ေ႐ႊတိဂုံဘုရားေပၚက ဆြမ္းေတာ္စြန္႔တဲ့ ငွက္ေပ်ာသီးေတြ ဘယ္ေရာက္သြားလဲ…!
ေ႐ႊတိဂုံဘုရားမွာ တစ္ေန႔တစ္ေန႔ အုန္းသီးနဲ႔ငွက္ေပ်ာဖီးေတြအမ်ားႀကီး ဆြမ္းေတာ္တင္ၾကပါတယ္။ ဘုရားေပၚက ဝန္ထမ္းေတြဟာ အဲဒီငွက္ေပ်ာသီးစိမ္းေတြနဲ႔ အုန္းသီးေတြကို တစ္ရက္ ႏွစ္ႀကိမ္ စြန္႔ေလ့ရွိပါတယ္။ အဲဒီလို စြန္႔လိုက္တဲ့ ငွက္ေပ်ာသီးေတြက ဘယ္ေရာက္သြားပါသလဲ?
လူအခ်ိဳ႕ ထင္ေနၾကသလို လႊင့္ပစ္လိုက္တာလည္း မဟုတ္သလို၊ ေရာင္းစားလိုက္တာလည္း မဟုတ္ပါဘူး။ အသီးေတြကို စြန္႔ၿပီးတဲ့အခါ ဝန္ထမ္းေတြဟာ သိုေလွာင္႐ုံေတြဆီကို ယူသြားပါတယ္။ သိုေလွာင္႐ုံမွာ အပိုင္းႏွစ္ပိုင္းခြဲထားၿပီးေတာ့ တစ္ပိုင္းမွာ ငွက္ေပ်ာ္သီးေတြထားၿပီး တစ္ပိုင္းမွာ အုန္းသီးေတြထည့္ပါတယ္။ ဘုရားေပၚက တာဝန္ရွိသူရဲ႕ေျပာစကားအရ အဲဒီငွက္ေပ်ာသီးနဲ႔အုန္းသီးေတြဟာ ရန္ကုန္တိရိစာၦန္ဥယ်ာဥ္နဲ႔ ဓမၼရကၡိတ ဘုန္းႀကီးေက်ာင္းေတြဆီကို ေရာက္သြားတာပါ
ရန္ကုန္တိရိစာၦန္ဥယ်ာဥ္က အလုပ္သမားေတြဟာ အဂၤါေန႔နဲ႔ေသာၾကာေန႔တိုင္း ငွက္ေပ်ာသီးစိမ္း အဖီး ၃၀၀ ကေန ၆၀၀ အထိ လာယူၾကပါတယ္။ ဓမၼရကၡိတ ဘုန္းႀကီးေက်ာင္းေတြကလည္း ငွက္ေပ်ာသီးနဲ႔ အုန္းသီးအခ်ိဳ႕ကို လာယူၾကပါတယ္။
က်န္တာကိုေတာ့ တိရိစာၦန္ဥယ်ာဥ္က အကုန္ယူသြားပါတယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီး၊ အုန္းသီးေတြက ေမ်ာက္ေတြ၊ ဝက္ဝံေတြ၊ ကိုရင္ေလးေတြနဲ႔ဘုန္းႀကီးေက်ာင္းသားေလးေတြဆီ ေရာက္သြားတာပါ။ လႉတဲ့ ငွက္ေပ်ာသီးအမ်ိဳးအစားကေတာ့ အမ်ိဳးမ်ိဳးေပါ့။ “တခ်ိဳ႕စိမ္းေနေသးတဲ့ အသီးေတြဆိုရင္ေတာ့ သိုေလွာင္ထားၿပီးမွည့္တဲ့အခါမွ တိရိစာၦန္ေလးေတြကို ေကြၽးရပါတယ္” လို႔ရန္ကုန္တိရိစာၦန္ဥယ်ာဥ္ရဲ႕ မန္ေနဂ်ာက ေျပာပါတယ္။
ေ႐ႊတိဂုံဘုရားေပၚမွာ ရွိတဲ့ ေလာကပါလမယ္ေတာ္၊ ဘိုးဘိုးႀကီးနတ္နန္း၊ ဘိုးမင္းေခါင္နတ္နန္း၊ ရွင္ေစာပုေစတီ ေတြမွာ ယုံၾကည္သူေတြဟာ ကံေကာင္းေစဖို႔အတြက္ အုန္းပြဲ ငွက္ေပ်ာပြဲတင္ၿပီး ဆုေတာင္းၾကပါတယ္။ “အဲဒီ နတ္စင္ေတြကေန အသီးေတြတစ္ခါစြန္႔တိုင္း လွည္းအျပည့္နဲ႔အသီးေတြကို ႏွစ္ေက်ာ့ေလာက္ သယ္ရတယ္” လို႔ တာဝန္ရွိသူက ေျပာပါတယ္။ ဘာသာေရးပြဲေန႔ပြဲရက္ေတြရွိတဲ့အခါဆိုရင္ လွည္းအစီးေရအမ်ားႀကီးနဲ႔ကို သယ္ယူရပါတယ္။
“ဘုရားေပၚက အသီးေတြကို လိုအပ္တဲ့သူ ဘယ္သူကိုမဆို ေပးပါတယ္။ လိုခ်င္တယ္ဆိုရင္ေတာ့ ႀကိဳတင္ၿပီး လာေျပာထားရပါမယ္” လို႔ ေ႐ႊတိဂုံဘုရား အလုပ္အမႈေဆာင္အဖြဲ႕က ေျပာပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့သူေတြ ရွိရင္လည္း လက္ဆင့္ကမ္းေဝမွ်ေပးလိုက္ၾကပါဦးေနာ္။
Source; mmtimes.com
Photo credit from Myanmar Times
Credit-We Media
Unicode
ရွှေတိဂုံဘုရားမှာ တစ်နေ့တစ်နေ့ အုန်းသီးနဲ့ငှက်ပျောဖီးတွေအများကြီး ဆွမ်းတော်တင်ကြပါတယ်။ ဘုရားပေါ်က ဝန်ထမ်းတွေဟာ အဲဒီငှက်ပျောသီးစိမ်းတွေနဲ့ အုန်းသီးတွေကို တစ်ရက် နှစ်ကြိမ် စွန့်လေ့ရှိပါတယ်။ အဲဒီလို စွန့်လိုက်တဲ့ ငှက်ပျောသီးတွေက ဘယ်ရောက်သွားပါသလဲ?
