“တင္ပါးနဲ႕ေပါင္တံေလးေတြကို ပံုစံက် လွပေစမယ့္ လမ္းေလွ်ာက္ ေလ့က်င့္ခန္း(၄)မ်ိဳး…”
တင္ပါးနဲ႕ေပါင္တံေလးေတြကို ပံုစံက် လွပေစမယ့္ လမ္းေလွ်ာက္ ေလ့က်င့္ခန္း(၄)မ်ိဳး…
ခႏၶာကိုယ္ အခ်ိဳးအစား လွခ်င္ေပမယ့္ ေလ့က်င့္ခန္္းေတြလုပ္ရမွာ ခက္လို႕ဆိုျပီး ပ်င္းေနတဲ့ ပ်ိဳေမေလးေတြရွိလား။ ေလ့က်င့္ခန္းေတြက မွတ္ဖို႕ခက္ျပီး၊ လုပ္ရလည္းခက္လို႕ စိတ္ဓာတ္က်ေနသူေလးေတြ အတြက္ လမ္းေလွ်ာက္ရံုနဲ႕ တင္ပါးအလွေပၚလြင္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။ လိုက္ေလွ်ာက္ၾကည့္ေနာ္ …
(၁) ရိုးရိုးပဲလမ္းေလွ်ာက္မယ္ ”
တင္ပါးနဲ႕ ေပါင္တံေလးေတြလွဖို႕အတြက္ ေထြေထြထူးထူးနည္းလမ္းေတြမလိုပါဘူး။ ပံုမွန္လမ္းေလွ်ာက္တဲ့အခါ ခါးနဲ႕ ေနာက္ေက်ာကိုမတ္မတ္ထားျပီး ေျခေထာက္ေတြကို ဆန္႕နိုင္သေလာက္ဆန္႕ထုတ္ျပီး ေလွ်ာက္ေပးလိုက္ရံုပါပဲ။ အရမ္းျမန္ျမန္္ေလွ်ာက္ဖို႕မလိုသလို၊ အရမ္းအားစိုက္ဖို႕လည္းမလိုပါဘူး။
ဒါေပမယ့္ တစ္ရက္ကို ၃ မိုင္ေလာက္ေလွ်ာက္ေပးသင့္ပါတယ္။ ေန႕တိုင္းမဟုတ္ရင္ေတာင္ တစ္ရက္ျခားေလာက္ အဲ့ဒီလိုလမ္းေလွ်ာက္ေပးရင္ တင္ပါးေလးေတြ၊ ေပါင္တံေလးေတြ က်စ္လစ္လာပါလိမ့္မယ္ … ။
(၂) အားစိုက္ျပီးေလွ်ာက္မယ္ ”
ေနာက္တစ္နည္းကေတာ့ ေသြးပူေလ့က်င့္ခန္္း မိနစ္(၂၀)ေလာက္လုပ္ေပးျပီး ေျခေထာက္ေတြကိုအားစိုက္ကာ ငါးမိနစ္ေလာက္ခပ္ျမန္ျမန္္ေလးလမ္းေလွ်ာက္ေပးရမွာပါ။ ငါးမိနစ္ေလာက္ အားစိုက္ကာျမန္ျမန္ေလွ်ာက္ျပီး ခဏေလာက္အနားယူကာ ေနာက္ထပ္ ၅ မိနစ္ေလာက္ ျပန္ေလွ်ာက္ေပးပါ။ တစ္ရက္ျခားေလာက္ျပဳ လုပ္ေပးပါ … ။
(၃) ေတာင္အတက္အဆင္းလုပ္မယ္ ”
အရမ္းမမတ္တဲ့ ေတာင္ကုန္းအတက္လိုေနရာမ်ိဳးကို လံုးဝမရပ္မနားဘဲ ထိပ္ဆံုးေနရာထိျဖည္းျဖည္းမွန္မွန္တက္သြားပါ။ ျပီးရင္ ခဏေလာက္နားျပီးျပန္ဆင္းလာပါ။ ျပီးရင္ အဲ့ဒီအတိုင္း ျပန္တက္ျပီီး ျပန္ဆင္းလာပါ။ ေတာင္ကုန္းလိုေနရာမ်ိဳး မရွိဘူးဆိုရင္ ၊ ေလွကားထစ္ေတြကို ထိပ္ဆံုးထိ မနားဘဲျဖည္းျဖည္းမွန္မွန္ တက္သြားျပီး ခဏေလာက္နားျပီး ျပန္ဆင္းလာပါ။
