“သရက္သီးအစိမ္းရဲ႕ လူသိနည္းတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား။”
ကမာၻတစ္ဝွမ္းမွာ လူႀကီးလူငယ္မေရြးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္စားသံုးေနတဲ့ သစ္သီးတစ္မ်ိဳးကေတာ့ သရက္သီးပဲျဖစ္ပါတယ္။
သရက္သီးအမွည့္ကိုေတာ့ အခ်ိဳပြဲအျဖစ္ တည္ခင္းစားသံုးေလ့႐ွိၾကၿပီး သရက္သီးအစိမ္းကိုေတာ့ ငံျပာရည္ င႐ုတ္သီးေလးနဲ႔
ခ်ဥ္ခ်ဥ္စပ္စပ္တို႔စားေလ့႐ွိၾကပါတယ္။
ဒီလိုမ်ိဳး ပံုစံအမ်ိဳးမ်ိဳး နည္းအမ်ိဳးမ်ိဳးနဲ႔ လုပ္စားေလ့႐ွိေပမယ့္ သရက္သီးအစိမ္းက ေပးစြမ္းႏိုင္တဲ့ က်န္းမာေရးအတြက္
အက်ိဳးေက်းဇူးေလးေတြကိုေတာ့ လူ သိပ္မသိၾကပါဘူး။
သရက္ပင္ေတြကို အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို အမ်ားအျပားေတြ႔႐ွိႏိုင္ပါတယ္။
သရက္ပင္စိုက္ပ်ိဳးဖို႔ဆိုတာကလည္း ခက္ခဲလြန္းတဲ့အရာမဟုတ္ပါဘူး။ ေျမႀကီးေပၚမွာ သရက္သီးအေစ့ေလးကို
ပ်ိဳးလိုက္မယ္ဆိုရင္ပဲ ေနေရာင္ျခည္နဲ႔ ေျမၾသဇာေကာင္းေကာင္းရသြားရင္ေတာ့ သရက္ပင္က
ေကာင္းေကာင္း႐ွင္သန္ႏိုင္မွာပဲျဖစ္ပါတယ္။
သရက္သီးအစိမ္းစားသံုးျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြကိုေရာ သင္ သိခ်င္ပါသလား။
ဗီတာမင္စီဓာတ္ ေပါၾကြယ္ဝျခင္း
စေတာ္ဘယ္ရီသီး၊ ကီဝီသီးေတြလိုပဲ သရက္သီးမွာလည္းပဲ ဗီတာမင္စီဓာတ္ မ်ားျပားစြာပါဝင္ပါတယ္။ ထိုဗီတာမင္စီက
က်န္းမာစြာေနထိုင္ႏိုင္ေအာင္ ခႏၶာကိုယ္ထဲ ေရာဂါပိုးေတြ မဝင္ႏိုင္ေအာင္ ကူညီေပးမွာပဲျဖစ္ပါတယ္။
သြားဖံုးေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ေပးျခင္း
ေစာေစာကေဖာ္ျပခဲ့တဲ့ ဗီတာမင္စီက သြားဖံုးက်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးေျမာက္ျမားစြာေပးစြမ္းနိုင္ပါတယ္။
သြားဖံုးကိုက္ျခင္း၊ သြားဖံုးနာက်င္ျခင္း၊ သြားဖံုးေသြးထြက္ျခင္း စတဲ့ ေဝဒနာမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။
ကိုယ္ခံစြမ္းအားကို ျမင့္တင္ေပးျခင္း
အသီးထဲမွာ ပါဝင္တဲ့ ဗီတာမင္စီဓာတ္ေၾကာင့္ပဲ ခႏၶာကိုယ္ရဲ႕ ခုခံအားက ျမင့္တက္လာမွာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္
မၾကာခဏေနမေကာင္းျဖစ္ျခင္း၊ ဖ်ားနာျခင္းတို႔မွ ကင္းေဝးမွာပဲျဖစ္ပါတယ္။
ပ်ိဳ႕အန္ျခင္းကို သက္သာေစျခင္း
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ သတင္းေကာင္းေလးတစ္ခုကေတာ့ သရက္သီးအစိမ္းက မနက္ပိုင္းမွာ
ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ပ်ိဳ႕အန္ျခင္းကို ေလ်ာ့ခ်ေပးႏိုင္ျခင္းပဲျဖစ္ပါတယ္။ သရက္သီးရဲ႕အခ်ဥ္ဓာတ္က မူးေဝေအာ့အန္ျခင္းကို