Related image
လူအချို့ ထင်နေကြသလို လွှင့်ပစ်လိုက်တာလည်း မဟုတ်သလို၊ ရောင်းစားလိုက်တာလည်း မဟုတ်ပါဘူး။ အသီးတွေကို စွန့်ပြီးတဲ့အခါ ဝန်ထမ်းတွေဟာ သိုလှောင်ရုံတွေဆီကို ယူသွားပါတယ်။ သိုလှောင်ရုံမှာ အပိုင်းနှစ်ပိုင်းခွဲထားပြီးတော့ တစ်ပိုင်းမှာ ငှက်ပျော်သီးတွေထားပြီး တစ်ပိုင်းမှာ အုန်းသီးတွေထည့်ပါတယ်။ ဘုရားပေါ်က တာဝန်ရှိသူရဲ့ပြောစကားအရ အဲဒီငှက်ပျောသီးနဲ့အုန်းသီးတွေဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်နဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေဆီကို ရောက်သွားတာပါ။
Image result for monkey eating banana
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က အလုပ်သမားတွေဟာ အင်္ဂါနေ့နဲ့သောကြာနေ့တိုင်း ငှက်ပျောသီးစိမ်း အဖီး ၃၀၀ ကနေ ၆၀၀ အထိ လာယူကြပါတယ်။ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေကလည်း ငှက်ပျောသီးနဲ့ အုန်းသီးအချို့ကို လာယူကြပါတယ်။
ကျန်တာကိုတော့ တိရိစ္ဆာန်ဥယျာဉ်က အကုန်ယူသွားပါတယ်။ ဒါကြောင့် ငှက်ပျောသီး၊ အုန်းသီးတွေက မျောက်တွေ၊ ဝက်ဝံတွေ၊ ကိုရင်လေးတွေနဲ့ဘုန်းကြီးကျောင်းသားလေးတွေဆီ ရောက်သွားတာပါ။ လှူတဲ့ ငှက်ပျောသီးအမျိုးအစားကတော့ အမျိုးမျိုးပေါ့။ “တချို့စိမ်းနေသေးတဲ့ အသီးတွေဆိုရင်တော့ သိုလှောင်ထားပြီးမှည့်တဲ့အခါမှ တိရိစ္ဆာန်လေးတွေကို ကျွေးရပါတယ်” လို့ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ရဲ့ မန်နေဂျာက ပြောပါတယ်။
Image result for banana on shwedagon pagoda
ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ လောကပါလမယ်တော်၊ ဘိုးဘိုးကြီးနတ်နန်း၊ ဘိုးမင်းခေါင်နတ်နန်း၊ ရှင်စောပုစေတီ တွေမှာ ယုံကြည်သူတွေဟာ ကံကောင်းစေဖို့အတွက် အုန်းပွဲ ငှက်ပျောပွဲတင်ပြီး ဆုတောင်းကြပါတယ်။ “အဲဒီ နတ်စင်တွေကနေ အသီးတွေတစ်ခါစွန့်တိုင်း လှည်းအပြည့်နဲ့အသီးတွေကို နှစ်ကျော့လောက် သယ်ရတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။ ဘာသာရေးပွဲနေ့ပွဲရက်တွေရှိတဲ့အခါဆိုရင် လှည်းအစီးရေအများကြီးနဲ့ကို သယ်ယူရပါတယ်။
Related image
“ဘုရားပေါ်က အသီးတွေကို လိုအပ်တဲ့သူ ဘယ်သူကိုမဆို ပေးပါတယ်။ လိုချင်တယ်ဆိုရင်တော့ ကြိုတင်ပြီး လာပြောထားရပါမယ်” လို့ ရွှေတိဂုံဘုရား အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။ ဒါကြောင့် လိုအပ်တဲ့သူတွေ ရှိရင်လည်း လက်ဆင့်ကမ်းဝေမျှပေးလိုက်ကြပါဦးနော်။
Source; mmtimes.com
Photo credit from Myanmar Times