ဖက်ရှင်ကျကျ ဝတ်ထားပေမယ့် ခင်ပွန်းသည် ဏကြီးဆီမှာ ဟာသဖြစ်သွားရတဲ့ ပိုင်ဖြိုးသု
ပရိသတ်တွေက မီမောင်နှံလို့ ချစ်စနိုးနဲ့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုက အတွဲညီညီနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဏကြီးနဲ့ ပိုင်ဖြိုးသုက အနုပညာလောကမှာ နာမည်တစ်လုံးစီနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်သူတွေဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူတွေပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဏကြီးက လက်ရှိမှာလည်း ရုပ်ရှင်တွေ ရိုက်ကူးရင်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုနဲ့ ဏကြီးတို့က အသက်အရွယ် (၉) နှစ်ကျော် ကွာခြားမယ့် တစ်ယောက်ကိုတစ်ယောက် စစနောက်နောက်နဲ့ ချစ်ခင်စွာနေကြတဲ့ ဇနီးမောင်နှံလေး ဖြစ်ပါတယ်။ အင်မတန်ကို ရိုးလွန်းတဲ့ ဒါရိုက်တာ ဏကြီးကြောာင့် ပိုင်ဖြိုးသုခမျာမှာလည်း ဟာသတွေဖြစ်ရတာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။
ဒီတစ်ခါမှာလည်း ပိုင်ဖြိုးသုတစ်ယောက် ဖက်ရှင်ကျကျ ဝတ်စားထားပေမယ့်လည်း ရိုးလွန်းတဲ့ ခင်ပွန်းသည် ဏကြီးကြောင့် ဟာသဖြစ်သွားရပြန်ပါတယ်။ ပိုင်ဖြိုးသုက သူမနဲ့ ဏကြီးတို့ရဲ့ အဖြစ်ကို ပရိသတ်တွေအတွက် အခုလိုပဲ ပြောပြထားပါတယ်။
“သူငယ်ချင်းတွေလက်ဆောင်ပေးထားတဲ့ jumpsuitလေးကို denim jacket လေးနဲ့တွဲဝတ် Forever21က ဝယ်ထားတဲ့ chokerလေးဆွဲပြီး လိုက်သားလို့ကိုယ့်ကိုယ်ကိုမှန်ထဲကြည့် ကျေနပ်ခါစရှိသေး ဦးရေခဲက မေးခွန်းတစ်ခုထဲနဲ့သတ်ချလိုက်တယ်….😲 “ဝတုတ်လူဆိုး ဘာလို့ shoeဖိနပ်ကြိုးကြီးကိုလည်ပင်းမှာပတ်ထားတာလဲ” တဲ့…..😒သေပါဘီ…😂” ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြထားပါတယ်။
ပိုင်ဖြိုးသုခမျာမှာလည်း ဏကြီးနဲ့မှ ကြံကြံဖန်ဖန်တွေ ဖြစ်သွားရတာပဲနော်။ ပရိသတ်ကြီးလည်း ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့ ချစ်စရာကောင်းတဲ့ အဖြစ်အပျက်လေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Paing Phyoe Thu
Photo Credit
Credit \\ original