ျပီးရင္ ေနာက္တစ္ေခါက္ျပန္တက္ျပီး ဆင္းပါ။ ဒါကို တစ္ရက္ျခားပံုမွန္ လုပ္ေပးသြားရင္ တင္ပါးနဲ႕ေပါင္တံေလးေတြ ပံုစံက်လွပလာပါလိမ့္မယ္ေနာ္ …။
(၄) ေျခေထာက္ေျမွာက္ျပီးေလွ်ာက္မယ္ ”
ေျခေထာက္တစ္ဖက္ကို ေျခဖ်ားေထာက္ျပီး ေနာက္တစ္ဖက္ကို ဒူးေကြးကာ ရင္ဘတ္နားထိေျမွာက္လိုက္ပါ။ ဘယ္၊ ညာတလွည့္စီ အၾကိမ္ ၃၀ လုပ္ေပးလိုက္ရံုပါပဲ။ ဒီနည္းကိုေန႕တိုင္းလုပ္ေပးသြားရင္ တင္ပါးနဲ႕ေပါင္တံေလးေတြ ေတာ္ေတာ္ေလးလွလာ လိမ္႔မယ္ … ။
အခုေဖာ္ျပခဲ့တဲ့ နည္းေလးေတြကို အကုန္လံုး လုပ္စရာ မလိုပါဘူးေနာ္။ ကိုယ္နဲ႕အဆင္ေျပတဲ့ တစ္မ်ိဳးကိုပဲ လုပ္ေပးလိုက္ရံုနဲ႕ ကိုယ္လိုခ်င္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစား လွလွေလးကို ရမွာပဲ ျဖစ္ပါတယ္ေနာ္ … ။ ။
source- brightside
MAY THAZINHTOO
Credit \\ original
Unicode
တင်ပါးနဲ့ပေါင်တံလေးတွေကို ပုံစံကျ လှပစေမယ့် လမ်းလျှောက် လေ့ကျင့်ခန်း(၄)မျိုး…
ခန္ဓာကိုယ် အချိုးအစား လှချင်ပေမယ့် လေ့ကျင့်ခန််းတွေလုပ်ရမှာ ခက်လို့ဆိုပြီး ပျင်းနေတဲ့ ပျိုမေလေးတွေရှိလား။ လေ့ကျင့်ခန်းတွေက မှတ်ဖို့ခက်ပြီး၊ လုပ်ရလည်းခက်လို့ စိတ်ဓာတ်ကျနေသူလေးတွေ အတွက် လမ်းလျှောက်ရုံနဲ့ တင်ပါးအလှပေါ်လွင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ လိုက်လျှောက်ကြည့်နော် …
(၁) ရိုးရိုးပဲလမ်းလျှောက်မယ် ”
တင်ပါးနဲ့ ပေါင်တံလေးတွေလှဖို့အတွက် ထွေထွေထူးထူးနည်းလမ်းတွေမလိုပါဘူး။ ပုံမှန်လမ်းလျှောက်တဲ့အခါ ခါးနဲ့ နောက်ကျောကိုမတ်မတ်ထားပြီး ခြေထောက်တွေကို ဆန့်နိုင်သလောက်ဆန့်ထုတ်ပြီး လျှောက်ပေးလိုက်ရုံပါပဲ။ အရမ်းမြန်မြန််လျှောက်ဖို့မလိုသလို၊ အရမ်းအားစိုက်ဖို့လည်းမလိုပါဘူး။
