စာမေးပွဲကျရှုံးတဲ့ ကျောင်းသား၊ ၊ ကျောင်းသူတွေအတွက် တန်ဖိုးရှိတဲ့အားပေးစကားနဲ့ အားပေးခဲ့တဲ့ ဆရာမပုညခင်
စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထု တော်တော်များများကိုရုပ်ရှင်အဖြစ်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ္ထုကအစ ရုပ်ရှင်အဆုံး တစ်ခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆရာမရဲ့ စာအုပ်တော်တော်များများကတော့ ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းလိုက်ရင် အကယ်ဒမီ စာရင်းဝင်တာတော်တော်များများပဲ ဖြစ်ပါတယ်။ စာရေးဆရာမပီပီ ခရီးတွေအများအပြားသွားတတ်တဲ့ သူမကတော့ရောက်တဲ့နေရာမှာရသလိုအလှူအတန်းပြုလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အလှူအတန်းတွေ ခရီးသွားပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိပါတယ်။
ဒါ့အပြင်လူငယ်တွေလိမ္မာရေးခြားရှိမယ့် စာသားလေးတွေ အပြောလေးတွေနဲ့ သူမလူမှူကွန်ရက်မှာအမြဲဖော်ပြပေးလေ့ရှိပါတယ်။ လူငယ်တွေအတွက်အကျိုးရှိမယ့် စာအုပ်တွေလည်း ရေးသားပြီး ထုတ်ဝေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ လူလတ်ပိုင်းဖြစ်ပေမယ့် လူငယ်တွေရဲ့စိတ်အပြုအမူတွေကိုနားလည်ပြီး ဝေဖန်ထောက်ပြအားပေးရှိသူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ သူမဟာ တက္ကသိုလ်ဝင်တန်း စားမေးပွဲအောင်မြင်တဲ့သူတွေကိုလည်းဂုဏ်ပြုစကားပြောခဲ့တာ ဖြစ်ပြီး ကျတဲ့သူတွေအတွက်အားပေးစကားကို သူမလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
စာမေးပွဲအောင်သော လူငယ်တွေအားလုံး Congratulations ပါ ။စာမေးပွဲမအောင်သော လူငယ်တွေလည်း စိတ်ဓါတ်မကျစေလိုပါ ။ တစ်ကြိမ်ရှုံးနိမ့်ခြင်းကရတဲ့အတွေ့အကြုံဟာ အကြိမ်ပေါင်းများစွာအောင်မြင်ဖို့ ခွန်အားတစ်ခုပါ ။” ဆိုပြီး တန်ဖိုးရှိလှတဲ့ အားတက်ဖွယ်အားပေးစကားကို သူမလူမှုကွန်ရက်ကနေမျှဝေထားတာဖြစ်ပါတယ်။ ကျရှုံးတဲ့သူတွေအတွက် တဖန် ပြန်လည်ကြိုးစားဖို့ စိတ်ဓာတ်ကိုမွေးမြူပေးတဲ့ကောင်းမွန်တဲ့စာသားလေးပါပဲနော်။ ပရိသတ်ကြီးလည်း ဆရာမပုညခင်လိုမျိုး အားပေးစကားကို တက္ကသိုလ်ဝင်တန်း စားမေးပွဲကျရှုံးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အားပေးစကားလေးပြောသွားပါဦးနော်။
Credit \ original