သက္သာေစႏိုင္ပါတယ္။
ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေပးျခင္း
ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ဖို႔ ဘာေတြ ေသာက္ရမလဲ
သရက္သီးအစိမ္းထဲမွာ အမွ်င္ဓာတ္ေတြလည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ သရက္သီးအစိမ္းမွာ သၾကားဓာတ္ပါဝင္မႈလည္း
နည္းပါးတဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ကို အဝလြန္ေစတဲ့ အဆီဓာတ္ေတြကို ေ႐ွာင္ၾကဥ္ၿပီးသားျဖစ္သြားမွာပဲျဖစ္ပါတယ္။
အသည္းအားေကာင္းျခင္း
အသည္းထဲက သည္းေျခရည္အက္ဆစ္မ်ားကို တိုးျမွင့္ေပးျခင္းအားျဖင့္ အသည္းကို ထိန္းသိမ္းေစာင့္ေ႐ွာက္ေပးထားႏိုင္တဲ့
သရက္သီးပဲျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးၿပီး အသည္းစနစ္ကို အားေကာင္းလာေအာင္
လႈံ႔ေဆာ္ေပးမွာပဲျဖစ္ပါတယ္။
ေသြးေပါင္ခ်ိန္ ထိန္းညွိေပးျခင္း
သရက္သီးထဲမွာ ေသြးေပါင္ခ်ိန္ မွန္ကန္ေနဖို႔ရန္အတြက္ ထိန္းညွိေပးတဲ့ ပိုတက္စီယမ္ဓာတ္ ပါဝင္ပါတယ္။ ထိုပိုတက္စီယမ္က
ေသြးေၾကာက်ံဳ႕ျခင္း ပြျခင္းတို႔ ထိန္းညွိေပးတဲ့အတြက္ေၾကာင့္ ေသြးေပါင္ခ်ိန္မွန္ကန္ေစတာပဲျဖစ္ပါတယ္။
Source: drhealthbenefits.com
Credit:My Food Myanmar
Unicodeဖြင့်ဖတ်ရန်
သရက်သီးအစိမ်းရဲ့ လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ကမ္ဘာတစ်ဝှမ်းမှာ လူကြီးလူငယ်မရွေးနှစ်နှစ်ခြိုက်ခြိုက်စားသုံးနေတဲ့ သစ်သီးတစ်မျိုးကတော့
သရက်သီးပဲဖြစ်ပါတယ်။ သရက်သီးအမှည့်ကိုတော့ အချိုပွဲအဖြစ် တည်ခင်းစားသုံးလေ့ရှိကြပြီး သရက်သီးအစိမ်းကိုတော့
ငံပြာရည် ငရုတ်သီးလေးနဲ့ ချဉ်ချဉ်စပ်စပ်တို့စားလေ့ရှိကြပါတယ်။
ဒီလိုမျိုး ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်စားလေ့ရှိပေမယ့် သရက်သီးအစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက်
အကျိုးကျေးဇူးလေးတွေကိုတော့ လူ သိပ်မသိကြပါဘူး။
သရက်ပင်တွေကို အရှေ့တောင်အာရှနိုင်ငံတော်တော်များများကို အများအပြားတွေ့ရှိနိုင်ပါတယ်။
သရက်ပင်စိုက်ပျိုးဖို့ဆိုတာကလည်း ခက်ခဲလွန်းတဲ့အရာမဟုတ်ပါဘူး။ မြေကြီးပေါ်မှာ သရက်သီးအစေ့လေးကို
ပျိုးလိုက်မယ်ဆိုရင်ပဲ နေရောင်ခြည်နဲ့ မြေသြဇာကောင်းကောင်းရသွားရင်တော့ သရက်ပင်က
ကောင်းကောင်းရှင်သန်နိုင်မှာပဲဖြစ်ပါတယ်။
သရက်သီးအစိမ်းစားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရော သင် သိချင်ပါသလား။
ဗီတာမင်စီဓာတ် ပေါကြွယ်ဝခြင်း
