးဟာ တလလျှင် ဒေါ်လာ (၂) သောင်း လောက်အထိ ဝင်ငွေ ရှိနေ ပါတယ်။နာမည်ရ အပြာ သရုပ်ဆောင်တွေ ကတော့ ဒေါ်လာ (၂၅၀၀၀) လောက် အထိ ဝင်ငွေ ရှိနေပြီး၊ အမျိုးသမီး သရုပ်ဆောင် လိုအပ်ချက် ကတော့ မရှိသေးဘူး လို့ သတင်းတွေ အရ သိရ ပါတယ်။ အီမရီအိုကာဇာကီ ကဲ့သို့ နာမည်ရပြီး အမျိုးသမီး အပြာ သရုပ်ဆောင် တဦးရဲ့ဝင်ငွေဟာ တလမှာ ဒေါ်လာ (၁၆၈၀၀၀) အထိ ရှိတယ် လို့ Dailymail က ဆိုပါတယ်။


ဂျပန်နိုင်ငံရဲ့ အပြာဘုရင် လို့ အမည် ရထားတဲ့ Shimiken က အပြာ လုပ်ငန်းခွင်မှာ အမျိုးသား သရုပ်ဆောင်တွေ လိုအပ်နေတယ် ဆိုတာကို သူရဲ့တွစ်တာ ကနေ ကြေညာ ခဲ့တာ ဖြစ်ပြီး၊ လုပ်ကိုင် လိုသူတွေ အနေနဲ့ သူ့ကို ဆက်သွယ် နိုင်တယ် လို့လည်း အဲဒီပို့စ်မှာ ဖော်ပြထား ပါတယ် ။

သူရဲ့ဖော်ပြချက် အရ ဂျပန်မှာ တလလျှင် အပြာဇာတ်ကား (၄၀၀၀) ကျော် ထုတ်လုပ် နေပြီး၊ အပြာမင်းသမီး (၁၀၀၀၀) မှာ အမျိုးသား အပြာသရုပ်ဆောင် (၇၀) သာလျှင် တလှည့်ဆီ တွဲပြီး ရိုက်ကူးနေ ရတာမို့၊ အမျိုးသား အပြာ သရုပ်ဆောင် အရေအတွက်ဟာ ဘင်္ဂလား ကျားကောင်ရေ ထက် ရော့နည်း နေတယ်လို့ ဆိုပါတယ် ။


Shimiken ရဲ့ နာမည် အရင်းဟာ Shimizu Ken ဖြစ်ပြီး၊ (၁၉၉၈) ခုနှစ် ကတည်းက အပြာသရုပ်ဆောင် လောကကို ဝင်ရောက်လာ သူပါ ။ ဇာတ်ကားပေါင်း (၁၂၀၀) နီးပါး သရုပ်ဆောင် ခဲ့ပြီး၊ အခုဆိုရင် ထွက်ရှိပြီး အပြာဇာတ်ကား (၅၀၀၀) ကျော်နေပြီ လို့ သိရပါတယ် ။

Credit  \  original

Recent Updates

Recent Posts Widget