ဒါပေမယ့် တစ်ရက်ကို ၃ မိုင်လောက်လျှောက်ပေးသင့်ပါတယ်။ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြားလောက် အဲ့ဒီလိုလမ်းလျှောက်ပေးရင် တင်ပါးလေးတွေ၊ ပေါင်တံလေးတွေ ကျစ်လစ်လာပါလိမ့်မယ် … ။
(၂) အားစိုက်ပြီးလျှောက်မယ် ”
နောက်တစ်နည်းကတော့ သွေးပူလေ့ကျင့်ခန််း မိနစ်(၂၀)လောက်လုပ်ပေးပြီး ခြေထောက်တွေကိုအားစိုက်ကာ ငါးမိနစ်လောက်ခပ်မြန်မြန််လေးလမ်းလျှောက်ပေးရမှာပါ။ ငါးမိနစ်လောက် အားစိုက်ကာမြန်မြန်လျှောက်ပြီး ခဏလောက်အနားယူကာ နောက်ထပ် ၅ မိနစ်လောက် ပြန်လျှောက်ပေးပါ။ တစ်ရက်ခြားလောက်ပြု လုပ်ပေးပါ … ။
(၃) တောင်အတက်အဆင်းလုပ်မယ် ”
အရမ်းမမတ်တဲ့ တောင်ကုန်းအတက်လိုနေရာမျိုးကို လုံးဝမရပ်မနားဘဲ ထိပ်ဆုံးနေရာထိဖြည်းဖြည်းမှန်မှန်တက်သွားပါ။ ပြီးရင် ခဏလောက်နားပြီးပြန်ဆင်းလာပါ။ ပြီးရင် အဲ့ဒီအတိုင်း ပြန်တက်ပြီီး ပြန်ဆင်းလာပါ။ တောင်ကုန်းလိုနေရာမျိုး မရှိဘူးဆိုရင် ၊ လှေကားထစ်တွေကို ထိပ်ဆုံးထိ မနားဘဲဖြည်းဖြည်းမှန်မှန် တက်သွားပြီး ခဏလောက်နားပြီး ပြန်ဆင်းလာပါ။
ပြီးရင် နောက်တစ်ခေါက်ပြန်တက်ပြီး ဆင်းပါ။ ဒါကို တစ်ရက်ခြားပုံမှန် လုပ်ပေးသွားရင် တင်ပါးနဲ့ပေါင်တံလေးတွေ ပုံစံကျလှပလာပါလိမ့်မယ်နော် …။
(၄) ခြေထောက်မြှောက်ပြီးလျှောက်မယ် ”
ခြေထောက်တစ်ဖက်ကို ခြေဖျားထောက်ပြီး နောက်တစ်ဖက်ကို ဒူးကွေးကာ ရင်ဘတ်နားထိမြှောက်လိုက်ပါ။ ဘယ်၊ ညာတလှည့်စီ အကြိမ် ၃၀ လုပ်ပေးလိုက်ရုံပါပဲ။ ဒီနည်းကိုနေ့တိုင်းလုပ်ပေးသွားရင် တင်ပါးနဲ့ပေါင်တံလေးတွေ တော်တော်လေးလှလာ လိမ့်မယ် … ။
အခုဖော်ပြခဲ့တဲ့ နည်းလေးတွေကို အကုန်လုံး လုပ်စရာ မလိုပါဘူးနော်။ ကိုယ်နဲ့အဆင်ပြေတဲ့ တစ်မျိုးကိုပဲ လုပ်ပေးလိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစား လှလှလေးကို ရမှာပဲ ဖြစ်ပါတယ်နော် … ။ ။
source- brightside
MAY THAZINHTOO
Credit \\ original