စတော်ဘယ်ရီသီး၊ ကီဝီသီးတွေလိုပဲ သရက်သီးမှာလည်းပဲ ဗီတာမင်စီဓာတ် များပြားစွာပါဝင်ပါတယ်။ ထိုဗီတာမင်စီက
ကျန်းမာစွာနေထိုင်နိုင်အောင် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ မဝင်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
သွားဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း
စောစောကဖော်ပြခဲ့တဲ့ ဗီတာမင်စီက သွားဖုံးကျန်းမာရေးအတွက်လည်း ကောင်းကျိုးမြောက်မြားစွာပေးစွမ်းနိုင်ပါတယ်။
သွားဖုံးကိုက်ခြင်း၊ သွားဖုံးနာကျင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း စတဲ့ ဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း
အသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ကြောင့်ပဲ ခန္ဓာကိုယ်ရဲ့ ခုခံအားက မြင့်တက်လာမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်
မကြာခဏနေမကောင်းဖြစ်ခြင်း၊ ဖျားနာခြင်းတို့မှ ကင်းဝေးမှာပဲဖြစ်ပါတယ်။
ပျို့အန်ခြင်းကို သက်သာစေခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သတင်းကောင်းလေးတစ်ခုကတော့ သရက်သီးအစိမ်းက မနက်ပိုင်းမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ ပျို့အန်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ သရက်သီးရဲ့အချဉ်ဓာတ်က မူးဝေအော့အန်ခြင်းကို
သက်သာစေနိုင်ပါတယ်။
ကိုယ်အလေးချိန်လျော့ချပေးခြင်း
ကိုယ်အလေးချိန်ကို လျော့ချဖို့ ဘာတွေ သောက်ရမလဲ
သရက်သီးအစိမ်းထဲမှာ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ သရက်သီးအစိမ်းမှာ
သကြားဓာတ်ပါဝင်မှုလည်း နည်းပါးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို အဝလွန်စေတဲ့ အဆီဓာတ်တွေကို
ရှောင်ကြဉ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။
အသည်းအားကောင်းခြင်း
အသည်းထဲက သည်းခြေရည်အက်ဆစ်များကို တိုးမြှင့်ပေးခြင်းအားဖြင့် အသည်းကို
ထိန်းသိမ်းစောင့်ရှောက်ပေးထားနိုင်တဲ့ သရက်သီးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို
ဖယ်ရှားပေးပြီး အသည်းစနစ်ကို အားကောင်းလာအောင် လှုံ့ဆော်ပေးမှာပဲဖြစ်ပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးခြင်း
သရက်သီးထဲမှာ သွေးပေါင်ချိန် မှန်ကန်နေဖို့ရန်အတွက် ထိန်းညှိပေးတဲ့ ပိုတက်စီယမ်ဓာတ် ပါဝင်ပါတယ်။
ထိုပိုတက်စီယမ်က သွေးကြောကျုံ့ခြင်း ပွခြင်းတို့ ထိန်းညှိပေးတဲ့အတွက်ကြောင့်
သွေးပေါင်ချိန်မှန်ကန်စေတာပဲဖြစ်ပါတယ်။
Source: drhealthbenefits.com
Credit:My Food Myanmar


