“ကလေးပေးချင်လို့ပါ”ဆိုတဲ့စကားသံတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့အကြောင်းပြောလာတဲ့ခိုင်နှင်းဝေ
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်မှာ ထူးချွန်ကျော်ကြားရုံတင်မက သူမရဲ့ လှူဒါန်းမှုတွေကြောင့်လည်း ပရိသတ်တွေကြားမှာ လူသိများသူတစ်ေ်ယာက်ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊အနုပညာအသိုင်းအဝိုင်းက ချို့တဲ့သူတွေကိုသာမက မိဘမဲ ကလေးတွေကိုပါ စောင့်ရှောက်ပေးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
khine hnin wai facebook
သူမကတော့ ပြီးခဲ့ရက်ပိုင်းက သူမရဲ့ “ကလေးပေးချင်လို့ပါ” ဆိုတဲ့ စကားသံတွေကို နေ့စဉ်နဲ့အမျှကြားနေရတဲ့အကြောင်းကို ပြောပြလာတာဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ကလေးတွေ အားလုံးကို စောင့်ရှောက်ပေးချင်ပေမဲ့ နေရာကျဉ်းတာကြောင့် အခက်ခဲဆုံး ကလေးတွေကို စောင့်ရှောက်ပေးဖြစ်တဲအကြောင်းကိုလည်း ရေးသားထားပါတယ်။
khine hin wai facebook
khine hin wai facebook
ခိုင်နှင်းဝေကတော့ သူမငြင်းလိုက်ရတဲ့ ကလေးတွေ ဒုက္ခရောက်သွားမှာကိုလည်း စိုးရိမ်နေပါသေးတယ်တဲ့။ လက်ရှိမှာတော့ ငါးရက်အတွင်းမှာပဲ သမီး၃ယောက်နဲ့သား၁ယောက်ကို မွေးစားလိုက်ပြီဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရိသတ်တွေပေးတဲ့ ပရဟိတမင်းသမီး ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တဲ့သူတစ်ယောက်ပါပဲနော်။
khine hin wai facebook
Source: Khine Hnin Wai
Credit \\ original