ကိုယ့်လူမျိုးကို မနှိမ်ပါနဲ့လို့ ပြောလာတဲ့ ကေညီ




အဆိုတော် ယုန်လေးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ‘သတိ အန္တရာယ်ရှိသည်’ ရုပ်ရှင်ကားကြီးကိုတော့ ဇွန်လ (၂၀) ရက်နေ့က စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မြင့်မြတ် ၊ ယုန်လေး ၊ အောင်လေး ၊ တိုင်ရွန် ၊ ကေညီ ၊ ခင်ဝင့်ဝါ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားကို အားပေးတဲ့သူတွေ ရှိသလို ရုံမှာ လာမကြည့်ရသေးဘဲ ဝင်ပွားနေတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ဝေဖန်နေတဲ့ သူတွေကို ကေညီက ဘယ်လို တုံ့ပြန်သွားလဲ ဆိုတာကို ပြောချင်လွန်းလို့ပါ။



ရုပ်ရှင်ထဲမှာ ဒါရိုက်တာ ယုန်လေးရဲ့ ငိုခန်း သိပ်မပါတဲ့ အကြောင်းကို ကေညီက ခုလို ပြောပါတယ်။



“ကိုယုန်လေးက ဒီကားမှာ သိပ်မငိုထားဘူး။ သူငိုလိုက်ရင် အီးညှစ်သလို ဖြစ်မှာဆိုပြီး လျှော့ထားတယ်။ ကိုမြင့်မြတ်ကတော့ ညီမတစ်ယောက်ကို အရမ်းကာကွယ်ချစ်ပေးရင်းနဲ့ မဖြစ်သင့်တာ ဖြစ်သွားတဲ့အချိန်မှာ သူ့ရဲ့ မျက်ရည် ၊ မျက်လုံးတွေက အရမ်းမိုက်ပါတယ်။ ယုန်လေးကတော့ ဒီကားထဲမှာ ဒါရိုက်တာ ဆိုတော့ သူငိုလိုက်လို့ ကားပျက်သွားမှာစိုးလို့ သိပ်မငိုထားပါဘူး။” လို့ ဆိုပါတယ်။


ဝေဖန်သူတွေကိုတော့ ကေညီက ခုလို မျိုး တုံ့ပြန်စကား ပြောသွားပါတယ်။



“ဘလိုင်းကြီးတွေ စောက်ပေါကြီးတွေ စောက်ရူးကြီးတွေ ဆိုပြီး ပြောတယ်။ ကိုယ်လည်း ဘာမှ လုပ်ထားတာ မဟုတ်ဘဲနဲ့ အဲ့လိုမျိုးတွေ ရေးချလိုက်တော့ ကိုယ်လည်း ရုတ်တရက် ဒေါသဖြစ်တဲ့ အချိန် ပြန်ရေးမိလိုက်တာ ကျွန်တော့်ကို အသားကုန် လွှတ်တော့တာပဲ။ ကျွန်တော်တို့က ရိုင်းတာပဲ နေမှာပေါ့နော်။ ဇာတ်ကားတစ်ခုကို ဘာမှ မခံစားရသေးဘဲ ပေါကားလို့ ရေးနေကြတယ်။ ဘာမှမကြည့်ရသေးဘဲ မြန်မာကားဆိုရင် ပေါကားဆိုပြီး ဆွဲချလိုက်တော့ ကိုယ့်လူမျိုးကိုယ် နှိမ်ရာကျတယ်။” ဆိုပြီး ပြောသွားပါတယ်။



အရင်နဲ့ မတူအောင် ကြိုးစားနေသလို ပရိသတ်ကို မစော်ကားတဲ့အကြောင်း ကေညီက ခုလို ပွင့်လင်းစွာ ပြောပြသွားပါတယ်။

“ကျွန်တော်တို့က အရင်နဲ့ မတူအောင် ကြိုးစားနေကြတာလေ။ ကြိုးစားနေတဲ့ အခါကျတော့ နည်းစနစ်ပိုင်းဆိုင်ရာတွေ စက်မှုပိုင်းဆိုင်ရာတွေ ရိုက်ကွက်တွေ အများကြီး ကြိုးစားနေကြပါတယ်။ ပရိသတ်ကို ဘယ်တော့မှ မစော်ကားဘူး။ တတ်နိုင်သလောက် သည်းခံပါတယ်။ နောက်ဆုံးတော့ block လိုက်ပြီး အဆက်ဖြတ်လိုက်ပါတယ်။” ဆိုပြီး ကြိုးစားမှုကို ပရိသတ်ဆီ အသိပေးသွားပါတယ်။

Credit  \\   original

Recent Updates

Recent Posts Widget